BRI တွင်ပါဝင်သော နိုင်ငံများ နှင့် အာဆီယံနိုင်ငံများ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန် တရုတ်သည် အဓိကနိုင်ငံအဖြစ်ရှိနေဟု နစကဝန်ကြီးဆို

 1056

ယွန်း (NP News) - စက်တင်ဘာ ၁၈

BRI တွင်ပါဝင်သော နိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှု တိုးတက်စေရေးတွင် တရုတ်နိုင်ငံသည် အဓိကအခန်းကဏ္ဍအဖြစ်ရှိနေကြောင်း နစကဝန်ကြီးမှ အသိပေးပြောကြားထားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စက်တင်ဘာလ(၁၅)ရက်တွင် တရုတ်နိုင်ငံ၊ နန်နင်းမြို့၌ကျင်းပသည့် ခေတ်သစ်ပိုးလမ်းမကြီးဖောက်လုပ်မှု(Belt and Road Initiative - BRI)တွင် ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့် ပို့ကုန်အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်မှု ညီလာခံတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ခေတ်သစ်ပိုးလမ်းကြီးဖော်ဆောင်မှုတွင် တရုတ်နိုင်ငံအနေဖြင့် အခြေခံအဆောက်အဦးဆိုင်ရာစီမံကိန်းများတွင် စဥ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုများ ထည့်ဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် တရုတ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင်ပါဝင်သော နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရေးအတွက် အဓိကအခန်းကဏ္ဍအဖြစ်ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့ပြင် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ပါဝင်သော အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုန်သွယ်မှုများတွင် နည်းပညာအသစ်များအသုံးပြုခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ချက်များ ရိုးရှင်းလွယ်ကူစေရေး၊ တစ်သမတ်တည်းဖြစ်စေရေးနှင့် လုပ်ထုံးလုပ်နည်းနှင့် အခြားအုပ်ချုပ်မှု အတားအဆီးများကို ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်ရန် ၎င်းက ဆက်လက်ပြောကြားထားသည်။

အဆိုပါညီလာခံအပြီးတွင် Terms of Reference for Institutional cooperation in Import and Export Food Safety for the Countries of the Belt and Road Initative – TOR ကို တက်ရောက်လာကြသည့် BRI အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်များက ပါဝင်လက်မှတ်ရေးထိုးကြပြီး ပူးတွဲကြေညာချက် (Joint Statement) ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သဘာဝမှဖမ်းဆီးရရှိသည့် ရေထွက်ကုန်ပစ္စည်းများနှင့် မွေးမြူရေးရေထွက်ကုန်ပစ္စည်းတင်ပို့ရေး၊ အပင်ပိုးမွှားရောဂါကင်းရှင်းရေးဆိုင်ရာ လိုအပ် ချက် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း နစကမှ အသိပေးထားသည်။

zawgyi version
BRI တြင္ပါဝင္ေသာ ႏိုင္ငံမ်ား ႏွင့္ အာဆီယံႏိုင္ငံမ်ား၏ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ တိုးတက္ေစရန္ တ႐ုတ္သည္ အဓိကႏိုင္ငံအျဖစ္ရွိေနဟု နစကဝန္ႀကီးဆို
ယြန္း (NP News) - စက္တင္ဘာ ၁၈

BRI တြင္ပါဝင္ေသာ ႏိုင္ငံမ်ားႏွင့္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံ မႈ တိုးတက္ေစေရးတြင္ တ႐ုတ္ႏိုင္ငံသည္ အဓိကအခန္းက႑အျဖစ္ရွိေနေၾကာင္း နစကဝန္ႀကီးမွ အသိေပးေျပာၾကားထားသည္။

စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္က စက္တင္ဘာလ(၁၅)ရက္တြင္ တ႐ုတ္ႏိုင္ငံ၊ နန္နင္းၿမိဳ႕၌က်င္းပသည့္ ေခတ္သစ္ပိုးလမ္းမႀကီးေဖာက္လုပ္မႈ(Belt and Road Initiative - BRI)တြင္ ပါဝင္သည့္ ႏိုင္ငံမ်ားအတြက္ သြင္းကုန္ႏွင့္ ပို႔ကုန္အစားအစာေဘးအႏၲရာယ္ကင္းရွင္းေရးဆိုင္ရာ အဖြဲ႕အစည္းမ်ားပူးေပါင္းေဆာင္႐ြက္မႈ ညီလာခံတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ေခတ္သစ္ပိုးလမ္းႀကီးေဖာ္ေဆာင္မႈတြင္ တ႐ုတ္ႏိုင္ငံအေနျဖင့္ အေျခခံအေဆာက္အဦးဆိုင္ရာစီမံကိန္းမ်ားတြင္ စဥ္ဆက္မျပတ္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ထည့္ဝင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ တ႐ုတ္ႏိုင္ငံသည္ ေခတ္သစ္ပိုးလမ္းမႀကီး ေဖာ္ေဆာင္မႈတြင္ပါဝင္ေသာ ႏိုင္ငံမ်ား၊ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ကုန္သြယ္မႈႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈ တိုးတက္လာေစေရးအတြက္ အဓိကအခန္းက႑အျဖစ္ရွိေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

ထို႔ျပင္ ေခတ္သစ္ပိုးလမ္းမႀကီး ေဖာ္ေဆာင္မႈတြင္ ပါဝင္ေသာ အဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ ကုန္သြယ္မႈမ်ားတြင္ နည္းပညာအသစ္မ်ားအသုံးျပဳျခင္း၊ စံခ်ိန္စံၫႊန္းသတ္မွတ္ခ်က္မ်ား ႐ိုးရွင္းလြယ္ကူေစေရး၊ တစ္သမတ္တည္းျဖစ္ေစေရးႏွင့္ လုပ္ထုံးလုပ္နည္းႏွင့္ အျခားအုပ္ခ်ဳပ္မႈ အတားအဆီးမ်ားကို ေျဖရွင္းရာတြင္ ပူးေပါင္းေဆာင္႐ြက္ရန္ ၎က ဆက္လက္ေျပာၾကားထားသည္။

အဆိုပါညီလာခံအၿပီးတြင္ Terms of Reference for Institutional cooperation in Import and Export Food Safety for the Countries of the Belt and Road Initative – TOR ကို တက္ေရာက္လာၾကသည့္ BRI အဖြဲ႕ဝင္ႏိုင္ငံ ကိုယ္စားလွယ္မ်ားက ပါဝင္လက္မွတ္ေရးထိုးၾကၿပီး ပူးတြဲေၾကညာခ်က္ (Joint Statement) ကို ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံမွ တ႐ုတ္ႏိုင္ငံသို႔ သဘာဝမွဖမ္းဆီးရရွိသည့္ ေရထြက္ကုန္ပစၥည္းမ်ားႏွင့္ ေမြးျမဴေရးေရထြက္ကုန္ပစၥည္းတင္ပို႔ေရး၊ အပင္ပိုးမႊားေရာဂါကင္းရွင္းေရးဆိုင္ရာ လိုအပ္ ခ်က္ သေဘာတူစာခ်ဳပ္မ်ား ခ်ဳပ္ဆိုခဲ့ေၾကာင္း နစကမွ အသိေပးထားသည္။

Related news

© 2021. All rights reserved.