ရန်ကုန်သီလဝါ (SEZ) မှ မြ၀တီ အသွား/အပြန် ကုန်စည်ပို့ဆောင်မှုတွင် E-Lock စနစ်ကို စတင်အသုံးပြုမည်
886
Pearl (NP News) - စက်တင်ဘာ ၂၀
ကုန်သေတ္တာ (Container)/ အလုံပိတ်ယာဉ်(Box Truck)များဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် စောင့်ကြည့်စစ်ဆေးသည့်စနစ် Logistic Surveillance (E-Lock) လုပ်ငန်းအား စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ သတင်းအချက်အလက်များအရသိရသည်။
အဆိုပါ(E-Lock) လုပ်ငန်းစတင်ခြင်း အခမ်းအနားအား ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်)၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်၌ ကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် E-Lock စနစ် အသုံးပြုခြင်းဖြင့် သယ်မှုပို့ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီစောင့်ကြည့်နိုင်ခြင်း၊ ခရီးစဉ်လမ်းကြောင်းကိုအချိန်မရွေးပြန်လည်ကြည့်ရှုနိုင်ခြင်း၊ ခရီးစဉ်အရေအတွက်နှင့် ကုန်သွယ်မှုလမ်း ကြောင်း ကြာမြင့်ချိန်သိရှိနိုင်ပြီး Trade Data စနစ်တကျဖြင့် လုံခြုံစွာသိမ်းဆည်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ E-Lock ခတ်နှိပ်ထားခြင်းဖြင့် တရားဝင်ကုန်သွယ်မှုဖြစ်ကြောင်း လွယ်ကူစွာသိရှိနိုင်သဖြင့် တရားမဝင်ကုန်သွယ်မှုကို တားဆီးထိန်းချုပ်နိုင်ပြီး နိုင်ငံတော်မှ ရသင့်ရထိုက်သည့်အခွန်အခများ အပြည့်အဝရရှိစေနိုင်မည် ဖြစ် ကြောင်း သိရသည်။
ထို့ပြင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် ကုန်စည်သယ်ယူပို့ဆောင်မှု ပိုမိုမြန်ဆန်ခြင်း၊ လမ်းကြောင်းတစ်လျှောက် ဖွင့်ဖောက်စစ်ဆေးမှုမရှိခြင်းကြောင့် အချိန်ကုန်သက်သာခြင်း နှင့် ကုန်တင်ယာဉ်တည်နေရာကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ပြီး ရောက်ရှိမည့်အချိန်ကို သိရှိနိုင်ခြင်း၊ ခရီးစဉ်အတွင်း ကုန်ပစ္စည်းများပျောက်ဆုံးမှု မရှိနိုင်ခြင်း၊ ကုန်ပစ္စည်းအလေ အလွင့်နည်းပါးခြင်းနှင့် ကုန်ကျစရိတ်များသက်သာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ E-Lockစနစ်ကို Phase 1 အနေဖြင့် ရန်ကုန်သီလဝါ (SEZ) မှ မြ၀တီ အသွား/အပြန် ကုန်စည်ပို့ဆောင်မှုကို စတင်ဆောင်ရွက်မည်ဖြစ်ပြီး Phase 1 အောင်မြင်ပါက Phase 2 အနေဖြင့် ရန်ကုန် -မြ၀တီ ၊ မန္တလေး-မူဆယ် ၊ ရန်ကုန်-မန္တလေး (အသွား/ အပြန်)တို့၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံအတွင်း E-Lock စနစ် အောင်မြင်စွာဆောင်ရွက်နိုင်ပါက မကြာမီအကောင်အထည်ဖော် ဆောင်ရွက်မည့် (ASEAN CUSTOMSTRANSIT) အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း နိုင်ငံဖြတ်ကျော်၍ ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှုလုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ(၂၇)ရက်တွင် နစကဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကွန်တိန်များ နှင့် အလုံပိတ်ယာဥ်များ၏ ကုန်စည်ပို့ဆောင်မှုကို စောင့်ကြည့်စစ်ဆေးသည့် E-Lock စနစ်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန် တိုက်တွန်းပြောကြားခဲ့ဖူးသည်။
zawgyi version
ရန္ကုန္သီလဝါ (SEZ) မွ ျမ၀တီ အသြား/အျပန္ ကုန္စည္ပို႔ေဆာင္မႈတြင္ E-Lock စနစ္ကို စတင္အသုံးျပဳမည္
Pearl (NP News) - စက္တင္ဘာ ၂၀
ကုန္ေသတၱာ (Container)/ အလုံပိတ္ယာဥ္(Box Truck)မ်ားျဖင့္ ကုန္ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ရာတြင္ ေစာင့္ၾကည့္စစ္ေဆးသည့္စနစ္ Logistic Surveillance (E-Lock) လုပ္ငန္းအား စတင္ဖြင့္လွစ္လိုက္ၿပီျဖစ္ေၾကာင္း အေကာက္ခြန္ဦးစီးဌာန၏ သတင္းအခ်က္အလက္မ်ားအရသိရသည္။
အဆိုပါ(E-Lock) လုပ္ငန္းစတင္ျခင္း အခမ္းအနားအား ယမန္ေန႔ (စက္တင္ဘာလ ၁၉ ရက္)၊ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ သီလဝါအထူးစီးပြားေရးဇုန္၌ က်င္းပခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အေနျဖင့္ E-Lock စနစ္ အသုံးျပဳျခင္းျဖင့္ သယ္မႈပို႔ေဆာင္မႈမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီေစာင့္ၾကည့္ႏိုင္ျခင္း၊ ခရီးစဥ္လမ္းေၾကာင္းကိုအခ်ိန္မေ႐ြးျပန္လည္ၾကည့္ရႈႏိုင္ျခင္း၊ ခရီးစဥ္အေရအတြက္ႏွင့္ ကုန္သြယ္မႈလမ္း ေၾကာင္း ၾကာျမင့္ခ်ိန္သိရွိႏိုင္ၿပီး Trade Data စနစ္တက်ျဖင့္ လုံၿခဳံစြာသိမ္းဆည္းႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ E-Lock ခတ္ႏွိပ္ထားျခင္းျဖင့္ တရားဝင္ကုန္သြယ္မႈျဖစ္ေၾကာင္း လြယ္ကူစြာသိရွိႏိုင္သျဖင့္ တရားမဝင္ကုန္သြယ္မႈကို တားဆီးထိန္းခ်ဳပ္ႏိုင္ၿပီး ႏိုင္ငံေတာ္မွ ရသင့္ရထိုက္သည့္အခြန္အခမ်ား အျပည့္အဝရရွိေစႏိုင္မည္ ျဖစ္ ေၾကာင္း သိရသည္။
ထို႔ျပင္ ပုဂၢလိကက႑အေနျဖင့္ ကုန္စည္သယ္ယူပို႔ေဆာင္မႈ ပိုမိုျမန္ဆန္ျခင္း၊ လမ္းေၾကာင္းတစ္ေလွ်ာက္ ဖြင့္ေဖာက္စစ္ေဆးမႈမရွိျခင္းေၾကာင့္ အခ်ိန္ကုန္သက္သာျခင္း ႏွင့္ ကုန္တင္ယာဥ္တည္ေနရာကို အခ်ိန္ႏွင့္တစ္ေျပးညီ သိရွိႏိုင္ၿပီး ေရာက္ရွိမည့္အခ်ိန္ကို သိရွိႏိုင္ျခင္း၊ ခရီးစဥ္အတြင္း ကုန္ပစၥည္းမ်ားေပ်ာက္ဆုံးမႈ မရွိႏိုင္ျခင္း၊ ကုန္ပစၥည္းအေလ အလြင့္နည္းပါးျခင္းႏွင့္ ကုန္က်စရိတ္မ်ားသက္သာမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ E-Lockစနစ္ကို Phase 1 အေနျဖင့္ ရန္ကုန္သီလဝါ (SEZ) မွ ျမ၀တီ အသြား/အျပန္ ကုန္စည္ပို႔ေဆာင္မႈကို စတင္ေဆာင္႐ြက္မည္ျဖစ္ၿပီး Phase 1 ေအာင္ျမင္ပါက Phase 2 အေနျဖင့္ ရန္ကုန္ -ျမ၀တီ ၊ မႏၲေလး-မူဆယ္ ၊ ရန္ကုန္-မႏၲေလး (အသြား/ အျပန္)တို႔၌ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ႏိုင္ငံအတြင္း E-Lock စနစ္ ေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္ပါက မၾကာမီအေကာင္အထည္ေဖာ္ ေဆာင္႐ြက္မည့္ (ASEAN CUSTOMSTRANSIT) အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအတြင္း ႏိုင္ငံျဖတ္ေက်ာ္၍ ကုန္စည္မ်ား ျဖတ္သန္းသယ္ေဆာင္မႈလုပ္ငန္းစဥ္မ်ားကို အေထာက္အကူျပဳႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ဇူလိုင္လ(၂၇)ရက္တြင္ နစကဒုဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ကြန္တိန္မ်ား ႏွင့္ အလုံပိတ္ယာဥ္မ်ား၏ ကုန္စည္ပို႔ေဆာင္မႈကို ေစာင့္ၾကည့္စစ္ေဆးသည့္ E-Lock စနစ္ကို အျမန္ဆုံးအေကာင္အထည္ေဖာ္ရန္ တိုက္တြန္းေျပာၾကားခဲ့ဖူးသည္။