ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် ဆိုင်ကယ်နှင့်ကား ယာဥ်တိုက်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

 677

သန့်ဇင်(NP News) - စက်တင်ဘာ ၂၃

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်ရှိ ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် ဆိုင်ကယ်မှကားအားဝင်တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(စက်တင်ဘာလ ၂၃ရက်)၊ နံနက် ၈နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ်၊ ခုနှစ်ရွာကျေးရွာအနီး၊ ရန်ကုန်-ပြည် ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း ကြို့ပင်ကောက်မြို့နာရေးကူညီမှုအသင်းထံမှသိရသည်။

“ရန်ကုန်ဘက်ကလာတဲ့ တက္ကစီနဲ့ လမ်းပေါ်ကိုဖြတ်တက်လာတဲ့ဆိုင်ကယ်တို့ တိုက်မိတာပါ။ ဆိုင်ကယ်သမားကလဲ ပြည်ဘက်ကိုသွားဖို့ အထွက်မှာဖြစ်တာပါ။ ဆိုင်ကယ်မောင်းတဲ့လူက အခင်းဖြစ်တဲ့နေရာမှာပဲဆုံးသွားတာပါ”ဟု ကြို့ပင်ကောက်နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ခုနှစ်ရွာကျေးရွာတွင်နေထိုင်သည့် အသက်(၃၈)နှစ်အရွယ် ဆိုင်ကယ်မောင်းနှင်သူအမျိုးသားသည် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် သေဆုံးသူအမျိုးသားအား ကြို့ပင်ကောက်နာရေးကူညီမှုအသင်းမှ ကြို့ပင်ကောက်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္-ျပည္ကားလမ္းေပၚတြင္ ဆိုင္ကယ္ႏွင့္ကား ယာဥ္တိုက္မႈျဖစ္ပြားရာ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီး ေသဆုံး

သန႔္ဇင္(NP News) - စက္တင္ဘာ ၂၃

ပဲခူးတိုင္း၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ရွိ ရန္ကုန္-ျပည္ကားလမ္းေပၚတြင္ ဆိုင္ကယ္မွကားအားဝင္တိုက္မိမႈေၾကာင့္ ဆိုင္ကယ္ေမာင္းႏွင္သူ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈသည္ ယေန႔(စက္တင္ဘာလ ၂၃ရက္)၊ နံနက္ ၈နာရီအခ်ိန္တြင္ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္၊ ခုႏွစ္႐ြာေက်း႐ြာအနီး၊ ရန္ကုန္-ျပည္ ကားလမ္းေပၚတြင္ ျဖစ္ပြားခဲ့ေၾကာင္း ႀကိဳ႕ပင္ေကာက္ၿမိဳ႕နာေရးကူညီမႈအသင္းထံမွသိရသည္။

“ရန္ကုန္ဘက္ကလာတဲ့ တကၠစီနဲ႔ လမ္းေပၚကိုျဖတ္တက္လာတဲ့ဆိုင္ကယ္တို႔ တိုက္မိတာပါ။ ဆိုင္ကယ္သမားကလဲ ျပည္ဘက္ကိုသြားဖို႔ အထြက္မွာျဖစ္တာပါ။ ဆိုင္ကယ္ေမာင္းတဲ့လူက အခင္းျဖစ္တဲ့ေနရာမွာပဲဆုံးသြားတာပါ”ဟု ႀကိဳ႕ပင္ေကာက္နာေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ ခုႏွစ္႐ြာေက်း႐ြာတြင္ေနထိုင္သည့္ အသက္(၃၈)ႏွစ္အ႐ြယ္ ဆိုင္ကယ္ေမာင္းႏွင္သူအမ်ိဳးသားသည္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေသဆုံးသူအမ်ိဳးသားအား ႀကိဳ႕ပင္ေကာက္နာေရးကူညီမႈအသင္းမွ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.