တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ(GSI)ကို ထောက်ခံကြိုဆိုကြောင်း မြန်မာနိုင်ငံရဲချုပ်ပြော

740
မျိုးကြီး (NP News) - စက်တင်ဘာ ၂၅
ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ(GSI)ကို ထောက်ခံကြိုဆိုကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ပြောသည်။

ရဲချုပ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တရုတ်နိုင်ငံ၊ Jiangsu ပြည်နယ်၊ Lianyungang မြို့၌ ကျင်းပသည့် ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ (၂၀၂၃)တွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ(GSI)ပါ ကတိကဝတ်များသည် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရေးမူဝါဒတွင် အစဉ်တစ်စိုက် လိုက်နာကျင့်သုံးခဲ့သော အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားလိုက်နာရေး၊ ပြည်တွင်းရေးကိစ္စရပ်များ၌ ဝင်ရောက်မစွက်ဖက်ရေးတို့ပါဝင်သည့်အတွက် ထောက်ခံကြိုဆိုကြောင်း ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ပြောသည်။
အဆိုပါညီလာခံသို့ တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင် နှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး Mr. Wang Xiaohong တက်ရောက်ခဲ့သည့်အပြင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၃၀) ကျော်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းညီလာခံသို့ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၊ လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးစင်တာ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အပါအဝင် ဒေသတွင်း နှင့် နိုင်ငံတကာအဖွဲ့အစည်းများ စုစုပေါင်း (၅၀)ကျော်က တက်ရောက်ခဲ့ကြောင်း သိရသည်။
နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း တရုတ်၏ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံအပေါ် ထောက်ခံကြိုဆိုကြောင်းနှင့် ပူးပေါင်းဖော်ဆောင်ရန်ဆန္ဒရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ဖူးသည်။
ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ(GSI)ကို တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်က ၂၀၂၂ ခုနှစ်အတွင်း အဆိုပြုခဲ့ပြီးနောက် GSI ၏ သဘောတရားစာတမ်းကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
GSI သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် ချမှတ်ထားသည့် အစီအမံတစ်ရပ်ဖြစ်ကြောင်း သိရသည်။

zawgyi version
တ႐ုတ္ႏိုင္ငံ၏ ကမာၻလုံးဆိုင္ရာလုံၿခဳံေရးအစီအမံ(GSI)ကို ေထာက္ခံႀကိဳဆိုေၾကာင္း ျမန္မာႏိုင္ငံရဲခ်ဳပ္ေျပာ
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၅
ကမာၻလုံးဆိုင္ရာလုံၿခဳံေရးအစီအမံ(GSI)ကို ေထာက္ခံႀကိဳဆိုေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ရဲခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး နီလင္းေအာင္က ေျပာသည္။
ရဲခ်ဳပ္က ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း တ႐ုတ္ႏိုင္ငံ၊ Jiangsu ျပည္နယ္၊ Lianyungang ၿမိဳ႕၌ က်င္းပသည့္ ဒုတိယအႀကိမ္ ကမာၻလုံးဆိုင္ရာလုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈညီလာခံ (၂၀၂၃)တြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ကမာၻလုံးဆိုင္ရာလုံၿခဳံေရးအစီအမံ(GSI)ပါ ကတိကဝတ္မ်ားသည္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံျခား ေရးမူဝါဒတြင္ အစဥ္တစ္စိုက္ လိုက္နာက်င့္သုံးခဲ့ေသာ အခ်ဳပ္အျခာအာဏာႏွင့္ နယ္ေျမတည္တံ့ခိုင္ၿမဲမႈကို ေလးစားလိုက္နာေရး၊ ျပည္တြင္းေရးကိစၥရပ္မ်ား၌ ဝင္ေရာက္မစြက္ဖက္ေရးတို႔ပါဝင္သည့္အတြက္ ေထာက္ခံႀကိဳဆိုေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီး နီလင္းေအာင္က ေျပာသည္။
အဆိုပါညီလာခံသို႔ တ႐ုတ္ႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီဝင္ ႏွင့္ ျပည္သူ႔လုံၿခဳံေရးဆိုင္ရာဝန္ႀကီး Mr. Wang Xiaohong တက္ေရာက္ခဲ့သည့္အျပင္ ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံေပါင္း (၃၀) ေက်ာ္မွတာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ယင္းညီလာခံသို႔ အျပည္ျပည္ဆိုင္ရာရဲအဖြဲ႕၊ လန္ခ်န္း-မဲေခါင္တရားဥပေဒစိုးမိုးေရးဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးစင္တာ၊ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕အပါအဝင္ ေဒသတြင္း ႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား စုစုေပါင္း (၅၀)ေက်ာ္က တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
နစက၏ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသည္ ၿပီးခဲ့သည့္ ဧၿပီလအတြင္းကလည္း တ႐ုတ္၏ ကမာၻလုံးဆိုင္ရာလုံၿခဳံေရးအစီအမံအေပၚ ေထာက္ခံႀကိဳဆိုေၾကာင္းႏွင့္ ပူးေပါင္းေဖာ္ေဆာင္ရန္ဆႏၵရွိေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ဖူးသည္။
ကမာၻလုံးဆိုင္ရာလုံၿခဳံေရးအစီအမံ(GSI)ကို တ႐ုတ္သမၼတ မစၥတာရွီက်င့္ဖ်င္က ၂၀၂၂ ခုႏွစ္အတြင္း အဆိုျပဳခဲ့ၿပီးေနာက္ GSI ၏ သေဘာတရားစာတမ္းကို ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။
GSI သည္ ကမာၻ႔ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးကို ထိန္းသိမ္းရန္အတြက္ ခ်မွတ္ထားသည့္ အစီအမံတစ္ရပ္ျဖစ္ေၾကာင္း သိရသည္။