စင်ကာပူမှာ Taobao နဲ့ အခြား E- Commerce ပလက်ဖောင်းတွေမှ Brand အတုတွေ ဝယ်ယူပြီး လှည့်လည်ရောင်းချခဲ့တဲ့အမျိုးသမီး ထောင်ဒဏ်ချမှတ်ခံရ

1463

ရောင်နီ (NP News) - စက်တင်ဘာ ၃ဝ
စင်ကာပူနိုင်ငံမှာ Taobao နဲ့ အခြား e-commerce ပလပ်ဖောင်းတွေမှ Brand အတုတွေဝယ်ယူပြီး နေရာအနှံ့လှည့်လည်ရောင်းချနေတဲ့ အမျိုးသမီးတစ်ဦး သောကြာနေ့ (စက်တင်ဘာ ၂၉) မှာ ထောင်ဒဏ် သီတင်းခြောက်ပတ် ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံသူ ဟူးရက်ကိတ်ဘင့် (အသက် ၄၁ နှစ်) ဟာ ကုန်သွယ်မှု အမှတ်အသားအက်ဥပဒေအရ ကုန်ပစ္စည်းအတုတွေ ရောင်းချခြင်းအတွက် စွဲချက်နှစ်ခုနဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ ဘင့် ဟာ သူမရဲ့စင်္ကာပူနိုင်ငံသား ခင်ပွန်းနဲ့အတူ နေထိုင်ပြီး ၂ဝ၂၂ ခုနှစ် မေလမှာ လှည့်လည်သွားလာလို့ရတဲ့ ယာယီဆိုင်လေးနဲ့ Adidas၊ Nike၊ Puma၊ Under Armour၊ Guess၊ Levi's၊ Champion၊ Chanel ၊Tommy Hilfiger စတဲ့အဝတ်အစား brand အတုတွေ စတင်ရောင်းချခဲ့ကြောင်း တရားရုံးက ကြားနာခဲ့ပါတယ်။
Taobao နဲ့ QQ လို e-commerce ပလပ်ဖောင်းတွေမှ Brand အတု ကုန်ပစ္စည်းတွေကို ရှာဖွေဝယ်ယူပြီး လိမ်လည်ကာ ရောင်းချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူမဟာ တရုတ်နဲ့ ဗီယက်နမ်အခြေစိုက် ပစ္စည်းသွင်းသူတွေဆီက ကုန်ပစ္စည်းတွေကို ဝယ်ယူပြီး စင်ကာပူမှာ ရောင်းချခဲ့တာဖြစ်ပါတယ်။
ဘင့် ရောင်းချတဲ့ဆိုင်နေရာဟာလည်း အတည်အကျသတ်မှတ်ထားတာမရှိဘဲ လှည့်လည်ရောင်းချခြင်းပဲဖြစ်ပါတယ်။
သူမဟာ သီတင်းတစ်ပတ်ကို စင်ကာပူဒေါ်လာ ၆ဝဝ နှုန်းနဲ့ ရွှေ့ပြောင်းနိုင်တဲ့တွန်းလှည်းတစ်လုံးငှားရမ်းပြီး လှည့်လည်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ဝင်ငွေဟာ တစ်ပတ်ကို စင်ကာပူဒေါ်လာ ၁၆ဝဝ ရှိပြီး အသားတင်အမြတ်ငွေတင်ပဲ စင်ကာပူဒေါ်လာ ၆ဝဝ ရှိတယ်လို့ သိရပါတယ်။
၎င်းကို ယခုနှစ် မေလ ၁၉ ရက် နံနက်ပိုင်းက မှုခင်းစုံစမ်းစစ်ဆေးရေးဦးစီးဌာန ပစ္စည်းမူပိုင်ခွင့်ဌာနခွဲမှ အရာရှိအဖွဲ့က စစ်ဆင်ရေးပြုလုပ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ Brand အတု ကုန်ပစ္စည်းတွေ လက်ဝယ်ထားရှိမှုနဲ့ စွဲချက်တစ်ခုစီအတွက် ဘင့်ဟာ ပစ္စည်းအရေအတွက်ပေါ်မူတည်ပြီး စင်ကာပူဒေါ်လာ ၁ဝဝဝဝဝ (သို့မဟုတ်) ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

Zawgyi Version;
စင္ကာပူမွာ Taobao နဲ႔ အျခား E- Commerce ပလက္ေဖာင္းေတြမွ Brand အတုေတြ ဝယ္ယူၿပီး
လွည့္လည္ေရာင္းခ်ခဲ့တဲ့အမ်ိဳးသမီး ေထာင္ဒဏ္ခ်မွတ္ခံရ
ေရာင္နီ (NP News) - စက္တင္ဘာ ၃ဝ
စင္ကာပူႏိုင္ငံမွာ Taobao နဲ႔ အျခား e-commerce ပလပ္ေဖာင္းေတြမွ Brand အတုေတြဝယ္ယူၿပီး ေနရာအႏွံ႔လွည့္လည္ေရာင္းခ်ေနတဲ့ အမ်ိဳးသမီးတစ္ဦး ေသာၾကာေန႔ (စက္တင္ဘာ ၂၉) မွာ ေထာင္ဒဏ္ သီတင္းေျခာက္ပတ္ ခ်မွတ္ခံခဲ့ရတယ္လို႔ သိရပါတယ္။
ဗီယက္နမ္ႏိုင္ငံသူ ဟူးရက္ကိတ္ဘင့္ (အသက္ ၄၁ ႏွစ္) ဟာ ကုန္သြယ္မႈ အမွတ္အသားအက္ဥပေဒအရ ကုန္ပစၥည္းအတုေတြ ေရာင္းခ်ျခင္းအတြက္ စြဲခ်က္ႏွစ္ခုနဲ႔ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ပါတယ္။ ဘင့္ ဟာ သူမရဲ႕စကၤာပူႏိုင္ငံသား ခင္ပြန္းနဲ႔အတူ ေနထိုင္ၿပီး ၂ဝ၂၂ ခုႏွစ္ ေမလမွာ လွည့္လည္သြားလာလို႔ရတဲ့ ယာယီဆိုင္ေလးနဲ႔ Adidas၊ Nike၊ Puma၊ Under Armour၊ Guess၊ Levi's၊ Champion၊ Chanel ၊Tommy Hilfiger စတဲ့အဝတ္အစား brand အတုေတြ စတင္ေရာင္းခ်ခဲ့ေၾကာင္း တရား႐ုံးက ၾကားနာခဲ့ပါတယ္။
Taobao နဲ႔ QQ လို e-commerce ပလပ္ေဖာင္းေတြမွ Brand အတု ကုန္ပစၥည္းေတြကို ရွာေဖြဝယ္ယူၿပီး လိမ္လည္ကာ ေရာင္းခ်ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ သူမဟာ တ႐ုတ္နဲ႔ ဗီယက္နမ္အေျခစိုက္ ပစၥည္းသြင္းသူေတြဆီက ကုန္ပစၥည္းေတြကို ဝယ္ယူၿပီး စင္ကာပူမွာ ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။
ဘင့္ ေရာင္းခ်တဲ့ဆိုင္ေနရာဟာလည္း အတည္အက်သတ္မွတ္ထားတာမရွိဘဲ လွည့္လည္ေရာင္းခ်ျခင္းပဲျဖစ္ပါတယ္။
သူမဟာ သီတင္းတစ္ပတ္ကို စင္ကာပူေဒၚလာ ၆ဝဝ ႏႈန္းနဲ႔ ေ႐ႊ႕ေျပာင္းႏိုင္တဲ့တြန္းလွည္းတစ္လုံးငွားရမ္းၿပီး လွည့္လည္ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။ သူမရဲ႕ဝင္ေငြဟာ တစ္ပတ္ကို စင္ကာပူေဒၚလာ ၁၆ဝဝ ရွိၿပီး အသားတင္အျမတ္ေငြတင္ပဲ စင္ကာပူေဒၚလာ ၆ဝဝ ရွိတယ္လို႔ သိရပါတယ္။
၎ကို ယခုႏွစ္ ေမလ ၁၉ ရက္ နံနက္ပိုင္းက မႈခင္းစုံစမ္းစစ္ေဆးေရးဦးစီးဌာန ပစၥည္းမူပိုင္ခြင့္ဌာနခြဲမွ အရာရွိအဖြဲ႕က စစ္ဆင္ေရးျပဳလုပ္ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ Brand အတု ကုန္ပစၥည္းေတြ လက္ဝယ္ထားရွိမႈနဲ႔ စြဲခ်က္တစ္ခုစီအတြက္ ဘင့္ဟာ ပစၥည္းအေရအတြက္ေပၚမူတည္ၿပီး စင္ကာပူေဒၚလာ ၁ဝဝဝဝဝ (သို႔မဟုတ္) ေထာင္ဒဏ္ငါးႏွစ္အထိ ခ်မွတ္ခံရႏိုင္ပါတယ္။