ဗြိတိန်နိုင်ငံတွင် LGBT အရေအတွက် နှစ်သန်းနီးပါးရှိနေ

 806

Pika (NP News) - စက်တင်ဘာ ၃ဝ

ဗြိတိန်နိုင်ငံတွင် လိင်တူချစ်သူ (LGBT) ဟု သတ်မှတ်ထားသော လူအရေအတွက်သည် ၂၀၁၇ ခုနှစ် မှ၂၀၂၂ ခုနှစ်အတွင်း (၅၀)ရာခိုင်နှုန်းကျော်တိုးလာခဲ့ကြောင်း အမျိုးသားစာရင်းအင်းရုံး(ONS) ၏ ဒေတာအချက်အလက်များအရ သိရသည်။

ဗြိတိန်နိုင်ငံသား (၁ ဒသမ ၈)သန်း သို့မဟုတ် (၃ ဒသမ ၃)ရာခိုင်နှုန်းသည် LGBT အဖြစ် သတ်မှတ်ခံထားရပြီး ၂၀၁၇ ခုနှစ်က LGBTဟု သတ်မှတ်ခံထားရသော လူအရေအတွက်မှာ (၂ ဒသမ ၁)ရာခိုင်နှုန်းသာရှိကြောင်း (ONS) ကပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံတွင် လိင်တူချစ်သူဟု သတ်မှတ်ခံထားရသူများမှာ လူငယ်များဖြစ်ပြီး အသက်(၁၆)နှစ်မှ(၂၄)နှစ်အတွင်းရှိသော လူ(၁၀)ယောက်တွင် တစ်ဦးမှာ လိင်တူချစ်သူဖြစ်နေကြောင်း (ONS) က ပြောဆိုထားသည်။

အသက်(၁၆)နှစ်မှ (၂၄)နှစ်အတွင်းရှိ အမျိုးသမီးများတွင် (၁၀ ဒသမ ၆)ရာခိုင်နှုန်းမှာ လိင်တူချစ်သူဟုသတ်မှတ်ခံထားရပြီး ၂၀၁၇ ခုနှစ်နှင့်နှိုင်းယှဉ်မည်ဆိုပါက (၅ ဒသမ ၈) ရာခိုင် နှုန်းတိုးလာခဲ့ကြောင်း အဆိုပါစစ်တမ်းအရသိရသည်။ ထို့ပြင် အသက်(၁၆)နှစ်မှ (၂၄)နှစ်အတွင်းရှိ အမျိုးသားများတွင် လိင်တူချစ်သူဟု သတ်မှတ်ခံထားရသူများမှာ (၇ ဒသမ ၈)ရာခိုင်နှုန်းရှိကြောင်းသိရသည်။

ဗြိတိန်နိုင်ငံတွင် ကိုယ့်ကိုယ်ကို လိင်တူချစ်သူမဟုတ်ဟု ခံယူထားသော လူအရေအတွက်မှာ ၂၀၁၇ ခုနှစ်တွင်(၉၅)ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂၀၂၂ခုနှစ်တွင် (၉၃ ဒသမ ၄)ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့ကြောင်း (ONS) က ထုတ်ပြန်သော ဒေတာအချက်အလက်များအရသိရသည်။

zawgyi version
ၿဗိတိန္ႏိုင္ငံတြင္ LGBT အေရအတြက္ ႏွစ္သန္းနီးပါးရွိေန
Pika (NP News) - စက္တင္ဘာ ၃ဝ

ၿဗိတိန္ႏိုင္ငံတြင္ လိင္တူခ်စ္သူ (LGBT) ဟု သတ္မွတ္ထားေသာ လူအေရအတြက္သည္ ၂၀၁၇ ခုႏွစ္ မွ၂၀၂၂ ခုႏွစ္အတြင္း (၅၀)ရာခိုင္ႏႈန္းေက်ာ္တိုးလာခဲ့ေၾကာင္း အမ်ိဳးသားစာရင္းအင္း႐ုံး(ONS) ၏ ေဒတာအခ်က္အလက္မ်ားအရ သိရသည္။

ၿဗိတိန္ႏိုင္ငံသား (၁ ဒသမ ၈)သန္း သို႔မဟုတ္ (၃ ဒသမ ၃)ရာခိုင္ႏႈန္းသည္ LGBT အျဖစ္ သတ္မွတ္ခံထားရၿပီး ၂၀၁၇ ခုႏွစ္က LGBTဟု သတ္မွတ္ခံထားရေသာ လူအေရအတြက္မွာ (၂ ဒသမ ၁)ရာခိုင္ႏႈန္းသာရွိေၾကာင္း (ONS) ကေျပာၾကားခဲ့သည္။ ၿဗိတိန္ႏိုင္ငံတြင္ လိင္တူခ်စ္သူဟု သတ္မွတ္ခံထားရသူမ်ားမွာ လူငယ္မ်ားျဖစ္ၿပီး အသက္(၁၆)ႏွစ္မွ(၂၄)ႏွစ္အတြင္းရွိေသာ လူ(၁၀)ေယာက္တြင္ တစ္ဦးမွာ လိင္တူခ်စ္သူျဖစ္ေနေၾကာင္း (ONS) က ေျပာဆိုထားသည္။

အသက္(၁၆)ႏွစ္မွ (၂၄)ႏွစ္အတြင္းရွိ အမ်ိဳးသမီးမ်ားတြင္ (၁၀ ဒသမ ၆)ရာခိုင္ႏႈန္းမွာ လိင္တူခ်စ္သူဟုသတ္မွတ္ခံထားရၿပီး ၂၀၁၇ ခုႏွစ္ႏွင့္ႏႈိင္းယွဥ္မည္ဆိုပါက (၅ ဒသမ ၈) ရာခိုင္ ႏႈန္းတိုးလာခဲ့ေၾကာင္း အဆိုပါစစ္တမ္းအရသိရသည္။ ထို႔ျပင္ အသက္(၁၆)ႏွစ္မွ (၂၄)ႏွစ္အတြင္းရွိ အမ်ိဳးသားမ်ားတြင္ လိင္တူခ်စ္သူဟု သတ္မွတ္ခံထားရသူမ်ားမွာ (၇ ဒသမ ၈)ရာခိုင္ႏႈန္းရွိေၾကာင္းသိရသည္။

ၿဗိတိန္ႏိုင္ငံတြင္ ကိုယ့္ကိုယ္ကို လိင္တူခ်စ္သူမဟုတ္ဟု ခံယူထားေသာ လူအေရအတြက္မွာ ၂၀၁၇ ခုႏွစ္တြင္(၉၅)ရာခိုင္ႏႈန္းရွိခဲ့ေသာ္လည္း ၂၀၂၂ခုႏွစ္တြင္ (၉၃ ဒသမ ၄)ရာခိုင္ႏႈန္းထိ က်ဆင္းသြားခဲ့ေၾကာင္း (ONS) က ထုတ္ျပန္ေသာ ေဒတာအခ်က္အလက္မ်ားအရသိရသည္။

Related news

© 2021. All rights reserved.