ဗြိတိန်ဆယ်ကျော်သက်တစ်ဦး ရောမမြို့ရဲ့ အထင်ကရနေရာဖြစ်တဲ့ Sycamore Gap မှ ရှေးဟောင်းသစ်ပင်တစ်ပင်ကို ခုတ်လှဲခဲ့ခြင်းကြောင့်အဖမ်းခံခဲ့ရ

 4279

ရောင်နီ (NP News) - အောက်တိုဘာ ၁

ရောမမြို့ရဲ့ အထင်ကရနေရာဖြစ်တဲ့ Hadrian's Wall နံဘေးမှာ နှစ်ပေါင်း ၂၀၀ နီးပါးကြာထိပေါက်ရောက်ရှင်သန်ခဲ့တဲ့ ရှေးဟောင်း နာမည်ကျော် သစ်ပင်တစ်ပင်ကို တမင်သက် သက်ခုတ်လှဲမှုနဲ့ ဗြိတိန်မြောက်ပိုင်းမှာနေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး ဖမ်းဆီးခံလိုက်ရပါတယ်။

ရောမအင်ပါယာရဲ့ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ယူနက်စကိုက သတ်မှတ်ထားတဲ့ Hadrian's Wall ဟာ နှစ်စဉ်လာရောက်လည်ပတ်သူ ထောင်ပေါင်းများစွာရှိပြီး Kevin Costner ရဲ့ ၁၉၉၁ ခုနှစ်ထွက် ဇာတ်ကား Robin Hood: Prince Of Thieves မှာ ပါဝင်ခဲ့တဲ့ အချစ်သင်္ကေတ Sycamore Gap ရဲ့ အဆိုပါ သစ်ပင်ကြီးဟာ ဇာတ်ကားနဲ့အတူ နာမည်ကျော်ခဲ့ပြီး လာရောက်သူအများအပြားဟာ ဓာတ်ပုံရိုက်ကြလေ့ ရှိပါတယ်။

ကြာသပတေးနေ့(စက်တင်ဘာလ ၂၈ ရက်)မှာ အဆိုပါ ခုတ်လှဲမှု ဖြစ်ခဲ့တာဖြစ်ပြီး အခင်း ဖြစ်ပွားရာနေရာမှဓာတ်ပုံတွေအရ အဆိုပါသစ်ပင်ဟာ ၎င်းရဲ့ပင်စည်ခြေရင်းအနီးမှ ခုတ်လှဲခံခဲ့ရပြီး လဲနေခဲ့တာကို တွေ့ရပါတယ်။ Northumbria ရဲတပ်ဖွဲ့က အဆိုပါအမှုကို ကျူးလွန်ခဲ့တဲ့ ဆယ်ကျော်သက်ကို ရာဇဝတ်မှုဆိုင်ရာ ထိခိုက်မှုဖြစ်စေတယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

သူ့ကိုရဲစခန်းမှာ ထိန်းသိမ်းထားပြီး "သစ်ပင်ဟာ ကမ္ဘာကျော် အထင်ကရနေရာတစ်ခုဖြစ်ပြီး ဖျက်ဆီးမှုဟာ ဒေသခံအသိုင်းအဝိုင်းနဲ့ အခြားအနယ်နယ်အရပ်ရပ်မှ ဒါကိုချစ်မြတ်နိုးသူတွေအတွက် တုန်လှုပ်ခြောက်ခြားမှုတွေ ဖြစ်စေခဲ့ပါတယ်”လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

zawgyi version
ၿဗိတိန္ဆယ္ေက်ာ္သက္တစ္ဦး ေရာမၿမိဳ႕ရဲ႕ အထင္ကရေနရာျဖစ္တဲ့ Sycamore Gap မွ ေရွးေဟာင္းသစ္ပင္တစ္ပင္ကို ခုတ္လွဲခဲ့ျခင္းေၾကာင့္အဖမ္းခံခဲ့ရ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁

ေရာမၿမိဳ႕ရဲ႕ အထင္ကရေနရာျဖစ္တဲ့ Hadrian's Wall နံေဘးမွာ ႏွစ္ေပါင္း ၂၀၀ နီးပါးၾကာထိေပါက္ေရာက္ရွင္သန္ခဲ့တဲ့ ေရွးေဟာင္း နာမည္ေက်ာ္ သစ္ပင္တစ္ပင္ကို တမင္သက္ သက္ခုတ္လွဲမႈနဲ႔ ၿဗိတိန္ေျမာက္ပိုင္းမွာေနထိုင္တဲ့ အသက္ ၁၆ ႏွစ္အ႐ြယ္ ဆယ္ေက်ာ္သက္တစ္ဦး ဖမ္းဆီးခံလိုက္ရပါတယ္။

ေရာမအင္ပါယာရဲ႕ကမာၻ႔အေမြအႏွစ္ေနရာအျဖစ္ ယူနက္စကိုက သတ္မွတ္ထားတဲ့ Hadrian's Wall ဟာ ႏွစ္စဥ္လာေရာက္လည္ပတ္သူ ေထာင္ေပါင္းမ်ားစြာရွိၿပီး Kevin Costner ရဲ႕ ၁၉၉၁ ခုႏွစ္ထြက္ ဇာတ္ကား Robin Hood: Prince Of Thieves မွာ ပါဝင္ခဲ့တဲ့ အခ်စ္သေကၤတ Sycamore Gap ရဲ႕ အဆိုပါ သစ္ပင္ႀကီးဟာ ဇာတ္ကားနဲ႔အတူ နာမည္ေက်ာ္ခဲ့ၿပီး လာေရာက္သူအမ်ားအျပားဟာ ဓာတ္ပုံ႐ိုက္ၾကေလ့ ရွိပါတယ္။

ၾကာသပေတးေန႔(စက္တင္ဘာလ ၂၈ ရက္)မွာ အဆိုပါ ခုတ္လွဲမႈ ျဖစ္ခဲ့တာျဖစ္ၿပီး အခင္း ျဖစ္ပြားရာေနရာမွဓာတ္ပုံေတြအရ အဆိုပါသစ္ပင္ဟာ ၎ရဲ႕ပင္စည္ေျခရင္းအနီးမွ ခုတ္လွဲခံခဲ့ရၿပီး လဲေနခဲ့တာကို ေတြ႕ရပါတယ္။ Northumbria ရဲတပ္ဖြဲ႕က အဆိုပါအမႈကို က်ဴးလြန္ခဲ့တဲ့ ဆယ္ေက်ာ္သက္ကို ရာဇဝတ္မႈဆိုင္ရာ ထိခိုက္မႈျဖစ္ေစတယ္ဆိုတဲ့ စြဲခ်က္နဲ႔ ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။

သူ႔ကိုရဲစခန္းမွာ ထိန္းသိမ္းထားၿပီး "သစ္ပင္ဟာ ကမာၻေက်ာ္ အထင္ကရေနရာတစ္ခုျဖစ္ၿပီး ဖ်က္ဆီးမႈဟာ ေဒသခံအသိုင္းအဝိုင္းနဲ႔ အျခားအနယ္နယ္အရပ္ရပ္မွ ဒါကိုခ်စ္ျမတ္ႏိုးသူေတြအတြက္ တုန္လႈပ္ေျခာက္ျခားမႈေတြ ျဖစ္ေစခဲ့ပါတယ္”လို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.