တရုတ်-မြန်မာ နယ်စပ်ဖြတ်သန်းရေးဂိတ်များတွင် တရားဝင်ဗီဇာဖြင့် စတင်သွားလာနိုင်ပြီဖြစ်ကြောင်း နစကထုတ်ပြန်ကြေညာ

 2626

NP News - အောက်တိုဘာ ၂

တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ် မူဆယ်-ရွှေလီနယ်စပ်ဖြတ်သန်းသွားလာရေးဂိတ်များတွင် တရားဝင်ဗီဇာဖြင့် စတင်ဝင်ထွက်သွားလာနိုင်ပြီ ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

နစကမှ ယမန်နေ့ (အောက်တိုဘာလ ၁ ရက်)တွင် အထက်ပါကဲ့သို့ သတင်းထုတ်ပြန်ကြေ ညာခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(မြောင်ပိုင်း) မူဆယ်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းသွားလာရေးဂိတ်များတွင် တရားဝင်ဗီဇာ(Business Visa)ဖြင့် မူဆယ်-ရွှေလီ နယ်စပ်ဖြတ်သန်းသွားလာရေးဂိတ်ဖြစ်သော နန်းတော်ဂိတ်မှ စတင်ဝင်ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ နန်းတော်ဂိတ်တွင် Foreigner Departure နှင့် Foreigner Arrival တို့အပြင် ဧည့်သည်နိုင်ငံခြားသားများ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာလျှင် စစ်ဆေးဆောင်ရွက်မှုများဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ နန်းတော်ဂိတ်မှတဆင့် ဝင်ရောက်လိုသူများသည် ရန်ကုန်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး (သို့မဟုတ်) မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ရုံးတို့၌ စီးပွားရေးမြန်မာနိုင်ငံကူးလက်မှတ် (BP – Passport for Business) စာအုပ်ဖြင့် Business Visa လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားရာတွင်လည်း နယ်စပ်ဂိတ်ပေါက်မှ ဖြတ်သန်းမည်ဖြစ်ကြောင်းလည်း တစ်ပါတည်းလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာတရုတ်နယ်စပ် နန်းတော်ဂိတ်၌ တရားဝင်ဗီဇာဖြင့် ဖြတ်သန်းသွာလာခွင့်ကို မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုး နှင့် ရွှေလီမြို့တော်ဝန် Mr. Shang La Sian တို့က ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံရှိ နိုင်ငံသားများကို နိုင်ငံကူးလက်မှတ်ဖြင့် နယ်စပ်ဂိတ်ဖြတ်သန်းခွင့်များကိုပေးသွားရန်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က စက်တင်ဘာလအတွင်းက ပြောကြားခဲ့ဖူးသည်။

zawgyi version
တ႐ုတ္-ျမန္မာ နယ္စပ္ျဖတ္သန္းေရးဂိတ္မ်ားတြင္ တရားဝင္ဗီဇာျဖင့္ စတင္သြားလာႏိုင္ၿပီျဖစ္ေၾကာင္း နစကထုတ္ျပန္ေၾကညာ
NP News - ေအာက္တိုဘာ ၂

တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံနယ္စပ္ မူဆယ္-ေ႐ႊလီနယ္စပ္ျဖတ္သန္းသြားလာေရးဂိတ္မ်ားတြင္ တရားဝင္ဗီဇာျဖင့္ စတင္ဝင္ထြက္သြားလာႏိုင္ၿပီ ျဖစ္ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

နစကမွ ယမန္ေန႔ (ေအာက္တိုဘာလ ၁ ရက္)တြင္ အထက္ပါကဲ့သို႔ သတင္းထုတ္ျပန္ေၾက ညာခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္နယ္(ေျမာင္ပိုင္း) မူဆယ္ၿမိဳ႕ရွိ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံနယ္စပ္ျဖတ္သန္းသြားလာေရးဂိတ္မ်ားတြင္ တရားဝင္ဗီဇာ(Business Visa)ျဖင့္ မူဆယ္-ေ႐ႊလီ နယ္စပ္ျဖတ္သန္းသြားလာေရးဂိတ္ျဖစ္ေသာ နန္းေတာ္ဂိတ္မွ စတင္ဝင္ထြက္သြားလာႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ နန္းေတာ္ဂိတ္တြင္ Foreigner Departure ႏွင့္ Foreigner Arrival တို႔အျပင္ ဧည့္သည္ႏိုင္ငံျခားသားမ်ား ျမန္မာႏိုင္ငံအတြင္းသို႔ ဝင္ေရာက္လာလွ်င္ စစ္ေဆးေဆာင္႐ြက္မႈမ်ားေဆာင္႐ြက္ရန္ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ထားရွိလ်က္ရွိေၾကာင္းလည္း ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

အဆိုပါ နန္းေတာ္ဂိတ္မွတဆင့္ ဝင္ေရာက္လိုသူမ်ားသည္ ရန္ကုန္ရွိ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံ႐ုံး (သို႔မဟုတ္) မႏၲေလးၿမိဳ႕ရွိ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ေကာင္စစ္ဝန္႐ုံးတို႔၌ စီးပြားေရးျမန္မာႏိုင္ငံကူးလက္မွတ္ (BP – Passport for Business) စာအုပ္ျဖင့္ Business Visa ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္ထားရာတြင္လည္း နယ္စပ္ဂိတ္ေပါက္မွ ျဖတ္သန္းမည္ျဖစ္ေၾကာင္းလည္း တစ္ပါတည္းေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာတ႐ုတ္နယ္စပ္ နန္းေတာ္ဂိတ္၌ တရားဝင္ဗီဇာျဖင့္ ျဖတ္သန္းသြာလာခြင့္ကို မူဆယ္ခ႐ိုင္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒ ဦးေအာင္ေဇာ္မိုး ႏွင့္ ေ႐ႊလီၿမိဳ႕ေတာ္ဝန္ Mr. Shang La Sian တို႔က ဖြင့္လွစ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံရွိ ႏိုင္ငံသားမ်ားကို ႏိုင္ငံကူးလက္မွတ္ျဖင့္ နယ္စပ္ဂိတ္ျဖတ္သန္းခြင့္မ်ားကိုေပးသြားရန္ရွိေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ ေထာင္စုဝန္ႀကီး ဦးျမင့္ႀကိဳင္က စက္တင္ဘာလအတြင္းက ေျပာၾကားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.