ဖူလ်ဟမ်အသင်းကို အနိုင်ရရှိခဲ့မှုက အသင်းကစားသမားများနှင့်ထိုက်တန်ကြောင်း ချဲလ်ဆီးနည်းပြ ပြော

 351

Pika (NP News) - အောက်တိုဘာ ၃

စက်တင်ဘာလ(၂)ရက်က ဖူလ်ဟမ်အသင်းကို (၂)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချဲလ်ဆီးအသင်းကစားသမားများသည် ၎င်းတို့နှင့်ထိုက်တန်သော နိုင်ပွဲကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ပြောခဲ့သည်။

ဖူလ်ဟမ်အသင်းနှင့်ကစားခဲ့သောပွဲတွင် ချဲလ်ဆီးတောင်ပံကစားသမား Mykhailo Mudryk သည် ပွဲချိန် (၁၈) မိနစ်တွင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး တိုက်စစ်မှူး Armando Broja သည် ပွဲချိန်(၁၉)မိနစ် တွင် တစ်ဂိုး ထပ်မံသွင်းယူပေးနိုင်ခဲ့ပြီးနောက် (၂)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပိုချက်တီနိုက "ပထမပိုင်းမှာ ကျွန်တော်တို့ ဖူလ်ဟမ်အသင်းထက် ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ဒုတိယ ပိုင်းမှာလည်း ဖူလ်ဟမ်အသင်းကို ကျွန်တော်တို့ အကောင်းဆုံးဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ကစားသမားတွေနဲ့ ပရိသတ်တွေလိုအပ်နေတဲ့နိုင်ပွဲကို ရရှိခဲ့တဲ့အတွက် ကျွန်တော်ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့အသင်းက တစ်ပတ် အတွင်းမှာ နိုင်ပွဲ(၂)ပွဲ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်ပွဲအနိုင်ရရှိထားပြီးပြီဖြစ်ပြီး ဒီလိုယုံကြည်မှုနဲ့ စွမ်းဆောင်ရည် ပိုင်းတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ကစားသမားတွေနဲ့ အံဝင်ခွင်ကျမဖြစ်သေးတဲ့ အခြေအနေ တွေ အများကြီးရှိနေပေမယ့်လည်း အရေးအကြီးဆုံးကတော့ ယုံကြည်မှုပါပဲ။ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းတွေ အပေါ် ယုံကြည်ချက်ထားဖို့ လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။

ချဲလ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ(၇)ပွဲကစားထားပြီး (၂)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၃)ပွဲ ရှုံးထားကာ ရမှတ်(၈) မှတ်ဖြင့် အမှတ်ပေးဇယားတွင် နံပါတ်(၁၁)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။

Zawgyi Version;
ဖူလ္ဟမ္အသင္းကို အႏိုင္ရရွိခဲ့မႈက အသင္းကစားသမားမ်ားႏွင့္ထိုက္တန္ေၾကာင္း ခ်ဲလ္ဆီးနည္းျပ ေျပာ
Pika (NP News) - ေအာက္တိုဘာ ၃

စက္တင္ဘာလ(၂)ရက္က ဖူလ္ဟမ္အသင္းကို (၂)ဂိုး-ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ေသာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲတြင္ ခ်ဲလ္ဆီးအသင္းကစားသမားမ်ားသည္ ၎တို႔ႏွင့္ထိုက္တန္ေသာ ႏိုင္ပြဲကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္း ခ်ဲလ္ဆီးနည္းျပ ပိုခ်က္တီႏိုက ေျပာခဲ့သည္။

ဖူလ္ဟမ္အသင္းႏွင့္ကစားခဲ့ေသာပြဲတြင္ ခ်ဲလ္ဆီးေတာင္ပံကစားသမား Mykhailo Mudryk သည္ ပြဲခ်ိန္ (၁၈) မိနစ္တြင္ အသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ၿပီး တိုက္စစ္မႉး Armando Broja သည္ ပြဲခ်ိန္(၁၉)မိနစ္ တြင္ တစ္ဂိုး ထပ္မံသြင္းယူေပးႏိုင္ခဲ့ၿပီးေနာက္ (၂)ဂိုး-ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။

ပိုခ်က္တီႏိုက "ပထမပိုင္းမွာ ကြၽန္ေတာ္တို႔ ဖူလ္ဟမ္အသင္းထက္ ပိုေကာင္းေအာင္ ကစားႏိုင္ခဲ့ပါတယ္။ ဒုတိယ ပိုင္းမွာလည္း ဖူလ္ဟမ္အသင္းကို ကြၽန္ေတာ္တို႔ အေကာင္းဆုံးဖိအားေပးကစားႏိုင္ခဲ့ပါတယ္။ ကစားသမားေတြနဲ႔ ပရိသတ္ေတြလိုအပ္ေနတဲ့ႏိုင္ပြဲကို ရရွိခဲ့တဲ့အတြက္ ကြၽန္ေတာ္ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ္တို႔အသင္းက တစ္ပတ္ အတြင္းမွာ ႏိုင္ပြဲ(၂)ပြဲ ရရွိခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ႏွစ္ပြဲအႏိုင္ရရွိထားၿပီးၿပီျဖစ္ၿပီး ဒီလိုယုံၾကည္မႈနဲ႔ စြမ္းေဆာင္ရည္ ပိုင္းေတြကို ဆက္လက္ထိန္းသိမ္းထားဖို႔ လိုအပ္ပါတယ္။ ကစားသမားေတြနဲ႔ အံဝင္ခြင္က်မျဖစ္ေသးတဲ့ အေျခအေန ေတြ အမ်ားႀကီးရွိေနေပမယ့္လည္း အေရးအႀကီးဆုံးကေတာ့ ယုံၾကည္မႈပါပဲ။ ကြၽန္ေတာ္တို႔ရဲ႕ လုပ္ႏိုင္စြမ္းေတြ အေပၚ ယုံၾကည္ခ်က္ထားဖို႔ လိုအပ္ပါတယ္" ဟု ေျပာခဲ့သည္။

ခ်ဲလ္ဆီးအသင္းသည္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ(၇)ပြဲကစားထားၿပီး (၂)ပြဲႏိုင္၊ (၂)ပြဲသေရ၊ (၃)ပြဲ ရႈံးထားကာ ရမွတ္(၈) မွတ္ျဖင့္ အမွတ္ေပးဇယားတြင္ နံပါတ္(၁၁)ေနရာမွာ ရပ္တည္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.