ပျဉ်းမနားမြို့ ဆင်ဖြူတောင်၌ တောင်ပြိုမှုဖြစ်ပွားခဲ့ရာ တရားမဝင်ရွှေတူးဖော်နေသူ အမျိုးသား (၂)ဦး သေဆုံး

 1139

စော (NP News) - အောက်တိုဘာ ၆

နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အရှေ့ဘက်ရှိ ဆင်ဖြူတောင်၌ တောင်ပြိုမှုဖြစ်ပွားခဲ့ရာ တရားမဝင်ရွှေတူးဖော်နေ သူ အမျိုးသား (၂)ဦး သေဆုံးခဲ့ကြောင်း ပျဉ်းမနားမြို့နယ် အရန်မီးသတ်စခန်းထံမှ သိရသည်။

အမျိုးသား (၃)ဦးသည် ယနေ့ (အောက်တိုဘာ ၆ ရက်) မွန်းလွဲ (၁)နာရီဝန်းကျင်အချိန်တွင် ပေ (၁ဝဝဝ)ခန့် အမြင့်ရှိ သော တောင်ပေါ်၌ ရွှေများတူးနေစဉ် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကလိုင်တွေမှာ ရွှေတူးနေရင်း ပြိုကျတာပါ။ သူတို့ကို ပိတ်လည်းပိတ်မိသွားတယ်။ ပိလည်းပိမိသွားတယ်။ အမျိုးသား(၂)ယောက်ကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးတာပါ။ ဒေသခံလို့ပဲ သိရပါသေးတယ်။ သာသနာ့ နယ်မြေမို့ အဲဒီနေရာကို ပိတ်ထားတာပါ။ တရားမဝင်ရွှေတူးသူဆိုတာ ဟုတ်ပါတယ်” ဟု ပျဉ်းမနားအရန် မီးသတ် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ အမျိုးသား (၃)ဦးအနက် အမျိုးသား (၂)ဦးသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားပြီး ကျန်တစ်ဦးမှာ စိုးရိမ်ရအခြေအနေတွင်ရှိကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားအား ပျဉ်းမနားမြို့နယ်၊ ကုတင်(၂ဝဝ)ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Zawgyi Version;
ပ်ဥ္းမနားၿမိဳ႕ ဆင္ျဖဴေတာင္၌ ေတာင္ၿပိဳမႈျဖစ္ပြားခဲ့ရာ တရားမဝင္ေ႐ႊတူးေဖာ္ေနသူ အမ်ိဳးသား (၂)ဦး ေသဆုံး
ေစာ (NP News) - ေအာက္တိုဘာ ၆

ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕နယ္ အေရွ႕ဘက္ရွိ ဆင္ျဖဴေတာင္၌ ေတာင္ၿပိဳမႈျဖစ္ပြားခဲ့ရာ တရားမဝင္ေ႐ႊတူးေဖာ္ေန သူ အမ်ိဳးသား (၂)ဦး ေသဆုံးခဲ့ေၾကာင္း ပ်ဥ္းမနားၿမိဳ႕နယ္ အရန္မီးသတ္စခန္းထံမွ သိရသည္။

အမ်ိဳးသား (၃)ဦးသည္ ယေန႔ (ေအာက္တိုဘာ ၆ ရက္) မြန္းလြဲ (၁)နာရီဝန္းက်င္အခ်ိန္တြင္ ေပ (၁ဝဝဝ)ခန႔္ အျမင့္ရွိ ေသာ ေတာင္ေပၚ၌ ေ႐ႊမ်ားတူးေနစဥ္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကလိုင္ေတြမွာ ေ႐ႊတူးေနရင္း ၿပိဳက်တာပါ။ သူတို႔ကို ပိတ္လည္းပိတ္မိသြားတယ္။ ပိလည္းပိမိသြားတယ္။ အမ်ိဳးသား(၂)ေယာက္ကေတာ့ အခင္းျဖစ္တဲ့ေနရာမွာပဲ ဆုံးတာပါ။ ေဒသခံလို႔ပဲ သိရပါေသးတယ္။ သာသနာ့ နယ္ေျမမို႔ အဲဒီေနရာကို ပိတ္ထားတာပါ။ တရားမဝင္ေ႐ႊတူးသူဆိုတာ ဟုတ္ပါတယ္” ဟု ပ်ဥ္းမနားအရန္ မီးသတ္ တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ အမ်ိဳးသား (၃)ဦးအနက္ အမ်ိဳးသား (၂)ဦးသည္ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးသြားၿပီး က်န္တစ္ဦးမွာ စိုးရိမ္ရအေျခအေနတြင္ရွိေၾကာင္း သိရသည္။

ထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသားအား ပ်ဥ္းမနားၿမိဳ႕နယ္၊ ကုတင္(၂ဝဝ)ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.