၂ဝ၂၃ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို အကျဉ်းကျနေတဲ့ အီရန်ဂျာနယ်လစ်အမျိုးသမီး ရရှိ

994

ဂျန်ဇက် (NP News) - အောက်တိုဘာ ၆
နော်ဝေ နိုဘယ်ဆုရွေးချယ်ရေးကော်မတီဟာ အီရန်အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ နာဂက်စ် မိုဟမ်မာဒီကို ၂ဝ၂၃ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် သတ်မှတ်ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။
နိုဘယ်ဆုရွေးချယ်ရေးကော်မတီက နာဂက်စ် မိုဟမ်မာဒီဟာ အီရန်နိုင်ငံရှိ အမျိုးသမီးတွေ ဖိနှိပ်ခံရမှုတွေကို တိုက်ဖျက်နိုင်ဖို့ ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်သလို အီရန်နိုင်ငံသားအားလုံးအတွက် လူအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ အတွက် ကြိုးပမ်းအားထုတ်ခဲ့သူဖြစ်ကြောင်း ပြောပါတယ်။
နိုဘယ်ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌဖြစ်သူက "မိုဟမ်မာဒီဟာ အမျိုးသမီးတွေ၊ အခွင့်အရေးအတွက် ရုန်းကန်မှု တွေကို အားပေးထောက်ခံခဲ့သူဖြစ်ပါတယ်" လို့ ပြောပါတယ်။
မိုဟမ်မာဒီဟာ အီရန်ဂျာနယ်လစ်တစ်ဦးဖြစ်သလို လူအခွင့်အရေးတက်ကြွလှုပ်ရှားသူဖြစ်ကြောင်း၊ အမျိုးသမီးများ အခွင့်အရေးလှုပ်ရှားမှုတွေ နဲ့ သေဒဏ်ဖျက်သိမ်းရေးလှုပ်ရှားမှုတွေကို ဦးဆောင်ကြိုးပမ်းခဲ့သူဖြစ်ကြောင်း သိရပါတယ်။
၎င်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ထိန်းသိမ်းခံရပြီး အီရန်အစိုးရဆန့်ကျင်ရေးဝါဒဖြန့်မှုတွေနဲ့ စွဲချက်တင်ခံရကာ ထောင်ဒဏ် ၁ဝ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်ပါတယ်။ မိုဟမ်မာဒီဟာ ၁၃ ကြိမ် ဖမ်းဆီးထိန်းသိမ်းခံရပြီး ၅ ကြိမ် စွဲချက်တင်ခံရကာ ထောင်ထဲမှာ ၃၁ နှစ်ကြာ နေထိုင်ခဲ့ရသူဖြစ်ကြောင်း သိရပါတယ်။
မိုဟမ်မာဒီဟာ အကျဉ်းကျနေချိန်အတွင်း နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့တဲ့ လေးဦးမြောက်ဖြစ်သလို နိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိခဲ့တဲ့ ဒုတိယမြောက် အီရန်အမျိုးသမီးလည်းဖြစ်ပါတယ်။ ဒါ့အပြင် မိုဟမ်မာဒီဟာ ကမ္ဘာတဝန်းမှာ နိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိခဲ့တဲ့ ၁၉ ဦးမြောက် အမျိုးသမီးလည်းဖြစ်ပါတယ်။ နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက မိုဟမ်မာဒီ အမည်ရှိအမျိုးသမီး ဆုလက်ခံရယူနိုင်အောင် ပြန်လွှတ်ပေးဖို့ အီရန်အာဏာပိုင်တွေကို တိုက်တွန်းတောင်းဆိုထားကြောင်း သိရပါတယ်။

Zawgyi Version;
၂ဝ၂၃ ခုႏွစ္အတြက္ ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုကို အက်ဥ္းက်ေနတဲ့ အီရန္ဂ်ာနယ္လစ္အမ်ိဳးသမီး ရရွိ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၆
ေနာ္ေဝ ႏိုဘယ္ဆုေ႐ြးခ်ယ္ေရးေကာ္မတီဟာ အီရန္အမ်ိဳးသမီးအေရး တက္ႂကြလႈပ္ရွားသူတစ္ဦးျဖစ္တဲ့ နာဂက္စ္ မိုဟမ္မာဒီကို ၂ဝ၂၃ ခုႏွစ္အတြက္ ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုရွင္အျဖစ္ သတ္မွတ္ေ႐ြးခ်ယ္ခဲ့ေၾကာင္း သိရပါတယ္။
ႏိုဘယ္ဆုေ႐ြးခ်ယ္ေရးေကာ္မတီက နာဂက္စ္ မိုဟမ္မာဒီဟာ အီရန္ႏိုင္ငံရွိ အမ်ိဳးသမီးေတြ ဖိႏွိပ္ခံရမႈေတြကို တိုက္ဖ်က္ႏိုင္ဖို႔ ႀကိဳးပမ္းခဲ့သူတစ္ဦးျဖစ္သလို အီရန္ႏိုင္ငံသားအားလုံးအတြက္ လူအခြင့္အေရးနဲ႔ လြတ္လပ္ခြင့္ေတြ အတြက္ ႀကိဳးပမ္းအားထုတ္ခဲ့သူျဖစ္ေၾကာင္း ေျပာပါတယ္။
ႏိုဘယ္ဆုေ႐ြးခ်ယ္ေရးေကာ္မတီဥကၠ႒ျဖစ္သူက "မိုဟမ္မာဒီဟာ အမ်ိဳးသမီးေတြ၊ အခြင့္အေရးအတြက္ ႐ုန္းကန္မႈ ေတြကို အားေပးေထာက္ခံခဲ့သူျဖစ္ပါတယ္" လို႔ ေျပာပါတယ္။
မိုဟမ္မာဒီဟာ အီရန္ဂ်ာနယ္လစ္တစ္ဦးျဖစ္သလို လူအခြင့္အေရးတက္ႂကြလႈပ္ရွားသူျဖစ္ေၾကာင္း၊ အမ်ိဳးသမီးမ်ား အခြင့္အေရးလႈပ္ရွားမႈေတြ နဲ႔ ေသဒဏ္ဖ်က္သိမ္းေရးလႈပ္ရွားမႈေတြကို ဦးေဆာင္ႀကိဳးပမ္းခဲ့သူျဖစ္ေၾကာင္း သိရပါတယ္။
၎ဟာ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလမွာ ထိန္းသိမ္းခံရၿပီး အီရန္အစိုးရဆန႔္က်င္ေရးဝါဒျဖန႔္မႈေတြနဲ႔ စြဲခ်က္တင္ခံရကာ ေထာင္ဒဏ္ ၁ဝ ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခံထားရသူျဖစ္ပါတယ္။ မိုဟမ္မာဒီဟာ ၁၃ ႀကိမ္ ဖမ္းဆီးထိန္းသိမ္းခံရၿပီး ၅ ႀကိမ္ စြဲခ်က္တင္ခံရကာ ေထာင္ထဲမွာ ၃၁ ႏွစ္ၾကာ ေနထိုင္ခဲ့ရသူျဖစ္ေၾကာင္း သိရပါတယ္။
မိုဟမ္မာဒီဟာ အက်ဥ္းက်ေနခ်ိန္အတြင္း ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုကို ရရွိခဲ့တဲ့ ေလးဦးေျမာက္ျဖစ္သလို ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုကိုရရွိခဲ့တဲ့ ဒုတိယေျမာက္ အီရန္အမ်ိဳးသမီးလည္းျဖစ္ပါတယ္။ ဒါ့အျပင္ မိုဟမ္မာဒီဟာ ကမာၻတဝန္းမွာ ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုကိုရရွိခဲ့တဲ့ ၁၉ ဦးေျမာက္ အမ်ိဳးသမီးလည္းျဖစ္ပါတယ္။ ႏိုဘယ္ဆု ေ႐ြးခ်ယ္ေရးေကာ္မတီက မိုဟမ္မာဒီ အမည္ရွိအမ်ိဳးသမီး ဆုလက္ခံရယူႏိုင္ေအာင္ ျပန္လႊတ္ေပးဖို႔ အီရန္အာဏာပိုင္ေတြကို တိုက္တြန္းေတာင္းဆိုထားေၾကာင္း သိရပါတယ္။