ဒေါပုံမြို့နယ်၌ ပျဉ်ထောင်အိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ရာမှ အနီးရှိ တိုက်ခန်းတစ်ခန်းအား မီးကူးဆက်လောင်ကျွမ်းမှုဖြစ်ပွား

668
သန့်ဇင် (NP News) - အောက်တိုဘာ ၇
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်တွင် ပျဉ်ထောင်အိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ရာမှ အနီးရှိ တိုက်ခန်းတစ်ခန်းအား မီးကူးဆက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုသည် ယမန်နေ့ (အောက်တိုဘာလ ၆ ရက်)၊ ည ၈နာရီ ၄၅မိနစ်အချိန်တွင် ဒေါပုံမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ မင်္ဂလာသီရိလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဘယ်လိုကြောင့်လောင်တာလဲတော့ ကျွန်တော်တို့လဲမသိလိုက်ရဘူးပေါ့နော်။ စလောင်တာကတော့ ပျဉ်ထောင်အိမ်ကစလောင်တာပါ။ လောင်ပြီးတော့ ဘေးနာက (၇)လွှာတိုက်က ဒုတိယအလွှာကိုမီးထပ်ကူးတာပေါ့နော်”ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ တာဝန် ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါမီးလောင်မှုကြောင့် (၂)ထပ်ပျဉ်ထောင်အိမ်တစ်လုံး မီးလောင်ပျက်စီးသွားခဲ့ပြီး ၎င်းအိမ်မှတစ်ဆင့်မီးကူးရာမှ ဘေးချင်းကပ်အထပ်မြင့်တိုက် ဒုတိယထပ်တိုက်ခန်းအတွင်းရှိ ပစ္စည်းများမီးလောင်သွားခဲ့ကြောင်း သိရသည်။
“စလောင်တဲ့ ပျဉ်ထောင်အိမ်ကတော့ ပြာကျသွားတယ်ပေါ့။ တိုက်ခန်းကတော့ အတွင်းပိုင်းတွေလောင်သွားပါတယ်။ မီးလောင်မှုကြောင့် လူထိခိုက်တာတော့မရှိပေမဲ့ ကူညီရေးအသင်းသား(၃)ယောက်တော့ မီးခိုးမွှန်တာတွေ နဖူးကွဲတာတွေရှိခဲ့ပါတယ်” ဟု ၎င်းကဆက်လက် ပြောသည်။
ထို့နောက် ၎င်းမီးလောင်မှုအား ဒေါပုံမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အခြားလူမှုကူညီရေးအသင်းမှပူးပေါင်းကာ (၁)နာရီခန့် မီးငြှိမ်းသတ်ခဲ့ရပြီး ဖြစ်စဉ်နှင့်ပတ်သတ်၍ ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအား မီးသတ်တပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

zawgyi version
ေဒါပုံၿမိဳ႕နယ္၌ ပ်ဥ္ေထာင္အိမ္တစ္လုံးမီးေလာင္မႈျဖစ္ပြားခဲ့ရာမွ အနီးရွိ တိုက္ခန္းတစ္ခန္းအား မီးကူးဆက္ေလာင္ကြၽမ္းမႈျဖစ္ပြား
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၇
ရန္ကုန္တိုင္း၊ ေဒါပုံၿမိဳ႕နယ္တြင္ ပ်ဥ္ေထာင္အိမ္တစ္လုံးမီးေလာင္မႈျဖစ္ပြားခဲ့ရာမွ အနီးရွိ တိုက္ခန္းတစ္ခန္းအား မီးကူးဆက္ေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
မီးေလာင္မႈသည္ ယမန္ေန႔ (ေအာက္တိုဘာလ ၆ ရက္)၊ ည ၈နာရီ ၄၅မိနစ္အခ်ိန္တြင္ ေဒါပုံၿမိဳ႕နယ္၊ ၿမိဳ႕သစ္ရပ္ကြက္၊ မဂၤလာသီရိလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း ရွင္သန္ေရးလူမႈကူညီေရးအသင္းထံမွ သိရသည္။
“ဘယ္လိုေၾကာင့္ေလာင္တာလဲေတာ့ ကြၽန္ေတာ္တို႔လဲမသိလိုက္ရဘူးေပါ့ေနာ္။ စေလာင္တာကေတာ့ ပ်ဥ္ေထာင္အိမ္ကစေလာင္တာပါ။ ေလာင္ၿပီးေတာ့ ေဘးနာက (၇)လႊာတိုက္က ဒုတိယအလႊာကိုမီးထပ္ကူးတာေပါ့ေနာ္”ဟု ရွင္သန္ေရးလူမႈကူညီေရးအသင္းမွ တာဝန္ ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါမီးေလာင္မႈေၾကာင့္ (၂)ထပ္ပ်ဥ္ေထာင္အိမ္တစ္လုံး မီးေလာင္ပ်က္စီးသြားခဲ့ၿပီး ၎အိမ္မွတစ္ဆင့္မီးကူးရာမွ ေဘးခ်င္းကပ္အထပ္ျမင့္တိုက္ ဒုတိယထပ္တိုက္ခန္းအတြင္းရွိ ပစၥည္းမ်ားမီးေလာင္သြားခဲ့ေၾကာင္း သိရသည္။
“စေလာင္တဲ့ ပ်ဥ္ေထာင္အိမ္ကေတာ့ ျပာက်သြားတယ္ေပါ့။ တိုက္ခန္းကေတာ့ အတြင္းပိုင္းေတြေလာင္သြားပါတယ္။ မီးေလာင္မႈေၾကာင့္ လူထိခိုက္တာေတာ့မရွိေပမဲ့ ကူညီေရးအသင္းသား(၃)ေယာက္ေတာ့ မီးခိုးမႊန္တာေတြ နဖူးကြဲတာေတြရွိခဲ့ပါတယ္” ဟု ၎ကဆက္လက္ ေျပာသည္။
ထို႔ေနာက္ ၎မီးေလာင္မႈအား ေဒါပုံၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္ အျခားလူမႈကူညီေရးအသင္းမွပူးေပါင္းကာ (၁)နာရီခန႔္ မီးျငႇိမ္းသတ္ခဲ့ရၿပီး ျဖစ္စဥ္ႏွင့္ပတ္သတ္၍ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးမ်ားအား မီးသတ္တပ္ဖြဲ႕မွ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။