အစ္စရေးနှင့် ဟားမတ်စ်စစ်သွေးကြွအဖွဲ့များကြား ဖြစ်ပွားနေသောစစ်ပွဲကြောင့် နှစ်ဖက်စလုံးမှ သေဆုံးသူဦးရေ အနည်းဆုံး(၆၆၃)ဦးအထိ မြင့်တက်လာ

 4352

Pika (NP News) - အောက်တိုဘာ ၈

အစ္စရေးစစ်တပ်နှင့် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်စစ်သွေးကြွအဖွဲ့တို့ကြား စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် နှစ်ဖက်စလုံးမှ သေဆုံးသူဦးရေမှာ အနည်းဆုံးလူ(၆၆၃)ဦးအထိ ရှိလာပြီဖြစ်ကြောင်း ယနေ့ အောက်တိုဘာလ ၈ ရက်၊ ညနေပိုင်း နောက်ဆုံးရသတင်းများအရ သိရသည်။

ထို့အပြင် နှစ်ဖက်လုံးမှ ထိခိုက်ဒဏ်ရာရရှိသူ ဦးရေမှာ အနည်းဆုံးလူ(၃၈ဝဝ)ဦးထိ ရှိကြောင်း သတင်းများအရ သိရသည်။

ဟားမတ်စ်စစ်သွေးကြွအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အစ္စရေးဖက်မှ အနည်းဆုံးလူ(၃၅ဝ)ဦးသေဆုံးခဲ့ပြီး၊ အခြားလူ(၁၈ဝဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အစ္စရေးဖက်မှ ပြန်လည်လက်တုံ့ပြန်တိုက်ခိုက်ခြင်းကြောင့် ဂါဇာကမ်းမြောင်ဒေသတွင်နေထိုင်သော ပါလက်စတိုင်းနိုင်ငံသား အနည်းဆုံး(၃၁၃)ဦး သေဆုံးခဲ့ပြီး၊ အခြားလူ(၂)ထောင်နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဟားမတ်စ် စစ်သွေးကြွအဖွဲ့များသည် အစ္စရေးစစ်သားများနှင့် အရပ်သားများကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းများအရ သိရသည်။ ဟားမတ်စ်စစ်သွေးကြအဖွဲ့သည် အောက်တိုဘာလ(၇)ရက် နံနက်ပိုင်းတွင် အစ္စရေးကို ဒုံးကျည်ထောင်ချီဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးစစ်တပ်နှင့် ဟားမတ်စ်စစ်သွေးကြွအဖွဲ့များကြား စစ်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစ္စရေးစစ်တပ် နှင့် ဟားမတ်စ် စစ်သွေးကြွအဖွဲ့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး သေဆုံး/ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်မှာ ဆက်လက်တိုးမြင့်လာနိုင်ဖွယ်ရှိနေသည်။ အစ္စရေးစစ်တပ်သည် ဟားမတ်စ်စစ်သွေးကြွအဖွဲ့များအပြင် လက်ဘနွန်စစ်သွေးကြွအဖွဲ့ ဟစ်ဘိုလာအဖွဲ့တို့ကိုလည်း လက်တုံ့ပြန်တိုက်ခိုက်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

လက်ဘနွန်နိုင်ငံတွင်းမှ အစ္စရေးဖက်သို့ မော်တာများဖြင့် ပစ်ခတ်တိုက်ခိုက်လာပြီးနောက် ယခုကဲ့သို့ပြန်လည်လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ထုတ်ဖော်ပြောဆိုထားသည်။

Zawgyi Version;
အစၥေရးႏွင့္ ဟားမတ္စ္စစ္ေသြးႂကြအဖြဲ႕မ်ားၾကား ျဖစ္ပြားေနေသာစစ္ပြဲေၾကာင့္ ႏွစ္ဖက္စလုံးမွ ေသဆုံးသူဦးေရ အနည္းဆုံး(၆၆၃)ဦးအထိ ျမင့္တက္လာ
Pika (NP News) - ေအာက္တိုဘာ ၈

အစၥေရးစစ္တပ္ႏွင့္ ဂါဇာကမ္းေျမာင္ေဒသရွိ ဟားမတ္စ္စစ္ေသြးႂကြအဖြဲ႕တို႔ၾကား စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ ႏွစ္ဖက္စလုံးမွ ေသဆုံးသူဦးေရမွာ အနည္းဆုံးလူ(၆၆၃)ဦးအထိ ရွိလာၿပီျဖစ္ေၾကာင္း ယေန႔ ေအာက္တိုဘာလ ၈ ရက္၊ ညေနပိုင္း ေနာက္ဆုံးရသတင္းမ်ားအရ သိရသည္။

ထို႔အျပင္ ႏွစ္ဖက္လုံးမွ ထိခိုက္ဒဏ္ရာရရွိသူ ဦးေရမွာ အနည္းဆုံးလူ(၃၈ဝဝ)ဦးထိ ရွိေၾကာင္း သတင္းမ်ားအရ သိရသည္။

ဟားမတ္စ္စစ္ေသြးႂကြအဖြဲ႕မ်ား၏ တိုက္ခိုက္မႈေၾကာင့္ အစၥေရးဖက္မွ အနည္းဆုံးလူ(၃၅ဝ)ဦးေသဆုံးခဲ့ၿပီး၊ အျခားလူ(၁၈ဝဝ)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အစၥေရးဖက္မွ ျပန္လည္လက္တုံ႔ျပန္တိုက္ခိုက္ျခင္းေၾကာင့္ ဂါဇာကမ္းေျမာင္ေဒသတြင္ေနထိုင္ေသာ ပါလက္စတိုင္းႏိုင္ငံသား အနည္းဆုံး(၃၁၃)ဦး ေသဆုံးခဲ့ၿပီး၊ အျခားလူ(၂)ေထာင္နီးပါး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ ဟားမတ္စ္ စစ္ေသြးႂကြအဖြဲ႕မ်ားသည္ အစၥေရးစစ္သားမ်ားႏွင့္ အရပ္သားမ်ားကို ဓါးစာခံအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း သတင္းမ်ားအရ သိရသည္။ ဟားမတ္စ္စစ္ေသြးၾကအဖြဲ႕သည္ ေအာက္တိုဘာလ(၇)ရက္ နံနက္ပိုင္းတြင္ အစၥေရးကို ဒုံးက်ည္ေထာင္ခ်ီျဖင့္ စတင္ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ အစၥေရးစစ္တပ္ႏွင့္ ဟားမတ္စ္စစ္ေသြးႂကြအဖြဲ႕မ်ားၾကား စစ္ပြဲစတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အစၥေရးစစ္တပ္ ႏွင့္ ဟားမတ္စ္ စစ္ေသြးႂကြအဖြဲ႕ၾကား တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနၿပီး ေသဆုံး/ထိခိုက္ဒဏ္ရာရရွိသူအေရအတြက္မွာ ဆက္လက္တိုးျမင့္လာႏိုင္ဖြယ္ရွိေနသည္။ အစၥေရးစစ္တပ္သည္ ဟားမတ္စ္စစ္ေသြးႂကြအဖြဲ႕မ်ားအျပင္ လက္ဘႏြန္စစ္ေသြးႂကြအဖြဲ႕ ဟစ္ဘိုလာအဖြဲ႕တို႔ကိုလည္း လက္တုံ႔ျပန္တိုက္ခိုက္ေနေၾကာင္း သတင္းမ်ားတြင္ ေဖာ္ျပထားသည္။

လက္ဘႏြန္ႏိုင္ငံတြင္းမွ အစၥေရးဖက္သို႔ ေမာ္တာမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္လာၿပီးေနာက္ ယခုကဲ့သို႔ျပန္လည္လက္တုံ႔ျပန္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း အစၥေရးစစ္ဘက္က ထုတ္ေဖာ္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.