တာဝေးပစ် Tomahawkဒုံးကျည်တွေက ဘာကိုမှဖြေရှင်းနိုင်လိမ့်မှာမဟုတ်ဘူးလို့ ဘီလာရုစ်သမ္မတဝေဖန်

230

Pika(NP News) အောက်တိုဘာ ၁၆
အမေရိကန်က ယူကရိန်းကို တာဝေးပစ် Tomahawkဒုံးကျည်တွေ ပေးပို့ပြီး ယူကရိန်းပဋိပက္ခကို ဖြေရှင်းလိမ့်မှာမဟုတ်ဘူးလို့ ဘီလာရုစ်သမ္မတလူကာရှန်ကိုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အဲ့ဒီလိုမျိုးလုပ်ရပ်ဟာ တင်းမာမှုတွေကို ပိုမိုအရှိန်မြင့်တက်လာစေလိမ့်မယ်လို့လည်း လူကာရှန်ကိုက သတိပေးပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းကို တာဝေးပစ် Tomahawkဒုံးကျည်တွေ ထောက်ပံ့ပေးဖို့နဲ့ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ဒေါ်နယ်ထရမ့်က မချမှတ်ရသေးဘူးလို့လည်း အမေရိကန်အရာရှိတစ်ဦးက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ တာဝေးပစ် Tomahawkဒုံးကျည်တွေဟာ အကွာအဝေး(၂၅၀၀)ကီလိုမီတာလောက်အထိ ပျံသန်းနိုင်စွမ်းရှိပြီး ယူကရိန်းကသာ အဲ့ဒီဒုံးကျည်တွေကို လက်ခံရရှိခဲ့မယ်ဆိုရင် ရုရှားနိုင်ငံရဲ့ ဘယ်နေရာကိုမဆို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိသွားပြီလည်းဖြစ်ပါတယ်။ဒါ့ပြင် ယူကရိန်းကို တာဝေးပစ် Tomahawkဒုံးကျည်တွေ ထောက်ပံ့ပေးမှုဟာ လက်ရှိအခြေအနေတွေအားလုံးကို နျူကလီးယားစစ်ပွဲအဖြစ်သို့ ပြောင်းလဲသွားစေလိမ့်မယ်လို့လည်း လူကာရှန်ကိုကပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံတွင်းကို ပစ်ခတ်တိုက်ခိုက်ဖို့အတွက် အမေရိကန်က ယူကရိန်းကို တာဝေးပစ် Tomahawkဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့မယ်ဆိုရင် အဲ့ဒီထောက်ပံ့ပေးမှုက ရုရှား-အမေရိကန်ဆက်ဆံရေးကို ပျက်စီးစေလိမ့်မယ်လို့ ရုရှားသမ္မတပူတင်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတိပေးပြောဆိုခဲ့ပြီးနောက် လူကာရှန်ကိုရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါ့ပြင် ယူကရိန်းကို တာဝေးပစ် Tomahawkဒုံးကျည်တွေ ထောက်ပံ့ပေးမှုဟာ လက်ရှိဖြစ်ပွားနေတဲ့ စစ်မြေပြင်အခြေအနေတွေကို ပြောင်းလဲစေလိမ့်မှာမဟုတ်ဘူးလို့လည်း ပူတင်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
တာေဝးပစ္ Tomahawkဒုံးက်ည္ေတြက ဘာကိုမွေျဖရွင္းႏိုင္လိမ့္မွာမဟုတ္ဘူးလို႔ ဘီလာ႐ုစ္သမၼတေဝဖန္
Pika(NP News) ေအာက္တိုဘာ ၁၆
အေမရိကန္က ယူကရိန္းကို တာေဝးပစ္ Tomahawkဒုံးက်ည္ေတြ ေပးပို႔ၿပီး ယူကရိန္းပဋိပကၡကို ေျဖရွင္းလိမ့္မွာမဟုတ္ဘူးလို႔ ဘီလာ႐ုစ္သမၼတလူကာရွန္ကိုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။အဲ့ဒီလိုမ်ိဳးလုပ္ရပ္ဟာ တင္းမာမႈေတြကို ပိုမိုအရွိန္ျမင့္တက္လာေစလိမ့္မယ္လို႔လည္း လူကာရွန္ကိုက သတိေပးေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း ယူကရိန္းကို တာေဝးပစ္ Tomahawkဒုံးက်ည္ေတြ ေထာက္ပံ့ေပးဖို႔နဲ႔ပတ္သက္ၿပီး ေနာက္ဆုံး ဆုံးျဖတ္ခ်က္ကို ေဒၚနယ္ထရမ့္က မခ်မွတ္ရေသးဘူးလို႔လည္း အေမရိကန္အရာရွိတစ္ဦးက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ တာေဝးပစ္ Tomahawkဒုံးက်ည္ေတြဟာ အကြာအေဝး(၂၅၀၀)ကီလိုမီတာေလာက္အထိ ပ်ံသန္းႏိုင္စြမ္းရွိၿပီး ယူကရိန္းကသာ အဲ့ဒီဒုံးက်ည္ေတြကို လက္ခံရရွိခဲ့မယ္ဆိုရင္ ႐ုရွားႏိုင္ငံရဲ႕ ဘယ္ေနရာကိုမဆို ပစ္ခတ္တိုက္ခိုက္ႏိုင္စြမ္းရွိသြားၿပီလည္းျဖစ္ပါတယ္။ဒါ့ျပင္ ယူကရိန္းကို တာေဝးပစ္ Tomahawkဒုံးက်ည္ေတြ ေထာက္ပံ့ေပးမႈဟာ လက္ရွိအေျခအေနေတြအားလုံးကို န်ဴကလီးယားစစ္ပြဲအျဖစ္သို႔ ေျပာင္းလဲသြားေစလိမ့္မယ္လို႔လည္း လူကာရွန္ကိုကေျပာၾကားခဲ့ပါတယ္။ ႐ုရွားႏိုင္ငံတြင္းကို ပစ္ခတ္တိုက္ခိုက္ဖို႔အတြက္ အေမရိကန္က ယူကရိန္းကို တာေဝးပစ္ Tomahawkဒုံးက်ည္ေတြ ေထာက္ပံ့ေပးခဲ့မယ္ဆိုရင္ အဲ့ဒီေထာက္ပံ့ေပးမႈက ႐ုရွား-အေမရိကန္ဆက္ဆံေရးကို ပ်က္စီးေစလိမ့္မယ္လို႔ ႐ုရွားသမၼတပူတင္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတိေပးေျပာဆိုခဲ့ၿပီးေနာက္ လူကာရွန္ကိုရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ဒါ့ျပင္ ယူကရိန္းကို တာေဝးပစ္ Tomahawkဒုံးက်ည္ေတြ ေထာက္ပံ့ေပးမႈဟာ လက္ရွိျဖစ္ပြားေနတဲ့ စစ္ေျမျပင္အေျခအေနေတြကို ေျပာင္းလဲေစလိမ့္မွာမဟုတ္ဘူးလို႔လည္း ပူတင္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။