ပဲခူးရေကြီးမှုကြောင့် ကုန်စိမ်းနှင့်အသားငါး ကုန်တင်ကားများကို အမြန်လမ်းမှတဆင့် ရန်ကုန်သို့ ယာယီဖြတ်သန်းခွင့်ပြု

6073
NP News - အောက်တိုဘာ ၁၀
ပဲခူးရေကြီးမှုကြောင့် ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ပိတ်မိနေသည့် ကုန်ကားများကို အမြန်လမ်း ၃၉ မိုင်မှတဆင့် ရန်ကုန်မြို့သို့ ယာယီဖြတ်သန်းသွားလာခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်း ဘုရားကြီးလမ်းဆုံအနီးတွင် ရန်ကုန်မြို့ဘက်သို့ ဝင်ရောက်ရန် ပဲခူးမြို့ရေကြီးမှုကြောင့် ကုန်ကားများ ပိတ်မိနေကြခြင်းဖြစ်သည်။
သက်ဆိုင်ရာသို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှတင်ပြချက်အရ အရေးကြီးကုန်စည်များဖြစ်သည့် ကုန်စိမ်းကားများ၊ မီးဖိုချောင်သုံးကုန်စည်များ နှင့် အသားငါးများကို ဘုရားကြီးလမ်းဆုံမှတဆင့် အမြန်လမ်း ၃၉ မိုင်သို့မောင်းနှင်ကာ ရန်ကုန်မြို့အထိ ယာယီဖြတ်သန်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ မနက် ၁၁နာရီခွဲကတည်းက ခြောက်ဘီးကားနဲ့ ၁၂ဘီးကားတွေကို စိစစ်ပြီး ငါးစီးခြောက်စီး ခွဲပြီး အမြန်လမ်းကိုတက်ခွင့်ပေးတာပါ။ တစ်ခါတည်းအကုန်လုံး မောင်းခွင့်မပေးထားပါဘူး။ စနစ်တကျ သက်ဆိုင်ရာကစစ်ဆေးပြီးမှ ကားတွေလွှတ်ပေးလိုက်ပါတယ်။လမ်းကြေးလဲပေးရပါမယ်။ တန်ချိန်ပိုလို့တော့မရပါဘူး”ဟု အသင်းဥက္ကဋ္ဌ ဦးကျင်သိန်းကပြော သည်။
ရန်ကုန်တိုင်းနှင့်ပဲခူးတိုင်းမှ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ ကုန်သည်စက်မှုအသင်းချုပ်၊ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းစသည့် ဌာနများမှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က ကုန်ကားများကို စစ်ဆေးကာ အမြန်လမ်းပေါ်တွင် မောင်းနှင်နိုင်ရန်ခွင့်ပြုပေးထားကြောင်းသိရသည်။
ရန်ကုန်-မန္တလေး အဝေးပြေးလမ်းဟောင်းသည် ပဲခူးမြို့ရေကြီးနေသဖြင့် ကုန်စည်စီးဆင်းမှု ယာယီပြတ်တောက်နေပြီး လက်ရှိတွင် ရန်ကုန်-မော်လမြိုင် ကုန်စည်စီးဆင်းမှုလည်းပြတ်တောက်နေကြောင်းသိရသည်။
ပဲခူးမြို့ရေကြီးမှုသည် လက်ရှိတွင်အကျဘက်သို့ပြန်လည်ဦးတည်လာသော်လည်း စိုးရိမ်ရေအမှတ်အထက်တွင်သာ ရပ်တည်ဆဲဖြစ်ပြီး ကားလမ်း၊ ရထားလမ်းများ ပြန်လည်အသုံးချရန် မလွယ်ကူသေးကြောင်း သက်ဆိုင်ရာထုတ်ပြန်ချက်များအရသိရသည်။

zawgyi version
ပဲခူးေရႀကီးမႈေၾကာင့္ ကုန္စိမ္းႏွင့္အသားငါး ကုန္တင္ကားမ်ားကို အျမန္လမ္းမွတဆင့္ ရန္ကုန္သို႔ ယာယီျဖတ္သန္းခြင့္ျပဳ
NP News - ေအာက္တိုဘာ ၁၀
ပဲခူးေရႀကီးမႈေၾကာင့္ ရန္ကုန္-မႏၲေလးလမ္းေဟာင္း၌ ပိတ္မိေနသည့္ ကုန္ကားမ်ားကို အျမန္လမ္း ၃၉ မိုင္မွတဆင့္ ရန္ကုန္ၿမိဳ႕သို႔ ယာယီျဖတ္သန္းသြားလာခြင့္ျပဳလိုက္ေၾကာင္း ျမန္မာႏိုင္ငံအေဝးေျပးကုန္စည္ပို႔ေဆာင္ေရးဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။
ရန္ကုန္-မႏၲေလးလမ္းေဟာင္း ဘုရားႀကီးလမ္းဆုံအနီးတြင္ ရန္ကုန္ၿမိဳ႕ဘက္သို႔ ဝင္ေရာက္ရန္ ပဲခူးၿမိဳ႕ေရႀကီးမႈေၾကာင့္ ကုန္ကားမ်ား ပိတ္မိေနၾကျခင္းျဖစ္သည္။
သက္ဆိုင္ရာသို႔ ျမန္မာႏိုင္ငံအေဝးေျပးကုန္စည္ပို႔ေဆာင္ေရးဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္းမွတင္ျပခ်က္အရ အေရးႀကီးကုန္စည္မ်ားျဖစ္သည့္ ကုန္စိမ္းကားမ်ား၊ မီးဖိုေခ်ာင္သုံးကုန္စည္မ်ား ႏွင့္ အသားငါးမ်ားကို ဘုရားႀကီးလမ္းဆုံမွတဆင့္ အျမန္လမ္း ၃၉ မိုင္သို႔ေမာင္းႏွင္ကာ ရန္ကုန္ၿမိဳ႕အထိ ယာယီျဖတ္သန္းခြင့္ျပဳလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဒီေန႔ မနက္ ၁၁နာရီခြဲကတည္းက ေျခာက္ဘီးကားနဲ႔ ၁၂ဘီးကားေတြကို စိစစ္ၿပီး ငါးစီးေျခာက္စီး ခြဲၿပီး အျမန္လမ္းကိုတက္ခြင့္ေပးတာပါ။ တစ္ခါတည္းအကုန္လုံး ေမာင္းခြင့္မေပးထားပါဘူး။ စနစ္တက် သက္ဆိုင္ရာကစစ္ေဆးၿပီးမွ ကားေတြလႊတ္ေပးလိုက္ပါတယ္။လမ္းေၾကးလဲေပးရပါမယ္။ တန္ခ်ိန္ပိုလို႔ေတာ့မရပါဘူး”ဟု အသင္းဥကၠ႒ ဦးက်င္သိန္းကေျပာ သည္။
ရန္ကုန္တိုင္းႏွင့္ပဲခူးတိုင္းမွ ေဆာက္လုပ္ေရးဝန္ႀကီးဌာန တာဝန္ရွိသူမ်ား၊ ကုန္သည္စက္မႈအသင္းခ်ဳပ္၊ ျမန္မာႏိုင္ငံအေဝးေျပးကုန္စည္ပို႔ေဆာင္ေရး ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္းစသည့္ ဌာနမ်ားမွ တာဝန္ရွိသူမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ကုန္ကားမ်ားကို စစ္ေဆးကာ အျမန္လမ္းေပၚတြင္ ေမာင္းႏွင္ႏိုင္ရန္ခြင့္ျပဳေပးထားေၾကာင္းသိရသည္။
ရန္ကုန္-မႏၲေလး အေဝးေျပးလမ္းေဟာင္းသည္ ပဲခူးၿမိဳ႕ေရႀကီးေနသျဖင့္ ကုန္စည္စီးဆင္းမႈ ယာယီျပတ္ေတာက္ေနၿပီး လက္ရွိတြင္ ရန္ကုန္-ေမာ္လၿမိဳင္ ကုန္စည္စီးဆင္းမႈလည္းျပတ္ေတာက္ေနေၾကာင္းသိရသည္။
ပဲခူးၿမိဳ႕ေရႀကီးမႈသည္ လက္ရွိတြင္အက်ဘက္သို႔ျပန္လည္ဦးတည္လာေသာ္လည္း စိုးရိမ္ေရအမွတ္အထက္တြင္သာ ရပ္တည္ဆဲျဖစ္ၿပီး ကားလမ္း၊ ရထားလမ္းမ်ား ျပန္လည္အသုံးခ်ရန္ မလြယ္ကူေသးေၾကာင္း သက္ဆိုင္ရာထုတ္ျပန္ခ်က္မ်ားအရသိရသည္။