ဟားမတ်စ် - အစ္စရေး ပဋိပက္ခနှင့် ပါလက်စတိုင်း သမိုင်းနောက်ခံ (ဘာသာပြန်ဆောင်းပါး)

 4942

Htay Oung (NP News) - အောက်တိုဘာ ၁ဝ

လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲဖြစ်ရခြင်းကို ရှင်းလင်းစွာ သိနိုင်ဖို့အတွက် အဲဒီဒေသရဲ့ နောက်ခံသမိုင်းကြောင်းကို အတိုချုံး ရှင်းပြလိုပါတယ်။

ယခုဆောင်းပါးမှာ ဖော်ပြမယ့် "ပါလက်စတိုင်းဒေသ" ဆိုရာမှာ နိုင်ငံတစ်နိုင်ငံကို ဆိုလိုရင်း မဟုတ်ပဲ
(၁) မျက်မှောက်ခေတ် အစ္စရေးနိုင်ငံ၊
(၂) ဂါဇာကမ်းမြှောင်ဒေသနဲ့
(၃) အနောက်ဘက်ကမ်း (ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း) တို့ ပါ၀င်တဲ့ ဒေသတစ်ခုလုံးကို သိမ်းကြုံးရည်ညွှန်းခြင်းသာဖြစ်ပါတယ်။

ဒေသတစ်ခုလုံးကို သုံးခုအဖြစ် ပိုင်းခြားပြောဆိုရခြင်းမှာလည်း အလယ်မှာ အစ္စရေးတောင်ပိုင်းဒေသခြားနားပြီး ဂါဇာနဲ့ အနောက်ဘက်ကမ်းတို့မှာ ဆွန်နီမွတ်စလင် ပါလက်စတိုင်းလူမျိုးများ နေထိုင်ကြတဲ့အတွက် ဖြစ်ပါတယ်။

ပါလက်စတိုင်းဒေသ တစ်ခုလုံးဟာ မြန်မာနိုင်ငံဧရိယာရဲ့ ၃ ဒသမ ၂၄ ရာခိုင်နှုန်းသာ ကျယ် ၀န်းပါတယ်။ မြန်မာက လူဦးရေ ၅၆ သန်းကျော်ရှိပြီး အစ္စရေးနိုင်ငံအနေဖြင့် ၉ သန်းကျော်၊ ဂါဇာ ၂ သန်းခန့် နဲ့ အနောက်ဘက်ကမ်းမှာ ၃ သန်းဖြစ်တဲ့အတွက် ဒေသတစ်ခုလုံး စုစုပေါင်း လူဦးရေ ၁၅ သန်းခန့်နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ဒါပေမယ့် အဲဒီဒေသနေသူတို့ရဲ့ ကွဲပြားခြားနားတဲ့ တောင်းဆိုချက်များကြောင့် ကမ္ဘာ့သွေး ထွက်သံယို အကြမ်းဖက်မှုအများဆုံး၊ အမြင့်ဆုံးတင်းမာမှုများနဲ့ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ယမ်းအိုးကြီးသဖွယ် ဖြစ်နေရပါတယ်။

ပထဝီ၀င်အားဖြင့် Levant "လက်ဗင့်" ခေါ် မြေထဲပင်လယ်ကို မေးတင်လျက်ရှိတဲ့ အာရှတိုက်အနောက်ဖျားရဲ့တောင်ပိုင်းမှာ ပါ၀င်ပါတယ်။ ကမ္ဘာ့အစောဆုံး လူသားများနေထိုင်ရာဖြစ်ပြီး လက်ရှိ ကျွန်တော်တို့ မျက်မှောက်ခေတ် "စွမ်းလူ" တို့ဟာ အာဖရိကတိုက်မှနေပြီး ဥရောပနဲ့ ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့ခြင်းမတိုင်မီ စိုက်ပျိုးရေးနဲ့ ယဉ်ကျေးမှုအထောက်အထားများကိုလည်း တွေ့ရှိရပါတယ်။

ရှေးခေတ် အီဂျစ်လူမျိုးများအစ ဘေဘီလုံနဲ့ ရှေးဂရိ ရောမတို့အပါအ၀င် ဘိုင်ဇန်တိုင်၊ အာရပ်တို့အထိ လူမျိုးအသီးသီးတို့ရဲ့ ထိန်းချုပ်ရာနယ်မြေဖြစ်ခဲ့ရပါတယ်။ ဘီစီ ၁၁၀၀ ဒေသတွင်းမှာ ယနေ့ ပါလက်စတိုင်း ဖြစ်လာမယ့် ဖိလစ်စတင်းများနေရာမှာ အစ္စရေးဖြစ်လာမယ့် ရှေးဟောင်းဟီးဘရူးလူမျိုးများ ၀င်ရောက်နေထိုင်နေကြပြီဖြစ်ပါတယ်။

ဘီစီ ၅၇၆ မှာ ဘေဘီလုံဘုရင်ကို စစ်ရှုံးပြီးနောက် ဒေသတွင်းမှ နှင်ထုတ်ခံခဲ့ရဖူးပေမယ့် ပြန်လည်၀င်ရောက်ခွင့် ရရှိခဲ့ပါတယ်။ အေဒီ ၄ ရာစု ရောမဧကရာစ်ကွန်စတင်တိုင်းရဲ့ ခရစ် ယာန်ဘာသာကို မျက်နှာသာပေးခြင်းနဲ့အတူ ပါလက်စတိုင်းဒေသမှာ ဂျုးတို့ ဖိနှိပ်ညှင်းပန်းခံရပြီး ကမ္ဘာအရပ်ရပ်သို့ ထွက်ခွာခြင်းဖြင့် ဒေသတွင်း လူနည်းစုဖြစ်သွားရပါတယ်။

သမိုင်းတစ်လျှောက် မွန်ဂိုအပါအ၀င် အုပ်စိုးသူ အမျိုးမျိုးပြောင်းလဲခဲ့ရတဲ့ ပါလက်စတိုင်းဒေသကို ၁၉၁၅ ခုနှစ် ပထမကမ္ဘာစစ်အတွင်း အော်တိုမန်တူရကီတို့လက်မှ ဗြိတိသျှတို့က ပြောင်းလဲရယူခဲ့ပါတယ်။ တရား၀င်ထိန်းသိမ်းစောင့်ရှောက်ခွင့်ရရှိသူအဖြစ်မှ စွန့်လွှတ်လိုကြောင်း ဗြိတိသျှတို့က ၁၉၄၇ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး ကြေညာခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်မှ ဂျူးလူမျိုးများလည်း ဇီယွန်ဝါဒကြောင့် ပါလက်စတိုင်းဒေသအတွင်း တဖွဲဖွဲရောက်ရှိနေကြပြီးဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ အကြံပြုချက် ၁၈၁ အပိုဒ် ၂ အရ ဂျေရုဆလင်ကို အပြည်ပြည်ဆိုင်ရာအဖြစ်သတ်မှတ်ပြီး ကျန်ပါလက်စတိုင်းဒေသကို ဂျုးနဲ့ အာရပ်ပြည် နယ်များအဖြစ် ခွဲဝေသတ်မှတ်ရန် တိုက်တွန်းထားပါတယ်။ ကုလသမဂ္ဂအကြံပြုချက်ကို ဂျူးတို့က လက်ခံပေမယ့် အာရပ်အဆင့်မြင့်ကော်မတီက ငြင်းပယ်ပါတယ်။ အုပ်ချုပ်စောင့်ရှောက်ခွင့်ရသူ ဗြိတိသျှစစ်တပ်များထွက်ခွာပြီး နောက်တစ်နေ့မှာ လွတ်လပ်တဲ့ အချုပ်အချာအာဏာပိုင် အစ္စရေးနိုင်ငံထူထောင်ကြောင်း ကြေညာတဲ့ ဂျူးတို့ကို ပါလက်စတိုင်းတို့နဲ့ ဒေသတွင်း အာရပ်နိုင်ငံ(၇)နိုင်ငံက ဝိုင်း၀န်းတိုက်ခိုက်ခြင်းဖြင့် ပထမအကြိမ် အာရပ်-အစ္စရေးစစ်ပွဲဖြစ်ပွားရပါတော့တယ်။

အစ္စရေးနိုင်ငံ ထူထောင်ချိန်မှစတင်ပြီး အာရပ်တို့နဲ့ ၁၄ ကြိမ်တိုင်တိုင် အတိအလင်းစစ်ခင်းခဲ့ရပြီး အဲဒီအထဲမှာ ပါလက်စတိုင်းတို့နဲ့ ၆ ကြိမ်၊ မြောက်ပိုင်း အိမ်နီးချင်း လက်ဘနွန်နိုင်ငံအတွင်း အစ္စရေးက ကျူးကျော်၀င်ရောက်ပြီး ဟစ်ဇ်ဘိုလာ ပြည်သူ့စစ်တို့ကို တိုက်ခိုက်ခြင်း ၃ ကြိမ်ပါ၀င်ခဲ့တယ်လို့ Financial Times ( 7 October 2023) က ရေးသားပါတယ်။

စစ်ပွဲပြီးဆုံးချိန်မှာ အစ္စရေးဟာ ဆိုင်းနိုင်းကျွန်းဆွယ်၊ ဂါဇာကမ်းမြှောင်၊ အနောက်ဘက်ကမ်း၊ ရှီဘာလယ်ယာမြေများနဲ့ ဂိုလန်ကုန်းမြင့်တို့အထိ သိမ်းယူရရှိခဲ့ပါတယ်။ အဲဒီအရှိန်ဂယက်ကြောင့် ဒေသတွင်း ပထဝီနိုင်ငံရေးအပေါ် ယနေ့တိုင် ထိခိုက်စေခဲ့ပါတယ်။ အပြင်းထန်ဆုံးသော စစ်ပွဲမှာ ၁၉၆၇ ခုနှစ် ဇွန်လ ၆ ရက်စစ်ပွဲဖြစ်ပြီး အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်တို့ကို သံဆူးကြိုးခတ်တံတိုင်းကာရံခြင်းဖြင့် ပါလက်စတိုင်းတို့ကို သီးခြားခွဲထုတ်ပစ်လိုက်ပါတယ်။ ပါလက်စတိုင်းတို့ကလည်း အနောက်ဘက်ကမ်း နဲ့ ဂါဇာကို ပူးပေါင်းပြီး ပါလက်စတိုင်းအမျိုးသားနိုင်ငံအဖြစ် ထူထောင်ကြောင်း ကြေညာခဲ့ရာ နိုင်ငံအချို့က ထောက်ခံပါတယ်။

အစ္စရေးအာရပ်တို့အကြား စစ်မက်ဖြစ်ပွားရခြင်းမှာ အချို့ထင်မှတ်မှားနေကြသလို ဘာသာရေးကြောင့် လုံး၀မဟုတ်ပါ။ ဇီယွန်ဝါဒ နဲ့ အာရပ်တို့အမျိုးသားရေးဝါဒတို့ တစ်ပြိုင်တည်း ထွန်းကားလာခြင်းကြောင့်သာဖြစ်ပါတယ်။ ဂျူးတို့ရဲဇာတိမြေ ပါလက်စတိုင်းဒေသမှာ အစ္စရေးနိုင်ငံထူထောင်ရေးဝါဒ နဲ့ အတ္တလန်တိတ်သမုဒ္ဒရာမှ အိန္ဒိယသမုဒ္ဒရာအထိတစ်ခုတည်းသောအာရပ်လူ့အဖွဲ့အစည်းထူထောင်ရေးဝါဒတို့ ထိပ်တိုက်တွေ့ကြရာမှ ပိုင်နက်ခိုင်မာရေးနယ်မြေလုကြခြင်းဖြစ်ပါတယ်။

ခရစ်ယာန်နဲ့ မွတ်စလင်တို့အကြား "ခရူးဆိတ်စစ်ပွဲ" နဲ့ “အာရပ်အစ္စရေးစစ်ပွဲ”တို့ဟာ အကြောင်းနောက်ခံမတူကြပါ။ ၁၀၉၅ ခုနှစ်မှ ၁၂၉၁ ခုနှစ်အထိ ရာစုနှစ် ၂ ခုနီးပါးကြာမြင့်တဲ့ ခရူးဆိတ်စစ်ပွဲမှာ မွတ်စလင်တို့ လက်အောက်ရောက်ရှိနေတဲ့ မြင့်မြတ်သော ဂျေရုဆလင်ကို ပြန်သိမ်းယူရေး၊ ဥရောပအရှေ့ပိုင်းသို့ အစ္စလာမ်ဘာသာဖြန့်ကျက်လာခြင်းကို တားဆီးရေးဖြစ်ပါတယ်။

လက်ရှိ ဂျေရုဆလင်ကို စိုးမိုးနေသူ အစ္စရေးတို့မှာ ခရစ်ယာန်များ မဟုတ်ပဲ ဂျူးဒစ်ဘာသာ ၀င်များ ဖြစ်နေပါတယ်။ ဂျုးဒစ်ဘာသာ-ခရစ်ယာန်နဲ့ အစ္စလာမ်တို့ဟာ အာဗြဟံကို ဘာသာရေးဖခင်အဖြစ်သတ်မှတ်ခြင်း၊ တစ်ဆူတည်းသော ဘုရားနဲ့ ကမ္ဘာကို ဘုရားသခင်က ဖန် ဆင်းကြောင်း သွန်သင်ရာမှာ တူညီကြပေမယ့် ခရစ်ယာန်တို့ရဲ လူသားဘုရားပုံစံကို ဂျူးဒစ်ဘာသာက ငြင်းပယ်ပါတယ်။

ပါလက်စတိုင်းကို ခရစ်ယာန်ဘာသာရဲအသိုက်အမြုံအဖြစ် မှတ်ယူကြခြင်းမှာ ယေရှုခရစ် တော်ဖွားမြင်ရာ နာဇရက်မြို့တည်ရှိနေလို့ဖြစ်ပါတယ်။ တကယ်တော့ ခရစ်ယာန်ဘာသာဟာ ဂျူးဘာသာ ဒုတိယဘုရားကျောင်းမှ မေရှိယဂိုဏ်းအဖြစ် ပေါ်ထွန်းလာခြင်းဖြစ်ပါတယ်။

ဒီအတွက် ဂျေရုဆလင်ဟာ ဂျူးများအတွက်ရော ခရစ်ယာန်များအတွက်ပါ သန့်ရှင်းသောမြေဖြစ်နေပါတယ်။ တစ်ဖန် ဂျေရုဆလင်မြို့ဟောင်း အယ်လ်အက္ကဆာဗလီရဲ့ အမိုးခုံးပေါ်မှ တမန်တော်မိုဟာမက်ဟာ ကောင်းကင်ဘုံရှိ အလ္လာရှင်ထံသွားရောက်ပြီး ကိုရမ်ကျမ်းစာကို သင်ယူခဲ့တယ်လို့ အစ္စလာမ်ဘာသာ၀င်တို့ကလည်း ယုံကြည်ကြပါတယ်။ အာဗြဟံ၊ မောရှေ၊ သခင်ယေရှုနဲ့ အခြားသော တမန်တော်များကို ဝတ်ပြုဆုတောင်းရန် ဘုရားသခင်က ဦးဆောင်ခဲ့ရာအဖြစ် ဂျူး၊ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာ၀င်တို့က အထွဋ်အမြတ်ထားရှိကြပါတယ်။ အယ်လ်အက္ကဆာဗလီ၀င်းအတွင်း ပါလက်စတိုင်းမွတ်စလင်များ ၀င်ရောက်ခွင့်ကန့်သတ်ခြင်း၊ တူးဖော်ရေးစီမံကိန်းများ ဆောင်ရွက်ခြင်း၊ အနီးအနားနေ ပါလက်စတိုင်းတို့ကို နှင်ထုတ်ခြင်းတို့ဟာ ပဋိပက္ခမှာ နာကျည်းဖွယ် တင်းမာမှုများဖြစ်လာရပါတယ်။

အာရပ်အမျိုးသားရေးဝါဒနဲ့ ဆက်နွယ်ပြီး အီရတ် ဖိုင်ဆယ်ဘုရင်နဲ့ ဆဒမ်ဟူစိန်၊ အီဂျစ်သမ္မတ နာဆာ၊ လစ်ဗျားခေါင်းဆောင် ကဒါဖီ၊ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံအချို့မှ အာရပ်ဆိုရှယ်လစ်ဘာ့သ် ပါတီတို့ဟာ ထင်ရှားပါတယ်။

ဟစ်ဇ်ဘိုလာတို့ဟာ လက်ဘနွန်ပါလီမန်ကို သစ္စာခံတဲ့ ရှီယိုက်ပြည်သူ့စစ် ခေတ်မီလက်နက် ကိုင်များဖြစ်ပါတယ်။ ဟားမတ်စ်တို့ကတော့ မွတ်စလင်ဘရားသားဟုဒ်မှ ခွဲထွက်လာတဲ့ ဇီယွန်ဝါဒဆန့်ကျင်ရေး ဆွန်နီစစ်သွေးကြွများဖြစ်ပါတယ်။ ယာဆာအာရဖတ်နဲ့ ယှဉ်တွဲပြီး လူသိများတဲ့ “ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့" PLO ဟာ နိုင်ငံထူထောင်ရေးအတွက် အစ္စရေးကို ပတ်မှတ်ထားပြီး အစုအပုံလိုက်သတ်ဖြတ်ခြင်း၊ ဗုံးခွဲခြင်း၊ လေယာဉ်ပြန်ပေးဆွဲခြင်းတို့ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ၁၉၉၃ အော်စလို သဘောတူညီချက်အရ အစ္စရေးနိုင်ငံတည်ရှိမှုကို အသိအမှတ်ပြုပြီး အကြမ်းဖက်မှုများကို စွန့်လွှတ်ခဲ့ပါတယ်။

ဟားမတ်စ်စစ်သွေးကြွတို့ဟာ ၂၀၀၆ ခုနှစ် ပါလက်စတိုင်းရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး ဂါဇာကမ်းမြှောင်ဒေသကို အုပ်ချုပ်နေပါတယ်။ အမေရိကန်၊ အီးယူအပါအ၀င် ၉ နိုင်ငံက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားကြပေမယ့် နိုင်ငံဆုံးရှုံးထားရဲ့ အပယ်ခံလူနည်းစုအဖြစ် ဂရုဏာသက်တဲ့ နိုင်ငံများလည်း ရှိနေပါတယ်။ ဟားမတ်စ်တို့ကို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာဖို့ကိစ္စဟာလည်း အောင်မြင်ခြင်း မရှိပါ။

တကယ်တော့ အစ္စရေးကိုယ်တိုင် အစိုးရအဆင့် ခွဲခြားဆက်ဆံရေးဥပဒေများ ပြဋ္ဌာန်းခြင်း၊ ဆန့်ကျင်ဘက်များအပေါ် တရားလက်လွတ်သတ်ဖြတ်မှုဖြင့် စစ်ရာဇ၀တ်မှုကျူးလွန်ခြင်း၊ လူသားမျိုးနွယ်အပေါ် ဖိနှိပ်ချုပ်ချယ်ခြင်းဖြင့် လူ့အခွင့်အရေးချိုးဖောက်ကြောင်း အကြိမ်ကြိမ် စွပ်စွဲခံထားရတဲ့ တိုင်းပြည်ဖြစ်ပါတယ်။

zawgyi version
ဟားမတ္စ္ - အစၥေရး ပဋိပကၡႏွင့္ ပါလက္စတိုင္း သမိုင္းေနာက္ခံ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ေအာက္တိုဘာ ၁ဝ

လက္ရွိျဖစ္ပြားေနတဲ့ အစၥေရး-ပါလက္စတိုင္းစစ္ပြဲျဖစ္ရျခင္းကို ရွင္းလင္းစြာ သိႏိုင္ဖို႔အတြက္ အဲဒီေဒသရဲ႕ ေနာက္ခံသမိုင္းေၾကာင္းကို အတိုခ်ဳံး ရွင္းျပလိုပါတယ္။

ယခုေဆာင္းပါးမွာ ေဖာ္ျပမယ့္ "ပါလက္စတိုင္းေဒသ" ဆိုရာမွာ ႏိုင္ငံတစ္ႏိုင္ငံကို ဆိုလိုရင္း မဟုတ္ပဲ
(၁) မ်က္ေမွာက္ေခတ္ အစၥေရးႏိုင္ငံ၊
(၂) ဂါဇာကမ္းေျမႇာင္ေဒသနဲ႔
(၃) အေနာက္ဘက္ကမ္း (ေဂ်ာ္ဒန္ျမစ္အေနာက္ဘက္ကမ္း) တို႔ ပါ၀င္တဲ့ ေဒသတစ္ခုလုံးကို သိမ္းႀကဳံးရည္ၫႊန္းျခင္းသာျဖစ္ပါတယ္။

ေဒသတစ္ခုလုံးကို သုံးခုအျဖစ္ ပိုင္းျခားေျပာဆိုရျခင္းမွာလည္း အလယ္မွာ အစၥေရးေတာင္ပိုင္းေဒသျခားနားၿပီး ဂါဇာနဲ႔ အေနာက္ဘက္ကမ္းတို႔မွာ ဆြန္နီမြတ္စလင္ ပါလက္စတိုင္းလူမ်ိဳးမ်ား ေနထိုင္ၾကတဲ့အတြက္ ျဖစ္ပါတယ္။

ပါလက္စတိုင္းေဒသ တစ္ခုလုံးဟာ ျမန္မာႏိုင္ငံဧရိယာရဲ႕ ၃ ဒသမ ၂၄ ရာခိုင္ႏႈန္းသာ က်ယ္ ၀န္းပါတယ္။ ျမန္မာက လူဦးေရ ၅၆ သန္းေက်ာ္ရွိၿပီး အစၥေရးႏိုင္ငံအေနျဖင့္ ၉ သန္းေက်ာ္၊ ဂါဇာ ၂ သန္းခန္႔ နဲ႔ အေနာက္ဘက္ကမ္းမွာ ၃ သန္းျဖစ္တဲ့အတြက္ ေဒသတစ္ခုလုံး စုစုေပါင္း လူဦးေရ ၁၅ သန္းခန္႔နဲ႔ ႏႈိင္းယွဥ္ၾကည့္ႏိုင္ပါတယ္။

ဒါေပမယ့္ အဲဒီေဒသေနသူတို႔ရဲ႕ ကြဲျပားျခားနားတဲ့ ေတာင္းဆိုခ်က္မ်ားေၾကာင့္ ကမာၻ႔ေသြး ထြက္သံယို အၾကမ္းဖက္မႈအမ်ားဆုံး၊ အျမင့္ဆုံးတင္းမာမႈမ်ားနဲ႔ အခ်ိန္မေ႐ြးေပါက္ကြဲႏိုင္တဲ့ ယမ္းအိုးႀကီးသဖြယ္ ျဖစ္ေနရပါတယ္။

ပထဝီ၀င္အားျဖင့္ Levant "လက္ဗင့္" ေခၚ ေျမထဲပင္လယ္ကို ေမးတင္လ်က္ရွိတဲ့ အာရွတိုက္အေနာက္ဖ်ားရဲ႕ေတာင္ပိုင္းမွာ ပါ၀င္ပါတယ္။ ကမာၻ႔အေစာဆုံး လူသားမ်ားေနထိုင္ရာျဖစ္ၿပီး လက္ရွိ ကြၽန္ေတာ္တို႔ မ်က္ေမွာက္ေခတ္ "စြမ္းလူ" တို႔ဟာ အာဖရိကတိုက္မွေနၿပီး ဥေရာပနဲ႔ ကမာၻအရပ္ရပ္သို႔ ပ်ံ႕ႏွံ႔ျခင္းမတိုင္မီ စိုက္ပ်ိဳးေရးနဲ႔ ယဥ္ေက်းမႈအေထာက္အထားမ်ားကိုလည္း ေတြ႕ရွိရပါတယ္။

ေရွးေခတ္ အီဂ်စ္လူမ်ိဳးမ်ားအစ ေဘဘီလုံနဲ႔ ေရွးဂရိ ေရာမတို႔အပါအ၀င္ ဘိုင္ဇန္တိုင္၊ အာရပ္တို႔အထိ လူမ်ိဳးအသီးသီးတို႔ရဲ႕ ထိန္းခ်ဳပ္ရာနယ္ေျမျဖစ္ခဲ့ရပါတယ္။ ဘီစီ ၁၁၀၀ ေဒသတြင္းမွာ ယေန႔ ပါလက္စတိုင္း ျဖစ္လာမယ့္ ဖိလစ္စတင္းမ်ားေနရာမွာ အစၥေရးျဖစ္လာမယ့္ ေရွးေဟာင္းဟီးဘ႐ူးလူမ်ိဳးမ်ား ၀င္ေရာက္ေနထိုင္ေနၾကၿပီျဖစ္ပါတယ္။

ဘီစီ ၅၇၆ မွာ ေဘဘီလုံဘုရင္ကို စစ္ရႈံးၿပီးေနာက္ ေဒသတြင္းမွ ႏွင္ထုတ္ခံခဲ့ရဖူးေပမယ့္ ျပန္လည္၀င္ေရာက္ခြင့္ ရရွိခဲ့ပါတယ္။ ေအဒီ ၄ ရာစု ေရာမဧကရာစ္ကြန္စတင္တိုင္းရဲ႕ ခရစ္ ယာန္ဘာသာကို မ်က္ႏွာသာေပးျခင္းနဲ႔အတူ ပါလက္စတိုင္းေဒသမွာ ဂ်ဳးတို႔ ဖိႏွိပ္ညႇင္းပန္းခံရၿပီး ကမာၻအရပ္ရပ္သို႔ ထြက္ခြာျခင္းျဖင့္ ေဒသတြင္း လူနည္းစုျဖစ္သြားရပါတယ္။

သမိုင္းတစ္ေလွ်ာက္ မြန္ဂိုအပါအ၀င္ အုပ္စိုးသူ အမ်ိဳးမ်ိဳးေျပာင္းလဲခဲ့ရတဲ့ ပါလက္စတိုင္းေဒသကို ၁၉၁၅ ခုႏွစ္ ပထမကမာၻစစ္အတြင္း ေအာ္တိုမန္တူရကီတို႔လက္မွ ၿဗိတိသွ်တို႔က ေျပာင္းလဲရယူခဲ့ပါတယ္။ တရား၀င္ထိန္းသိမ္းေစာင့္ေရွာက္ခြင့္ရရွိသူအျဖစ္မွ စြန္႔လႊတ္လိုေၾကာင္း ၿဗိတိသွ်တို႔က ၁၉၄၇ ခုႏွစ္ ဒုတိယကမာၻစစ္အၿပီး ေၾကညာခဲ့ပါတယ္။ ကမာၻအရပ္ရပ္မွ ဂ်ဴးလူမ်ိဳးမ်ားလည္း ဇီယြန္ဝါဒေၾကာင့္ ပါလက္စတိုင္းေဒသအတြင္း တဖြဲဖြဲေရာက္ရွိေနၾကၿပီးျဖစ္ပါတယ္။

၁၉၄၇ ခုႏွစ္ ကုလသမဂၢအေထြေထြညီလာခံ အႀကံျပဳခ်က္ ၁၈၁ အပိုဒ္ ၂ အရ ေဂ်႐ုဆလင္ကို အျပည္ျပည္ဆိုင္ရာအျဖစ္သတ္မွတ္ၿပီး က်န္ပါလက္စတိုင္းေဒသကို ဂ်ဳးနဲ႔ အာရပ္ျပည္ နယ္မ်ားအျဖစ္ ခြဲေဝသတ္မွတ္ရန္ တိုက္တြန္းထားပါတယ္။ ကုလသမဂၢအႀကံျပဳခ်က္ကို ဂ်ဴးတို႔က လက္ခံေပမယ့္ အာရပ္အဆင့္ျမင့္ေကာ္မတီက ျငင္းပယ္ပါတယ္။ အုပ္ခ်ဳပ္ေစာင့္ေရွာက္ခြင့္ရသူ ၿဗိတိသွ်စစ္တပ္မ်ားထြက္ခြာၿပီး ေနာက္တစ္ေန႔မွာ လြတ္လပ္တဲ့ အခ်ဳပ္အခ်ာအာဏာပိုင္ အစၥေရးႏိုင္ငံထူေထာင္ေၾကာင္း ေၾကညာတဲ့ ဂ်ဴးတို႔ကို ပါလက္စတိုင္းတို႔နဲ႔ ေဒသတြင္း အာရပ္ႏိုင္ငံ(၇)ႏိုင္ငံက ဝိုင္း၀န္းတိုက္ခိုက္ျခင္းျဖင့္ ပထမအႀကိမ္ အာရပ္-အစၥေရးစစ္ပြဲျဖစ္ပြားရပါေတာ့တယ္။

အစၥေရးႏိုင္ငံ ထူေထာင္ခ်ိန္မွစတင္ၿပီး အာရပ္တို႔နဲ႔ ၁၄ ႀကိမ္တိုင္တိုင္ အတိအလင္းစစ္ခင္းခဲ့ရၿပီး အဲဒီအထဲမွာ ပါလက္စတိုင္းတို႔နဲ႔ ၆ ႀကိမ္၊ ေျမာက္ပိုင္း အိမ္နီးခ်င္း လက္ဘႏြန္ႏိုင္ငံအတြင္း အစၥေရးက က်ဴးေက်ာ္၀င္ေရာက္ၿပီး ဟစ္ဇ္ဘိုလာ ျပည္သူ႔စစ္တို႔ကို တိုက္ခိုက္ျခင္း ၃ ႀကိမ္ပါ၀င္ခဲ့တယ္လို႔ Financial Times ( 7 October 2023) က ေရးသားပါတယ္။

စစ္ပြဲၿပီးဆုံးခ်ိန္မွာ အစၥေရးဟာ ဆိုင္းႏိုင္းကြၽန္းဆြယ္၊ ဂါဇာကမ္းေျမႇာင္၊ အေနာက္ဘက္ကမ္း၊ ရွီဘာလယ္ယာေျမမ်ားနဲ႔ ဂိုလန္ကုန္းျမင့္တို႔အထိ သိမ္းယူရရွိခဲ့ပါတယ္။ အဲဒီအရွိန္ဂယက္ေၾကာင့္ ေဒသတြင္း ပထဝီႏိုင္ငံေရးအေပၚ ယေန႔တိုင္ ထိခိုက္ေစခဲ့ပါတယ္။ အျပင္းထန္ဆုံးေသာ စစ္ပြဲမွာ ၁၉၆၇ ခုႏွစ္ ဇြန္လ ၆ ရက္စစ္ပြဲျဖစ္ၿပီး အေနာက္ဘက္ကမ္းနဲ႔ ဂါဇာကမ္းေျမႇာင္တို႔ကို သံဆူးႀကိဳးခတ္တံတိုင္းကာရံျခင္းျဖင့္ ပါလက္စတိုင္းတို႔ကို သီးျခားခြဲထုတ္ပစ္လိုက္ပါတယ္။ ပါလက္စတိုင္းတို႔ကလည္း အေနာက္ဘက္ကမ္း နဲ႔ ဂါဇာကို ပူးေပါင္းၿပီး ပါလက္စတိုင္းအမ်ိဳးသားႏိုင္ငံအျဖစ္ ထူေထာင္ေၾကာင္း ေၾကညာခဲ့ရာ ႏိုင္ငံအခ်ိဳ႕က ေထာက္ခံပါတယ္။

အစၥေရးအာရပ္တို႔အၾကား စစ္မက္ျဖစ္ပြားရျခင္းမွာ အခ်ိဳ႕ထင္မွတ္မွားေနၾကသလို ဘာသာေရးေၾကာင့္ လုံး၀မဟုတ္ပါ။ ဇီယြန္ဝါဒ နဲ႔ အာရပ္တို႔အမ်ိဳးသားေရးဝါဒတို႔ တစ္ၿပိဳင္တည္း ထြန္းကားလာျခင္းေၾကာင့္သာျဖစ္ပါတယ္။ ဂ်ဴးတို႔ရဲဇာတိေျမ ပါလက္စတိုင္းေဒသမွာ အစၥေရးႏိုင္ငံထူေထာင္ေရးဝါဒ နဲ႔ အတၱလန္တိတ္သမုဒၵရာမွ အိႏၵိယသမုဒၵရာအထိတစ္ခုတည္းေသာအာရပ္လူ႔အဖြဲ႕အစည္းထူေထာင္ေရးဝါဒတို႔ ထိပ္တိုက္ေတြ႕ၾကရာမွ ပိုင္နက္ခိုင္မာေရးနယ္ေျမလုၾကျခင္းျဖစ္ပါတယ္။

ခရစ္ယာန္နဲ႔ မြတ္စလင္တို႔အၾကား "ခ႐ူးဆိတ္စစ္ပြဲ" နဲ႔ “အာရပ္အစၥေရးစစ္ပြဲ”တို႔ဟာ အေၾကာင္းေနာက္ခံမတူၾကပါ။ ၁၀၉၅ ခုႏွစ္မွ ၁၂၉၁ ခုႏွစ္အထိ ရာစုႏွစ္ ၂ ခုနီးပါးၾကာျမင့္တဲ့ ခ႐ူးဆိတ္စစ္ပြဲမွာ မြတ္စလင္တို႔ လက္ေအာက္ေရာက္ရွိေနတဲ့ ျမင့္ျမတ္ေသာ ေဂ်႐ုဆလင္ကို ျပန္သိမ္းယူေရး၊ ဥေရာပအေရွ႕ပိုင္းသို႔ အစၥလာမ္ဘာသာျဖန္႔က်က္လာျခင္းကို တားဆီးေရးျဖစ္ပါတယ္။

လက္ရွိ ေဂ်႐ုဆလင္ကို စိုးမိုးေနသူ အစၥေရးတို႔မွာ ခရစ္ယာန္မ်ား မဟုတ္ပဲ ဂ်ဴးဒစ္ဘာသာ ၀င္မ်ား ျဖစ္ေနပါတယ္။ ဂ်ဳးဒစ္ဘာသာ-ခရစ္ယာန္နဲ႔ အစၥလာမ္တို႔ဟာ အာျဗဟံကို ဘာသာေရးဖခင္အျဖစ္သတ္မွတ္ျခင္း၊ တစ္ဆူတည္းေသာ ဘုရားနဲ႔ ကမာၻကို ဘုရားသခင္က ဖန္ ဆင္းေၾကာင္း သြန္သင္ရာမွာ တူညီၾကေပမယ့္ ခရစ္ယာန္တို႔ရဲ လူသားဘုရားပုံစံကို ဂ်ဴးဒစ္ဘာသာက ျငင္းပယ္ပါတယ္။

ပါလက္စတိုင္းကို ခရစ္ယာန္ဘာသာရဲအသိုက္အၿမဳံအျဖစ္ မွတ္ယူၾကျခင္းမွာ ေယရႈခရစ္ ေတာ္ဖြားျမင္ရာ နာဇရက္ၿမိဳ႕တည္ရွိေနလို႔ျဖစ္ပါတယ္။ တကယ္ေတာ့ ခရစ္ယာန္ဘာသာဟာ ဂ်ဴးဘာသာ ဒုတိယဘုရားေက်ာင္းမွ ေမရွိယဂိုဏ္းအျဖစ္ ေပၚထြန္းလာျခင္းျဖစ္ပါတယ္။

ဒီအတြက္ ေဂ်႐ုဆလင္ဟာ ဂ်ဴးမ်ားအတြက္ေရာ ခရစ္ယာန္မ်ားအတြက္ပါ သန္႔ရွင္းေသာေျမျဖစ္ေနပါတယ္။ တစ္ဖန္ ေဂ်႐ုဆလင္ၿမိဳ႕ေဟာင္း အယ္လ္အကၠဆာဗလီရဲ႕ အမိုးခုံးေပၚမွ တမန္ေတာ္မိုဟာမက္ဟာ ေကာင္းကင္ဘုံရွိ အလႅာရွင္ထံသြားေရာက္ၿပီး ကိုရမ္က်မ္းစာကို သင္ယူခဲ့တယ္လို႔ အစၥလာမ္ဘာသာ၀င္တို႔ကလည္း ယုံၾကည္ၾကပါတယ္။ အာျဗဟံ၊ ေမာေရွ၊ သခင္ေယရႈနဲ႔ အျခားေသာ တမန္ေတာ္မ်ားကို ဝတ္ျပဳဆုေတာင္းရန္ ဘုရားသခင္က ဦးေဆာင္ခဲ့ရာအျဖစ္ ဂ်ဴး၊ ခရစ္ယာန္နဲ႔ အစၥလာမ္ဘာသာ၀င္တို႔က အထြဋ္အျမတ္ထားရွိၾကပါတယ္။ အယ္လ္အကၠဆာဗလီ၀င္းအတြင္း ပါလက္စတိုင္းမြတ္စလင္မ်ား ၀င္ေရာက္ခြင့္ကန္႔သတ္ျခင္း၊ တူးေဖာ္ေရးစီမံကိန္းမ်ား ေဆာင္႐ြက္ျခင္း၊ အနီးအနားေန ပါလက္စတိုင္းတို႔ကို ႏွင္ထုတ္ျခင္းတို႔ဟာ ပဋိပကၡမွာ နာက်ည္းဖြယ္ တင္းမာမႈမ်ားျဖစ္လာရပါတယ္။

အာရပ္အမ်ိဳးသားေရးဝါဒနဲ႔ ဆက္ႏြယ္ၿပီး အီရတ္ ဖိုင္ဆယ္ဘုရင္နဲ႔ ဆဒမ္ဟူစိန္၊ အီဂ်စ္သမၼတ နာဆာ၊ လစ္ဗ်ားေခါင္းေဆာင္ ကဒါဖီ၊ ပါလက္စတိုင္းလြတ္ေျမာက္ေရးအဖြဲ႕ (PLO) နဲ႔ အေရွ႕အလယ္ပိုင္းႏိုင္ငံအခ်ိဳ႕မွ အာရပ္ဆိုရွယ္လစ္ဘာ့သ္ ပါတီတို႔ဟာ ထင္ရွားပါတယ္။

ဟစ္ဇ္ဘိုလာတို႔ဟာ လက္ဘႏြန္ပါလီမန္ကို သစၥာခံတဲ့ ရွီယိုက္ျပည္သူ႔စစ္ ေခတ္မီလက္နက္ ကိုင္မ်ားျဖစ္ပါတယ္။ ဟားမတ္စ္တို႔ကေတာ့ မြတ္စလင္ဘရားသားဟုဒ္မွ ခြဲထြက္လာတဲ့ ဇီယြန္ဝါဒဆန္႔က်င္ေရး ဆြန္နီစစ္ေသြးႂကြမ်ားျဖစ္ပါတယ္။ ယာဆာအာရဖတ္နဲ႔ ယွဥ္တြဲၿပီး လူသိမ်ားတဲ့ “ပါလက္စတိုင္းလြတ္ေျမာက္ေရးအဖြဲ႕" PLO ဟာ ႏိုင္ငံထူေထာင္ေရးအတြက္ အစၥေရးကို ပတ္မွတ္ထားၿပီး အစုအပုံလိုက္သတ္ျဖတ္ျခင္း၊ ဗုံးခြဲျခင္း၊ ေလယာဥ္ျပန္ေပးဆြဲျခင္းတို႔ ေၾကာင့္ အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ခံခဲ့ရဖူးပါတယ္။ ဒါေပမယ့္ ၁၉၉၃ ေအာ္စလို သေဘာတူညီခ်က္အရ အစၥေရးႏိုင္ငံတည္ရွိမႈကို အသိအမွတ္ျပဳၿပီး အၾကမ္းဖက္မႈမ်ားကို စြန္႔လႊတ္ခဲ့ပါတယ္။

ဟားမတ္စ္စစ္ေသြးႂကြတို႔ဟာ ၂၀၀၆ ခုႏွစ္ ပါလက္စတိုင္းေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိၿပီး ဂါဇာကမ္းေျမႇာင္ေဒသကို အုပ္ခ်ဳပ္ေနပါတယ္။ အေမရိကန္၊ အီးယူအပါအ၀င္ ၉ ႏိုင္ငံက အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ထားၾကေပမယ့္ ႏိုင္ငံဆုံးရႈံးထားရဲ႕ အပယ္ခံလူနည္းစုအျဖစ္ ဂ႐ုဏာသက္တဲ့ ႏိုင္ငံမ်ားလည္း ရွိေနပါတယ္။ ဟားမတ္စ္တို႔ကို႔ ကုလသမဂၢအေထြေထြညီလာခံမွာ အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ ေၾကညာဖို႔ကိစၥဟာလည္း ေအာင္ျမင္ျခင္း မရွိပါ။

တကယ္ေတာ့ အစၥေရးကိုယ္တိုင္ အစိုးရအဆင့္ ခြဲျခားဆက္ဆံေရးဥပေဒမ်ား ျပ႒ာန္းျခင္း၊ ဆန္႔က်င္ဘက္မ်ားအေပၚ တရားလက္လြတ္သတ္ျဖတ္မႈျဖင့္ စစ္ရာဇ၀တ္မႈက်ဴးလြန္ျခင္း၊ လူသားမ်ိဳးႏြယ္အေပၚ ဖိႏွိပ္ခ်ဳပ္ခ်ယ္ျခင္းျဖင့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္ေၾကာင္း အႀကိမ္ ႀကိမ္ စြပ္စြဲခံထားရတဲ့ တိုင္းျပည္ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.