ထိုင်းသံအမတ်ကြီးဟောင်းကို သတ်ခဲ့သည်ဟု ယူဆရသော မြန်မာနိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဝရမ်းထုတ်

2129

Pika (NP News) - အောက်တိုဘာ ၁ဝ
ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်း Wichit Chitwiman အသတ်ခံရမှုနှင့်ဆက်စပ်ပြီး အသက်(၁၉)နှစ် အရွယ်ရှိ မြန်မာနိုင်ငံသားကို ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အသက်(၆၃)နှစ်အရွယ်ရှိ Wichit Chitwiman သည် ပြီးခဲ့သည့်သီတင်းပတ်က Chatuchak ရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် ဓါးဖြင့် ထိုးသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ Wichit Chitwiman ကို ဓါးဖြင့် ထိုးသတ်သွားသည့် တရားခံမှာ စိုင်းမြတ်မိုးအမည်ရှိ မြန်မာနိုင်ငံသားဖြစ်ကြောင်း ရဲမှူးချုပ် Noppasilp Poonsawat က ပြောခဲ့သည်။
စိုင်းမြတ်မိုးသည် ယခင်က Wichit Chitwiman ၏ အလုပ်သမားအဖြစ် လုပ်ကိုင်ဖူးပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံဖက်သို့ ထွက်ပြေးသွားခဲ့ပုံပေါ်ကြောင်း Noppasilp Poonsawat က ပြောခဲ့သည်။
စိုင်းမြတ်မိုးကို ဖမ်းဆီးနိုင်ရန်အတွက် ထိုင်းရဲတပ်ဖွဲ့သည် အင်တာပိုလ်သတိပေးချက်ကို ထုတ်ပြန်နိုင်ရန် ကြိုးပမ်း နေကြောင်း သိရသည်။ Wichit Chitwiman ကို Vibhavadi Rangsit 20 လမ်းရှိ နေအိမ်တစ်ခုတွင် ရင်ဖက်မှာ ဓါးဒဏ်ရာသုံးချက်ဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထို့အပြင် အခင်းဖြစ်ပွားသည့်နေအိမ်တွင်ရှိသော မီးဖိုချောင်မှ ဓါးဟု ယူဆရသော သွေးစွန်းနေသည့် ဓါးနှစ်ချောင်းကိုလည်း တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Wichit Chitwiman သည် စက်တင်ဘာလ(၉)ရက်တွင် အဆိုပါနေအိမ်သို့ ပြောင်းရွှေ့ကာနေထိုင်ခဲ့ခြင်းဖြစ် ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောကြားခဲ့သည်။ စိုင်းမြတ်မိုးသည် စက်တင်ဘာလ(၁၉)ရက်တွင် Wichit Chitwiman ထံမှာ စတင်အလုပ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထို့အပြင် ကိုယ်ရေးကိုယ်တာပစ္စည်းများ ဖုန်းများနှင့် tablet တို့အပါအဝင် အိမ်တွင်းရှိ ပစ္စည်းအချို့လည်း ပျောက်ဆုံးနေ ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
လူသတ်မှုများ လုပ်ဆောင်ပြီးနောက် စိုင်းမြတ်မိုးသည် ဈေးဝယ်စင်တာတစ်ခုရှိ ATM စက်မှ ပိုက်ဆံတစ်သန်း အောက်ပမာဏကို ထုတ်ယူသွားခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ရှာဖွေတွေ့ရှိခဲ့သည်။ စိုင်းမြတ်မိုးသည် ငွေထုတ်ယူပြီးကတည်းက လက်ရှိအချိန်ထိ ပျောက်ဆုံးနေကြောင်း Bangkok Post သတင်းဌာနက ဖော်ပြခဲ့သည်။

Zawgyi Version;
ထိုင္းသံအမတ္ႀကီးေဟာင္းကို သတ္ခဲ့သည္ဟု ယူဆရေသာ ျမန္မာႏိုင္ငံသားကို ထိုင္းရဲတပ္ဖြဲ႕ ဖမ္းဝရမ္းထုတ္
Pika (NP News) - ေအာက္တိုဘာ ၁ဝ
ဒိန္းမတ္ႏိုင္ငံဆိုင္ရာ ထိုင္းသံအမတ္ႀကီးေဟာင္း Wichit Chitwiman အသတ္ခံရမႈႏွင့္ဆက္စပ္ၿပီး အသက္(၁၉)ႏွစ္ အ႐ြယ္ရွိ ျမန္မာႏိုင္ငံသားကို ဖမ္းဝရမ္းထုတ္လိုက္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။
အသက္(၆၃)ႏွစ္အ႐ြယ္ရွိ Wichit Chitwiman သည္ ၿပီးခဲ့သည့္သီတင္းပတ္က Chatuchak ရပ္ကြက္ရွိ ၎၏ ေနအိမ္တြင္ ဓါးျဖင့္ ထိုးသတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။ Wichit Chitwiman ကို ဓါးျဖင့္ ထိုးသတ္သြားသည့္ တရားခံမွာ စိုင္းျမတ္မိုးအမည္ရွိ ျမန္မာႏိုင္ငံသားျဖစ္ေၾကာင္း ရဲမႉးခ်ဳပ္ Noppasilp Poonsawat က ေျပာခဲ့သည္။
စိုင္းျမတ္မိုးသည္ ယခင္က Wichit Chitwiman ၏ အလုပ္သမားအျဖစ္ လုပ္ကိုင္ဖူးၿပီး လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံဖက္သို႔ ထြက္ေျပးသြားခဲ့ပုံေပၚေၾကာင္း Noppasilp Poonsawat က ေျပာခဲ့သည္။
စိုင္းျမတ္မိုးကို ဖမ္းဆီးႏိုင္ရန္အတြက္ ထိုင္းရဲတပ္ဖြဲ႕သည္ အင္တာပိုလ္သတိေပးခ်က္ကို ထုတ္ျပန္ႏိုင္ရန္ ႀကိဳးပမ္း ေနေၾကာင္း သိရသည္။ Wichit Chitwiman ကို Vibhavadi Rangsit 20 လမ္းရွိ ေနအိမ္တစ္ခုတြင္ ရင္ဖက္မွာ ဓါးဒဏ္ရာသုံးခ်က္ျဖင့္ ေသဆုံးလ်က္ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။ ထို႔အျပင္ အခင္းျဖစ္ပြားသည့္ေနအိမ္တြင္ရွိေသာ မီးဖိုေခ်ာင္မွ ဓါးဟု ယူဆရေသာ ေသြးစြန္းေနသည့္ ဓါးႏွစ္ေခ်ာင္းကိုလည္း ေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။
Wichit Chitwiman သည္ စက္တင္ဘာလ(၉)ရက္တြင္ အဆိုပါေနအိမ္သို႔ ေျပာင္းေ႐ႊ႕ကာေနထိုင္ခဲ့ျခင္းျဖစ္ ေၾကာင္း ၎၏ မိသားစုဝင္မ်ားက ေျပာၾကားခဲ့သည္။ စိုင္းျမတ္မိုးသည္ စက္တင္ဘာလ(၁၉)ရက္တြင္ Wichit Chitwiman ထံမွာ စတင္အလုပ္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။ ထို႔အျပင္ ကိုယ္ေရးကိုယ္တာပစၥည္းမ်ား ဖုန္းမ်ားႏွင့္ tablet တို႔အပါအဝင္ အိမ္တြင္းရွိ ပစၥည္းအခ်ိဳ႕လည္း ေပ်ာက္ဆုံးေန ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာသည္။
လူသတ္မႈမ်ား လုပ္ေဆာင္ၿပီးေနာက္ စိုင္းျမတ္မိုးသည္ ေဈးဝယ္စင္တာတစ္ခုရွိ ATM စက္မွ ပိုက္ဆံတစ္သန္း ေအာက္ပမာဏကို ထုတ္ယူသြားခဲ့ေၾကာင္း စုံစမ္းစစ္ေဆးသူမ်ားက ရွာေဖြေတြ႕ရွိခဲ့သည္။ စိုင္းျမတ္မိုးသည္ ေငြထုတ္ယူၿပီးကတည္းက လက္ရွိအခ်ိန္ထိ ေပ်ာက္ဆုံးေနေၾကာင္း Bangkok Post သတင္းဌာနက ေဖာ္ျပခဲ့သည္။