သီတင်းကျွတ်ကာလ ရိုးရာမီးပုံးများကို အွန်လိုင်းမှတဆင့်ရောင်းချမှု ပြောင်းလဲလုပ်ကိုင်လာသော်လည်း အရောင်းအဝယ်နည်းပါးနေ

 1105

NP News - အောက်တိုဘာ ၁၃

သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် ပြည်ပမှတင်သွင်းသည့် ကုန်စည်သစ်များ ဝင်ရောက်နေသည့်အတွက် ရိုးရာမီးပုံးလုပ်ငန်းများအနေဖြင့် ထုတ် လုပ်မှုစရိတ် နှင့် မကိုက်ခြင်းကြောင့် အခက်အခဲဖြစ်ပေါ်နေကြောင်းသိရသည်။

မြန့်မာရိုးရာမီးထွန်းပွဲတော်သုံး ကလေးကစားစရာ စက္ကူမီးပုံးများသည်လည်း အထွေထွေကုန်ဈေးနှုန်းများမြင့်တက်နေခြင်းကြောင့် ရိုးရာမီးပုံးလုပ်ငန်းများ ဝယ်လိုအားကျဆင်းနေကြောင်း ရိုးရာမီးပုံးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ရိုးရာမီးပုံးလုပ်ငန်းများသည် ပြီးခဲ့သည့် သီတင်းကျွတ်ကာလများ၌ ရောင်းချမှုမြင့်တက်လေ့ရှိသော်လည်း လက်ရှိကာလတွင် ဟိုတယ်လုပ်ငန်းများ၏ အော်ဒါမှာယူမှုကိုသာ အဓိကဆောင်ရွက်နေရကြောင်းသိရသည်။

"အဖက်ဖက်က ကုန်ဈေးနှုန်းမြင့်တက်နေတော့ အားလုံးကစီးပွားရေးကျပ် တည်းကြတယ်။ ဒီနှစ်မှာလည်း ငွေကြေးမပြေလည်မှုတွေကြောင့် မဝယ်နိုင်ကြတော့မှာစိုးတယ်"ဟု ရန်ကုန်မြို့ ကြည်မြင့်တိုင် ဗားကရာချောက်ရှိသီတင်းကျွတ်ရာသီပေါ် ကုန်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။

ယခင်က သီတင်းကျွတ် ကုန်ပစ္စည်းများကို ဆိုင်များ၊ ဈေးဗန်းများခင်း၍ ရောင်းချခဲ့သော်လည်း လက်ရှိအချိန်၌ ခေတ်နှင့်အညီ ရောင်းချမှုများရှိလာခြင်းကြောင့် Online ပေါ်မှတဆင့်ရောင်းချလာကြသည်။

“အခုနှစ်မှာ online တွေကနေ မှာယူရောင်းချတာတွေ တွင်ကျယ်နေပေမယ့် ဝယ်လိုအားက ထင်သလောက်တော့ မရှိပါဘူး။ လက်ရှိမှာ အဝယ်ရှိတာက ဟိုတယ်တို့၊ ပွဲလမ်းသဘင်တို့အတွက် ကြိုတင်အော်ဒါမှာတာ လောက်ပဲ ရှိပါတယ်”ဟု သီတင်းကျွတ်သုံးကုန်ပစ္စည်းမျိုးစုံ Online Shopping လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက NSS ကိုပြောသည်။

သီတင်းကျွတ်ကာလအတွက် အိမ်တိုင်းလမ်းတိုင်းတွင် နှစ်စဉ်ထွန်းညှိလေ့ရှိသော ဖယောင်းတိုင်မီး၊ ဆီမီး၊ ရောင်စုံ မီးပုံးများသာမက လက်ရှိတွင် ရောင်စုံဒီဇိုင်းစုံ LED မီးဆိုင်း/မီးတွဲများ၊ ဓာတ်ခဲအသုံးပြု ဖယောင်းတိုင်များ၊ LED ပန်းအိုးနှင့် ပန်းစည်းများကိုပါ တင်သွင်းရောင်းချလာကြောင်းသိရသည်။

zawgyi version
သီတင္းကြၽတ္ကာလ ႐ိုးရာမီးပုံးမ်ားကို အြန္လိုင္းမွတဆင့္ေရာင္းခ်မႈ ေျပာင္း လဲလုပ္ကိုင္လာေသာ္လည္း အေရာင္းအဝယ္နည္းပါးေန
NP News - ေအာက္တိုဘာ ၁၃

သီတင္းကြၽတ္မီးထြန္းပြဲေတာ္အတြက္ ျပည္ပမွတင္သြင္းသည့္ ကုန္စည္သစ္မ်ား ဝင္ေရာက္ေနသည့္အတြက္ ႐ိုးရာမီးပုံးလုပ္ငန္းမ်ားအေနျဖင့္ ထုတ္ လုပ္မႈစရိတ္ ႏွင့္ မကိုက္ျခင္းေၾကာင့္ အခက္အခဲျဖစ္ေပၚေနေၾကာင္းသိရသည္။

ျမန႔္မာ႐ိုးရာမီးထြန္းပြဲေတာ္သုံး ကေလးကစားစရာ စကၠဴမီးပုံးမ်ားသည္လည္း အေထြေထြကုန္ေဈးႏႈန္းမ်ားျမင့္တက္ေနျခင္းေၾကာင့္ ႐ိုးရာမီးပုံးလုပ္ငန္းမ်ား ဝယ္လိုအားက်ဆင္းေနေၾကာင္း ႐ိုးရာမီးပုံးလုပ္ငန္းလုပ္ကိုင္သူမ်ားထံမွ သိရသည္။

႐ိုးရာမီးပုံးလုပ္ငန္းမ်ားသည္ ၿပီးခဲ့သည့္ သီတင္းကြၽတ္ကာလမ်ား၌ ေရာင္းခ်မႈျမင့္တက္ေလ့ရွိေသာ္လည္း လက္ရွိကာလတြင္ ဟိုတယ္လုပ္ငန္းမ်ား၏ ေအာ္ဒါမွာယူမႈကိုသာ အဓိကေဆာင္႐ြက္ေနရေၾကာင္းသိရသည္။

"အဖက္ဖက္က ကုန္ေဈးႏႈန္းျမင့္တက္ေနေတာ့ အားလုံးကစီးပြားေရးက်ပ္ တည္းၾကတယ္။ ဒီႏွစ္မွာလည္း ေငြေၾကးမေျပလည္မႈေတြေၾကာင့္ မဝယ္ႏိုင္ၾကေတာ့မွာစိုးတယ္"ဟု ရန္ကုန္ၿမိဳ႕ ၾကည္ျမင့္တိုင္ ဗားကရာေခ်ာက္ရွိသီတင္းကြၽတ္ရာသီေပၚ ကုန္ပစၥည္းအေရာင္းဆိုင္လုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။

ယခင္က သီတင္းကြၽတ္ ကုန္ပစၥည္းမ်ားကို ဆိုင္မ်ား၊ ေဈးဗန္းမ်ားခင္း၍ ေရာင္းခ်ခဲ့ေသာ္လည္း လက္ရွိအခ်ိန္၌ ေခတ္ႏွင့္အညီ ေရာင္းခ်မႈမ်ားရွိလာျခင္းေၾကာင့္ Online ေပၚမွတဆင့္ေရာင္းခ်လာၾကသည္။

“အခုႏွစ္မွာ online ေတြကေန မွာယူေရာင္းခ်တာေတြ တြင္က်ယ္ေနေပမယ့္ ဝယ္လိုအားက ထင္သေလာက္ေတာ့ မရွိပါဘူး။ လက္ရွိမွာ အဝယ္ရွိတာက ဟိုတယ္တို႔၊ ပြဲလမ္းသဘင္တို႔အတြက္ ႀကိဳတင္ေအာ္ဒါမွာတာ ေလာက္ပဲ ရွိပါတယ္”ဟု သီတင္းကြၽတ္သုံးကုန္ပစၥည္းမ်ိဳးစုံ Online Shopping လုပ္ငန္းလုပ္ကိုင္ေနသူတစ္ဦးက NSS ကိုေျပာသည္။

သီတင္းကြၽတ္ကာလအတြက္ အိမ္တိုင္းလမ္းတိုင္းတြင္ ႏွစ္စဥ္ထြန္းညႇိေလ့ရွိေသာ ဖေယာင္းတိုင္မီး၊ ဆီမီး၊ ေရာင္စုံ မီးပုံးမ်ားသာမက လက္ရွိတြင္ ေရာင္စုံဒီဇိုင္းစုံ LED မီးဆိုင္း/မီးတြဲမ်ား၊ ဓာတ္ခဲအသုံးျပဳ ဖေယာင္းတိုင္မ်ား၊ LED ပန္းအိုးႏွင့္ ပန္းစည္းမ်ားကိုပါ တင္သြင္းေရာင္းခ်လာေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.