ဗီယက်နမ်နိုင်ငံကို တိုင်ဖွန်မုန်တိုင်း Bualoi ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ(၅၀)ဦးကျော် သေဆုံး

131

Pika (NP News) - အောက်တိုဘာ ၅
ဗီယက်နမ်နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း Bualoi ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ(၅ဝ)ကျော် သေဆုံးခဲ့ပြီး လူ(၁၄)ဦး ပျောက်ဆုံးနေကာ အခြားလူ(၁၆၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်း Bualoi ကြောင့် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းပြည်နယ်တွေမှာ ပျက်စီးမှုအများအပြား ဖြစ်ပေါ်ခဲ့ပြီး နေအိမ်ပေါင်း(၂၃၀၀၀၀)ကျော် နဲ့ လယ်မြေတွေ ရေနစ်မြုပ်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
တိုင်ဖွန်းမုန်တိုင်း Bualoi ဝင်ရောက်တိုက်ခတ်မှုကြောင့် စီးပွားရေးကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ(၆၀၃) သန်း လောက်ရှိမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပြောဆိုခဲ့ပါတယ်။ အဲဒီတိုင်ဖွန်းမုန်တိုင်းကြောင့် စပါးနဲ့ အခြား သီးနှံမြေ ဟတ်တာပေါင်း(၈၉၀၀၀)ကျော်လောက် ထိခိုက်ပျက်စီးခဲ့ပြီး အိမ်ထောင်စုသောင်းချီ လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
တိုင်ဖွန်းမုန်တိုင်း Bualoi ဟာ ယခုသီတင်းပတ်အစောပိုင်းမှာ ဗီယက်နမ်နိုင်ငံ မြောက်ဘက်-အလယ်ပိုင်းဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး လေတိုက်နှုန်းက တစ်နာရီမှာ(၁၃၃)ကီလိုမီတာအထိ ရှိခဲ့ကာ လှိုင်းလုံးတွေက (၈)မီတာလောက်အထိမြင့်ခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်း Bualoi ကြောင့် ကမ်းရိုးတန်းနဲ့မြေနိမ့်ပိုင်းဒေသတွေက လူထောင်ပေါင်များစွာကို ဘေးလွတ် ကင်းရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် လေဆိပ်(၄)ခုကိုလည်း ပိတ်ပစ်ခဲ့ရပြီး လေကြောင်းနဲ့ ရထားလမ်းဝန်ဆောင်မှုအားလုံးကို ရပ်ဆိုင်းခဲ့ရတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ဗီယက္နမ္ႏိုင္ငံကို တိုင္ဖြန္မုန္တိုင္း Bualoi ဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ လူ(၅၀)ဦးေက်ာ္ ေသဆုံး
Pika (NP News) - ေအာက္တိုဘာ ၅
ဗီယက္နမ္ႏိုင္ငံမွာ တိုင္ဖြန္းမုန္တိုင္း Bualoi ဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ လူ(၅ဝ)ေက်ာ္ ေသဆုံးခဲ့ၿပီး လူ(၁၄)ဦး ေပ်ာက္ဆုံးေနကာ အျခားလူ(၁၆၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ တိုင္ဖြန္းမုန္တိုင္း Bualoi ေၾကာင့္ ဗီယက္နမ္ႏိုင္ငံ အလယ္ပိုင္းျပည္နယ္ေတြမွာ ပ်က္စီးမႈအမ်ားအျပား ျဖစ္ေပၚခဲ့ၿပီး ေနအိမ္ေပါင္း(၂၃၀၀၀၀)ေက်ာ္ နဲ႔ လယ္ေျမေတြ ေရနစ္ျမဳပ္ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။
တိုင္ဖြန္းမုန္တိုင္း Bualoi ဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ စီးပြားေရးကုန္က်စရိတ္ဟာ အေမရိကန္ေဒၚလာ(၆၀၃) သန္း ေလာက္ရွိမယ္လို႔ တာဝန္ရွိသူေတြက ခန႔္မွန္းေျပာဆိုခဲ့ပါတယ္။ အဲဒီတိုင္ဖြန္းမုန္တိုင္းေၾကာင့္ စပါးနဲ႔ အျခား သီးႏွံေျမ ဟတ္တာေပါင္း(၈၉၀၀၀)ေက်ာ္ေလာက္ ထိခိုက္ပ်က္စီးခဲ့ၿပီး အိမ္ေထာင္စုေသာင္းခ်ီ လွ်ပ္စစ္မီး ျပတ္ေတာက္မႈေတြနဲ႔ႀကဳံေတြ႕ခဲ့ရတယ္လို႔ သိရပါတယ္။
တိုင္ဖြန္းမုန္တိုင္း Bualoi ဟာ ယခုသီတင္းပတ္အေစာပိုင္းမွာ ဗီယက္နမ္ႏိုင္ငံ ေျမာက္ဘက္-အလယ္ပိုင္းေဒသကို ဝင္ေရာက္တိုက္ခတ္ခဲ့တာျဖစ္ၿပီး ေလတိုက္ႏႈန္းက တစ္နာရီမွာ(၁၃၃)ကီလိုမီတာအထိ ရွိခဲ့ကာ လႈိင္းလုံးေတြက (၈)မီတာေလာက္အထိျမင့္ခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
တိုင္ဖြန္းမုန္တိုင္း Bualoi ေၾကာင့္ ကမ္း႐ိုးတန္းနဲ႔ေျမနိမ့္ပိုင္းေဒသေတြက လူေထာင္ေပါင္မ်ားစြာကို ေဘးလြတ္ ကင္းရာကို ေ႐ႊ႕ေျပာင္းေပးခဲ့ရတယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ေလဆိပ္(၄)ခုကိုလည္း ပိတ္ပစ္ခဲ့ရၿပီး ေလေၾကာင္းနဲ႔ ရထားလမ္းဝန္ေဆာင္မႈအားလုံးကို ရပ္ဆိုင္းခဲ့ရတယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။