ပဲခူးရိုးမအစပ် တိုက်ကြီးမြို့နယ် ကျားချောင်းကျေးရွာ၌ တောဆင်းရိုင်းတစ်ကောင်ဓာတ်လိုက်သေဆုံးမှုဖြစ်ပွား

 1103

NP News - အောက်တိုဘာ ၁၆

ပဲခူးရိုးမအစပ် တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာ၊ JP စိုက်ခင်းအနီး၊ လှိုင်ရိုးမတောင်ပေါ်သစ်တောကြိုးဝိုင်း၊ အကွက် ၂၅ တွင် အောက်တိုဘာလ(၁၄) ရက်ညက တောဆင်ရိုင်းတစ်ကောင် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

အကွက်အမှတ် ၂၅ ရှိ ဦးအောင်ဖေလုပ်ကိုင်စိုက်ပျိုးထားသော လယ် ၇ ဧကသို့ ဝင်လာသော တောဆင်ရိုင်း ငါးကောင်ပါအုပ်စုမှ အသက် ၁၈ နှစ်အရွယ် ဆင်မကြီးသည် လယ်စိုက်ခင်းကို တောင်ဆင်ရိုင်းရန်မှ ကာကွယ်ရန် ပတ်ကာထားသော လျှပ်စစ်ရှော့ကြိုးကို ပါးစပ်ဖြင့်ကိုက်မိပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“တောဆင်ရိုင်းတွေက စားကျက်မြေကို နှစ်တွေအကြာကြီးအထိမှတ်မိတယ်။ လူတွေက တောဆင်ရိုင်းစားကျက်တွေကို ဝင်ရောက်လုပ်ကိုင်ပြီး လယ်မြေ၊ ယာမြေတွေလုပ်လိုက်တော့ တောဆင်ရိုင်းတွေအတွက် စားကျက် ပျောက်ကုန်တာပေါ့။ ဆင်ရိုင်းတွေမလာအောင် လျှပ်စစ်လွှတ်ထားပေမယ့် မတော်တဆ ကိုက်မိတော့ပြန်မဖြုတ်နိုင်ဘဲ ဆင်သေတဲ့အထိ ဖြစ်သွားတာ”ဟု တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ အရာရှိတစ်ဦးကပြောသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆင်မုဆိုးများက ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်ခြင်း မဟုတ်ခြင်းကြောင့် အရေးယူမှုတစ်စုံတစ်ရာပြုလုပ်မည်မဟုတ်ကြောင်း သိရသည်။

တောဆင်ရိုင်းများသည် ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ဖြစ်ပြီး ဖမ်းဆီးသတ်ဖြတ်ပါက အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ အများဆုံး ဆယ်နှစ်အထိ ချမှတ်နိုင်ကြောင်းသိရသည်။

မြန်မာနိုင်ငံအတွင်း သဘာဝသစ်တောနယ်မြေများတွင် တောင်ဆင်ရိုင်း ခန့်မှန်းကောင်ရေ( ၁၅၀၀) ခန့်နှင့် အစိုးရနှင့် ပုဂ္ဂလိကပိုင်မှတ်ပုံတင်ထားသည့် ဆင်ကောင်ရေ (၆၀၀၀) ခန့်ရှိကြောင်း သစ်တောဦးစီးဌာနမှသိရသည်။

zawgyi version
ပဲခူး႐ိုးမအစပ္ တိုက္ႀကီးၿမိဳ႕နယ္ က်ားေခ်ာင္းေက်း႐ြာ၌ ေတာဆင္း႐ိုင္းတစ္ေကာင္ဓာတ္လိုက္ေသဆုံးမႈျဖစ္ပြား
NP News - ေအာက္တိုဘာ ၁၆

ပဲခူး႐ိုးမအစပ္ တိုက္ႀကီးၿမိဳ႕နယ္၊ ခ်င္းကုန္းေက်း႐ြာအုပ္စု၊ က်ားေခ်ာင္းေက်း႐ြာ၊ JP စိုက္ခင္းအနီး၊ လႈိင္႐ိုးမေတာင္ေပၚသစ္ေတာႀကိဳးဝိုင္း၊ အကြက္ ၂၅ တြင္ ေအာက္တိုဘာလ(၁၄) ရက္ညက ေတာဆင္႐ိုင္းတစ္ေကာင္ ဓာတ္လိုက္ေသဆုံးခဲ့ေၾကာင္း သစ္ေတာဦးစီးဌာနမွ သိရသည္။

အကြက္အမွတ္ ၂၅ ရွိ ဦးေအာင္ေဖလုပ္ကိုင္စိုက္ပ်ိဳးထားေသာ လယ္ ၇ ဧကသို႔ ဝင္လာေသာ ေတာဆင္႐ိုင္း ငါးေကာင္ပါအုပ္စုမွ အသက္ ၁၈ ႏွစ္အ႐ြယ္ ဆင္မႀကီးသည္ လယ္စိုက္ခင္းကို ေတာင္ဆင္႐ိုင္းရန္မွ ကာကြယ္ရန္ ပတ္ကာထားေသာ လွ်ပ္စစ္ေရွာ့ႀကိဳးကို ပါးစပ္ျဖင့္ကိုက္မိၿပီး ေသဆုံးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

“ေတာဆင္႐ိုင္းေတြက စားက်က္ေျမကို ႏွစ္ေတြအၾကာႀကီးအထိမွတ္မိတယ္။ လူေတြက ေတာဆင္႐ိုင္းစားက်က္ေတြကို ဝင္ေရာက္လုပ္ကိုင္ၿပီး လယ္ေျမ၊ ယာေျမေတြလုပ္လိုက္ေတာ့ ေတာဆင္႐ိုင္းေတြအတြက္ စားက်က္ ေပ်ာက္ကုန္တာေပါ့။ ဆင္႐ိုင္းေတြမလာေအာင္ လွ်ပ္စစ္လႊတ္ထားေပမယ့္ မေတာ္တဆ ကိုက္မိေတာ့ျပန္မျဖဳတ္ႏိုင္ဘဲ ဆင္ေသတဲ့အထိ ျဖစ္သြားတာ”ဟု တိုက္ႀကီးၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ အရာရွိတစ္ဦးကေျပာသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဆင္မုဆိုးမ်ားက ရည္႐ြယ္ခ်က္ျဖင့္ သတ္ျဖတ္ျခင္း မဟုတ္ျခင္းေၾကာင့္ အေရးယူမႈတစ္စုံတစ္ရာျပဳလုပ္မည္မဟုတ္ေၾကာင္း သိရသည္။

ေတာဆင္႐ိုင္းမ်ားသည္ ၂၀၁၈ ခုႏွစ္တြင္ ထုတ္ျပန္ခဲ့သည့္ ဇီဝမ်ိဳးစုံမ်ိဳးကြဲႏွင့္ သဘာဝထိန္းသိမ္းေရးနယ္ေျမမ်ား ကာကြယ္ေစာင့္ေရွာက္ျခင္းဆိုင္ရာ ဥပေဒအရ လုံးဝကာကြယ္ထားသည့္ ေတာ႐ိုင္းတိရစာၦန္ျဖစ္ၿပီး ဖမ္းဆီးသတ္ျဖတ္ပါက အနည္းဆုံး ေထာင္ဒဏ္ သုံးႏွစ္မွ အမ်ားဆုံး ဆယ္ႏွစ္အထိ ခ်မွတ္ႏိုင္ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံအတြင္း သဘာဝသစ္ေတာနယ္ေျမမ်ားတြင္ ေတာင္ဆင္႐ိုင္း ခန္႔မွန္းေကာင္ေရ( ၁၅၀၀) ခန္႔ႏွင့္ အစိုးရႏွင့္ ပုဂၢလိကပိုင္မွတ္ပုံတင္ထားသည့္ ဆင္ေကာင္ေရ (၆၀၀၀) ခန္႔ရွိေၾကာင္း သစ္ေတာဦးစီးဌာနမွသိရသည္။

© 2021. All rights reserved.