မြိတ်မြို့တွင် ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်တို့တိုက်မိခဲ့ရာ လူတစ်ဦး ပွဲချင်းပြီးသေဆုံး

733
သန့်ဇင်(NP News) - အောက်တိုဘာ ၁၈
တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ဆိုင်ကယ် နှင့် သုံးဘီးဆိုင်ကယ်တို့တိုက်မိခဲ့ရာမှ အမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှင်သန်ခြင်းပရဟိတအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့ (အောက်တိုဘာလ ၁၈ ရက်)၊ နံနက် ၉နာရီအချိန်တွင် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ ၃လမ်းနှင့် ၄လမ်းကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဘယ်လိုဖြစ်ပြီး တိုက်ကြလဲတော့ ကျွန်တော်တို့လဲသေချာမသိဘူးဗျ။ ကျွန်တော်တို့ရောက်သွားတော့ တစ်ယောက်က လမ်းမပေါ်မှာ သေနေပြီ။ တစ်ယောက်ကကြတော့ ဒဏ်ရာတွေနဲ့သွေးတွေထွက်နေတာပေါ့”ဟု ရှင်သန်ခြင်းပရဟိအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုတွင် အသက်(၂၇)နှစ်ဝန်းကျင်ဆိုင်ကယ်ယာဉ်မောင်း အမျိုသားသည် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး သုံးဘီး ဆိုင်ကယ်မှ အမျိုးသားတစ်ဦးသည် နားရွက်ပြတ်ဒဏ်ရာနှင့်အခြားထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူအမျိုးသား နှင့် ထိခိုက်ဒဏ်ရာရရှိသူတို့ကို ရှင်သန်ခြင်းပရဟိတအသင်းမှ မြိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ၿမိတ္ၿမိဳ႕တြင္ ဆိုင္ကယ္ႏွင့္ သုံးဘီးဆိုင္ကယ္တို႔တိုက္မိခဲ့ရာ လူတစ္ဦး ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္(NP News) - ေအာက္တိုဘာ ၁၈
တနသၤာရီတိုင္း၊ ၿမိတ္ၿမိဳ႕တြင္ ဆိုင္ကယ္ ႏွင့္ သုံးဘီးဆိုင္ကယ္တို႔တိုက္မိခဲ့ရာမွ အမ်ိဳးသားတစ္ဦးပြဲခ်င္းၿပီး ေသဆုံးကာ တစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ရွင္သန္ျခင္းပရဟိတအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယေန႔ (ေအာက္တိုဘာလ ၁၈ ရက္)၊ နံနက္ ၉နာရီအခ်ိန္တြင္ ၿမိတ္ၿမိဳ႕၊ ေနာက္လယ္ရပ္ကြက္၊ ၃လမ္းႏွင့္ ၄လမ္းၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“ဘယ္လိုျဖစ္ၿပီး တိုက္ၾကလဲေတာ့ ကြၽန္ေတာ္တို႔လဲေသခ်ာမသိဘူးဗ်။ ကြၽန္ေတာ္တို႔ေရာက္သြားေတာ့ တစ္ေယာက္က လမ္းမေပၚမွာ ေသေနၿပီ။ တစ္ေယာက္ကၾကေတာ့ ဒဏ္ရာေတြနဲ႔ေသြးေတြထြက္ေနတာေပါ့”ဟု ရွင္သန္ျခင္းပရဟိအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါယာဥ္တိုက္မႈတြင္ အသက္(၂၇)ႏွစ္ဝန္းက်င္ဆိုင္ကယ္ယာဥ္ေမာင္း အမ်ိဳသားသည္ ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ၿပီး သုံးဘီး ဆိုင္ကယ္မွ အမ်ိဳးသားတစ္ဦးသည္ နား႐ြက္ျပတ္ဒဏ္ရာႏွင့္အျခားထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ေသဆုံးသူအမ်ိဳးသား ႏွင့္ ထိခိုက္ဒဏ္ရာရရွိသူတို႔ကို ရွင္သန္ျခင္းပရဟိတအသင္းမွ ၿမိတ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။