ယခုနှစ်အတွင်း ပြည်ပရောက် မြန်မာများထံမှ လွှဲပို့ငွေ အမေရိကန်ဒေါ်လာ (၁ ဒသမ ၅)ဘီလျံကျော် နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ထား
                        
                            
                             
 5881
 
                             
                            
                            
                         
                        
                        မျိုးကြီး (NP News) - အောက်တိုဘာ ၁၈
လက်ရှိ ၂၀၂၃ ခုနှစ် (၈)လတာကာလအတွင်း ပြည်ပရောက်မြန်မာများထံမှ လွှဲပို့ငွေ အမေရိကန်ဒေါ်လာ (၁ ဒသမ ၅)ဘီလျံကျော် နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ထားကြောင်း သတင်းရရှိသည်။
                     
                        
                    
                                                                        
                                                                    
 
                                
                                
                                        ပြည်ပရောက်မြန်မာနိုင်ငံသား အလုပ်သမားများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစ၍ သြဂုတ်လအထိ (၈)လတာကာလအတွင်း၌ အမေရိကန်ဒေါ်လာ ၁၅၇၁ သန်းကျော် ပြန်လည်လွှဲပြောင်းပေးပို့မှုရှိခဲ့ကြောင်း သိရသည်။
“ပြည်ပရောက်မြန်မာတွေရဲ့ လစာဝင်ငွေ နိုင်ငံအတွင်းဝင်ရောက်မှုမှာတော့ ၂၀၂၁ ခုနှစ်မှာ နည်းတယ်။ ၂၀၂၂ ခုနှစ်မှာလည်း နည်းတယ်လို့ပြောလို့ရတယ်။ ဒါပေမယ့် အခုနှစ်(၈)လလောက်မှာတော့ များလာတယ်။ အခုဆိုရင် အမေရိကန် ဒေါ်လာ ၁၅၇၁ သန်းကျော်လောက်ရှိပါတယ်”ဟု နစကအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထို့ပြင် ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ်၌ ပြည်ပရောက်မြန်မာနိုင်ငံသားများထံမှ နိုင်ငံအတွင်းသို့ နိုင်ငံခြားငွေဝင်ရောက်လာမှုသည် အမေရိကန်ဒေါ်လာ ၁၇၁၃ သန်းကျော်ရှိခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ယခုနှစ်တွင် ပြည်ပရောက်မြန်မာများထံမှ နိုင်ငံခြားငွေဝင်ရောက်မှုသည် ၂၀၂၀ ပြည့်နှစ်၌ ဝင်ရောက်ခဲ့သည့် နှုန်းထက် ပြည့်မီကျော်လွန်နိုင်ကြောင်းလည်း ၎င်းက သုံးသပ်ထားသည်။
(၈)လတာကာလအတွင်း ပြည်ပရောက်မြန်မာများထံမှ နိုင်ငံခြားငွေဝင်ရောက်မှုများထဲတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများထံမှအများဆုံးရရှိခဲ့ပြီး မလေးရှား၊ ဂျပန်၊ စင်္ကာပူ နှင့် အရှေ့အလယ်ပိုင်းနိုင်ငံရောက် မြန်မာများထံမှလည်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ယခုနှစ်(၈)လတာကာလအတွင်း၌ ထိုင်းနိုင်ငံရောက် မြန်မာများထံမှ အမေရိကန်ဒေါ်လာသန်း (၅၄၀) ကျော် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ထားမှုရှိခဲ့ကြောင်း သိရသည်။
ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံခြားငွေဖြင့်ရရှိသည့်လစာဝင်ငွေများကို နိုင်ငံအတွင်းရှိ AD လိုင်စင်ရဘဏ်များသို့ လွှဲပြောင်းရောင်းချပါက အပိုဆောင်းငွေများထည့်သွင်းပေးသောအစီအစဉ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုဘဏ်က စတင်ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့ရရှိသည့် လစာဝင်ငွေကို ဘဏ်လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ တရားဝင်ပြန်လည်လွှဲပြောင်းပေးပို့ပါက လျှပ်စစ်ကား(EV) တင်သွင်းခွင့်ပါမစ်ထုတ်ပေးမည်ဟု နစကဘက်က အသိပေးထားသည်။
အခြားတစ်ဖက်တွင်လည်း ယခင်က ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုခဲ့ခြင်းကို ရပ်ဆိုင်းကာ အခွန်ပြန်လည်ကောက်ခံမည့်အစီအစဉ်ကို လက်ရှိနစကအစိုးရက ပြန်လည်စတင်ထားသည်။
                                                             
                                                    
                                                                    
 
                                
                                
                                        zawgyi version
ယခုႏွစ္အတြင္း ျပည္ပေရာက္ ျမန္မာမ်ားထံမွ လႊဲပို႔ေငြ အေမရိကန္ေဒၚလာ (၁ ဒသမ ၅)ဘီလ်ံေက်ာ္ ႏိုင္ငံအတြင္းသို႔ ျပန္လည္ဝင္ေရာက္ထား
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၁၈
လက္ရွိ ၂၀၂၃ ခုႏွစ္ (၈)လတာကာလအတြင္း ျပည္ပေရာက္ျမန္မာမ်ားထံမွ လႊဲပို႔ေငြ အေမရိကန္ေဒၚလာ (၁ ဒသမ ၅)ဘီလ်ံေက်ာ္ ႏိုင္ငံအတြင္းသို႔ ျပန္လည္ဝင္ေရာက္ထားေၾကာင္း သတင္းရရွိသည္။
ျပည္ပေရာက္ျမန္မာႏိုင္ငံသား အလုပ္သမားမ်ားသည္ ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလမွစ၍ ၾသဂုတ္လအထိ (၈)လတာကာလအတြင္း၌ အေမရိကန္ေဒၚလာ ၁၅၇၁ သန္းေက်ာ္ ျပန္လည္လႊဲေျပာင္းေပးပို႔မႈရွိခဲ့ေၾကာင္း သိရသည္။
“ျပည္ပေရာက္ျမန္မာေတြရဲ႕ လစာဝင္ေငြ ႏိုင္ငံအတြင္းဝင္ေရာက္မႈမွာေတာ့ ၂၀၂၁ ခုႏွစ္မွာ နည္းတယ္။ ၂၀၂၂ ခုႏွစ္မွာလည္း နည္းတယ္လို႔ေျပာလို႔ရတယ္။ ဒါေပမယ့္ အခုႏွစ္(၈)လေလာက္မွာေတာ့ မ်ားလာတယ္။ အခုဆိုရင္ အေမရိကန္ ေဒၚလာ ၁၅၇၁ သန္းေက်ာ္ေလာက္ရွိပါတယ္”ဟု နစကအစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ထို႔ျပင္ ၿပီးခဲ့ေသာ ၂၀၂၀ ျပည့္ႏွစ္၌ ျပည္ပေရာက္ျမန္မာႏိုင္ငံသားမ်ားထံမွ ႏိုင္ငံအတြင္းသို႔ ႏိုင္ငံျခားေငြဝင္ေရာက္လာမႈသည္ အေမရိကန္ေဒၚလာ ၁၇၁၃ သန္းေက်ာ္ရွိခဲ့ေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။
ယခုႏွစ္တြင္ ျပည္ပေရာက္ျမန္မာမ်ားထံမွ ႏိုင္ငံျခားေငြဝင္ေရာက္မႈသည္ ၂၀၂၀ ျပည့္ႏွစ္၌ ဝင္ေရာက္ခဲ့သည့္ ႏႈန္းထက္ ျပည့္မီေက်ာ္လြန္ႏိုင္ေၾကာင္းလည္း ၎က သုံးသပ္ထားသည္။
(၈)လတာကာလအတြင္း ျပည္ပေရာက္ျမန္မာမ်ားထံမွ ႏိုင္ငံျခားေငြဝင္ေရာက္မႈမ်ားထဲတြင္ ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားထံမွအမ်ားဆုံးရရွိခဲ့ၿပီး မေလးရွား၊ ဂ်ပန္၊ စကၤာပူ ႏွင့္ အေရွ႕အလယ္ပိုင္းႏိုင္ငံေရာက္ ျမန္မာမ်ားထံမွလည္း အသီးသီးရရွိခဲ့ေၾကာင္း သိရသည္။
ယခုႏွစ္(၈)လတာကာလအတြင္း၌ ထိုင္းႏိုင္ငံေရာက္ ျမန္မာမ်ားထံမွ အေမရိကန္ေဒၚလာသန္း (၅၄၀) ေက်ာ္ ျမန္မာႏိုင္ငံအတြင္းသို႔ ဝင္ေရာက္ထားမႈရွိခဲ့ေၾကာင္း သိရသည္။
ျပည္ပေရာက္ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ၎တို႔၏ ႏိုင္ငံျခားေငြျဖင့္ရရွိသည့္လစာဝင္ေငြမ်ားကို ႏိုင္ငံအတြင္းရွိ AD လိုင္စင္ရဘဏ္မ်ားသို႔ လႊဲေျပာင္းေရာင္းခ်ပါက အပိုေဆာင္းေငြမ်ားထည့္သြင္းေပးေသာအစီအစဥ္ကို ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလတြင္ ဗဟိုဘဏ္က စတင္ေဆာင္႐ြက္ခဲ့သည္။
ထို႔ျပင္ ျပည္ပေရာက္ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ၎တို႔ရရွိသည့္ လစာဝင္ေငြကို ဘဏ္လမ္းေၾကာင္းမွတစ္ဆင့္ ျမန္မာႏိုင္ငံသို႔ တရားဝင္ျပန္လည္လႊဲေျပာင္းေပးပို႔ပါက လွ်ပ္စစ္ကား(EV) တင္သြင္းခြင့္ပါမစ္ထုတ္ေပးမည္ဟု နစကဘက္က အသိေပးထားသည္။
အျခားတစ္ဖက္တြင္လည္း ယခင္က ျပည္ပေရာက္ျမန္မာႏိုင္ငံသားမ်ား၏ ႏိုင္ငံျခားေငြျဖင့္ ရရွိသည့္လစာဝင္ေငြအေပၚ ဝင္ေငြခြန္ကင္းလြတ္ခြင့္ျပဳခဲ့ကို ရပ္ဆိုင္းကာ အခြန္ျပန္လည္ေကာက္ခံမည့္အစီအစဥ္ကို လက္ရွိနစကအစိုးရက ျပန္လည္စတင္ထားသည္။