မလေးရှားမှာ စီးပွားဖြစ်ဖွင့်လှစ်ထားတဲ့ အလွန်ကျဉ်းမြောင်းလွန်းတဲ့ လူနေအခန်းတွေကို အစိုးရက ဖြိုခွင်း

 7892

ရောင်နီ (NP News) - အောက်တိုဘာ ၂၁

မလေးရှား ဒေသန္တရအစိုးရဟာ "ငှက်သိုက်" နဲ့ ဆင်တူတဲ့ အလွန်ကျဉ်းမြောင်းလွန်းတဲ့ အခန်းငယ်တွေကို စီးပွားဖြစ် ငှားရမ်းလုပ်ခြင်းတွေအပေါ် နှိမ်နင်းသွားမယ်လို့ နိုင်ငံပိုင် သတင်းအေဂျင်စီ Bernama က ကြာသပတေးနေ့ (အောက်တိုဘာလ ၁၉ ရက်)မှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါ အဆောက်အဦးပိုင်ရှင်တွေကိုလည်း မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် လမ်းညွှန်သတ်မှတ်ချက်တွေ လိုက်နာဖို့နဲ့ လိုက်နာဖို့ ပျက်ကွက်ရင် တရားစွဲဆိုမှုအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း မလေးရှားမီးသတ်၊ ကယ်ဆယ်ရေးဌာနနဲ့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက သတိပေးထားပါတယ်။ မလေးရှားနိုင်ငံ၊ Taman Maluri ခရိုင်ရှိ ဆိုင်ခန်းတစ်ခန်းမှာ ငှားရမ်းထားတဲ့ အဆိုပါ ငှက်သိုက်အခန်းတွေဟာ ရဲအရာရှိတွေအတွက်တောင် အံ့အားသင့်စေခဲ့ပါတယ်။ မြေညီထပ်မှာ ဆိုင်တစ်ဆိုင်ပါရှိတဲ့ လေးထပ်အဆောက်အအုံမှာ အပေါ်ထပ်သုံးထပ်ကို ငှက်သိုက်ပုံစံ အခန်း ၇၈ ခန်းနဲ့ ပိုင်းခြားထားပါတယ်။

ပထမထပ်တစ်ခုတည်းမှာ ငှက်သိုက်အခန်း အခန်း ၃၈ ခန်းရှိပြီး ဒုတိယထပ်မှာ အခန်း ၂၃ ခန်းနဲ့ တတိယထပ်မှာ ၁၇ ခန်းရှိပါတယ်။ အိမ်ငှားတွေဟာ ပထမထပ်မှာ အပေါ်ထပ်ကို တက်ဖို့ လှေကားတွေ အသုံးပြုရပါတယ်။ အခန်းတွေက ကျဉ်းလွန်းလို့ တစ်ကိုယ်အိပ်စာ နေရာပဲရှိပါတယ်။ အခန်းတိုင်းမှာ မွေ့ယာ၊ ခေါင်းအုံး၊ မီးသီးတစ်လုံးနဲ့ ပါဝါပွိုင့်တို့ ထားရှိပြီး ပရိဘောဂတွေကတော့ မရှိသလောက်ပါပဲ။

အခန်းတိုင်းရဲ့ တံခါးတွေမှာ သော့ကိုယ်စီလည်း ရှိပါတယ်။ အခန်းငှားသူတွေဟာ အိမ်သာနဲ့ ရေချိုးခန်းကို မျှဝေသုံးစွဲခဲ့ရပြီး လူများတာကြောင့် မနှစ်မြို့စရာ အနံ့ဆိုးတွေလည်း ရှိနေပါတယ်။ အိမ်ငှားတစ်ဦးစီဟာ အဆိုပါ အခန်းတစ်ခန်းအတွက် တစ်လကို ရင်းဂစ် ၃၀၀ (စင်ကာပူဒေါ်လာ ၈၆ ဒေါ်လာ)ခန့် ပေးဆောင်ရပါတယ်။

အဆိုပါ အဆောက်အဦးတွေကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထုတ်ပြန်ခဲ့တဲ့ သတိပေးချက်ကို လိုက်နာမှုပျက်ကွက်ခြင်းကြောင့် တာဝန်ရှိသူတွေက သွားရောက်စီးနင်းမှု ရှာဖွေရာမှ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

zawgyi version
မေလးရွားမွာ စီးပြားျဖစ္ဖြင့္လွစ္ထားတဲ့ အလြန္က်ဥ္းေျမာင္းလြန္းတဲ့ လူေနအခန္းေတြကို အစိုးရက ၿဖိဳခွင်း
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၁

မေလးရွား ေဒသႏၲရအစိုးရဟာ "ငွက္သိုက္" နဲ႔ ဆင္တူတဲ့ အလြန္က်ဥ္းေျမာင္းလြန္းတဲ့ အခန္းငယ္ေတြကို စီးပြားျဖစ္ ငွားရမ္းလုပ္ျခင္းေတြအေပၚ ႏွိမ္နင္းသြားမယ္လို႔ ႏိုင္ငံပိုင္ သတင္းေအဂ်င္စီ Bernama က ၾကာသပေတးေန႔ (ေအာက္တိုဘာလ ၁၉ ရက္)မွာ ေဖာ္ျပခဲ့ပါတယ္။

အဆိုပါ အေဆာက္အဦးပိုင္ရွင္ေတြကိုလည္း မီးေဘးအႏၲရာယ္ကာကြယ္ေရးအတြက္ လမ္းၫႊန္သတ္မွတ္ခ်က္ေတြ လိုက္နာဖို႔နဲ႔ လိုက္နာဖို႔ ပ်က္ကြက္ရင္ တရားစြဲဆိုမႈအတြက္ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္သြားမွာျဖစ္ေၾကာင္း မေလးရွားမီးသတ္၊ ကယ္ဆယ္ေရးဌာနနဲ႔ သက္ဆိုင္ရာ ေဒသအာဏာပိုင္ေတြက သတိေပးထားပါတယ္။ မေလးရွားႏိုင္ငံ၊ Taman Maluri ခ႐ိုင္ရွိ ဆိုင္ခန္းတစ္ခန္းမွာ ငွားရမ္းထားတဲ့ အဆိုပါ ငွက္သိုက္အခန္းေတြဟာ ရဲအရာရွိေတြအတြက္ေတာင္ အံ့အားသင့္ေစခဲ့ပါတယ္။ ေျမညီထပ္မွာ ဆိုင္တစ္ဆိုင္ပါရွိတဲ့ ေလးထပ္အေဆာက္အအုံမွာ အေပၚထပ္သုံးထပ္ကို ငွက္သိုက္ပုံစံ အခန္း ၇၈ ခန္းနဲ႔ ပိုင္းျခားထားပါတယ္။

ပထမထပ္တစ္ခုတည္းမွာ ငွက္သိုက္အခန္း အခန္း ၃၈ ခန္းရွိၿပီး ဒုတိယထပ္မွာ အခန္း ၂၃ ခန္းနဲ႔ တတိယထပ္မွာ ၁၇ ခန္းရွိပါတယ္။ အိမ္ငွားေတြဟာ ပထမထပ္မွာ အေပၚထပ္ကို တက္ဖို႔ ေလွကားေတြ အသုံးျပဳရပါတယ္။ အခန္းေတြက က်ဥ္းလြန္းလို႔ တစ္ကိုယ္အိပ္စာ ေနရာပဲရွိပါတယ္။ အခန္းတိုင္းမွာ ေမြ႕ယာ၊ ေခါင္းအုံး၊ မီးသီးတစ္လုံးနဲ႔ ပါဝါပြိဳင့္တို႔ ထားရွိၿပီး ပရိေဘာဂေတြကေတာ့ မရွိသေလာက္ပါပဲ။

အခန္းတိုင္းရဲ႕ တံခါးေတြမွာ ေသာ့ကိုယ္စီလည္း ရွိပါတယ္။ အခန္းငွားသူေတြဟာ အိမ္သာနဲ႔ ေရခ်ိဳးခန္းကို မွ်ေဝသုံးစြဲခဲ့ရၿပီး လူမ်ားတာေၾကာင့္ မႏွစ္ၿမိဳ႕စရာ အနံ႔ဆိုးေတြလည္း ရွိေနပါတယ္။ အိမ္ငွားတစ္ဦးစီဟာ အဆိုပါ အခန္းတစ္ခန္းအတြက္ တစ္လကို ရင္းဂစ္ ၃၀၀ (စင္ကာပူေဒၚလာ ၈၆ ေဒၚလာ)ခန္႔ ေပးေဆာင္ရပါတယ္။

အဆိုပါ အေဆာက္အဦးေတြကို လြန္ခဲ့တဲ့ ရက္အနည္းငယ္က ထုတ္ျပန္ခဲ့တဲ့ သတိေပးခ်က္ကို လိုက္နာမႈပ်က္ကြက္ျခင္းေၾကာင့္ တာဝန္ရွိသူေတြက သြားေရာက္စီးနင္းမႈ ရွာေဖြရာမွ ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.