ပြည်တွင်းမတ်ပဲဈေး စံချိန်တင်မြင့်တက်လာပြီး မတ်ပဲတစ်တန် ငွေကျပ် ၂၈ သိန်းဝန်ကျင်ပေါက်ဈေးရှိနေ

 612

NP News - အောက်တိုဘာ ၂၅

ပြည်ပဝယ်လိုအား မြင့်တက်လာမှုကြောင့် မတ်ပဲစျေးသည် အောက်တိုဘာလ ဒုတိယပတ်အတွင်း ဆက်တိုက်မြင့်တက်လာကြောင်း ပြည်တွင်း မတ်ပဲစိုက်ပျိုးထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ပဲမျိုးစုံရောင်းဝယ်သည့်ဈေးကွက်အတွင်း မတ်ပဲတစ် တန်လျှင် ၂,၇၆၅,၀၀၀ ကျပ်ပေါက်ဈေးရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဥ်ပါက မတ်ပဲတစ်တန်လျှင် ငွေကျပ် ၈၅,၀၀၀ မြင့်တက်လာကြောင်း သိရသည်။

အောက်တိုဘာလအစပိုင်းက မတ်ပဲ FAQ တစ်တန်လျှင် ငွေကျပ် ၂၄ သိန်းကျော် ရှိနေရာမှ လက်ရှိတွေင် ငွေကျပ် ၂၈ သိန်းဝန်းကျင်အထိ မြင့်တက်လာခဲ့ပြီး FOB ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၀၀ ကျော်မှ လက်ရှိတွင် ၁၀၄၅ ဒေါ်လာ မှ ၁၀၆၅ ဒေါ်လာအထိ ရောက်ရှိလာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

"အဓိက ဝယ်လက်က အိန္ဒိယ။ သူတို့ဆီမှာ ရာသီဥတုကြောင့် ပဲစိုက်တာ မဖြစ် ထွန်းဘူး။ သူတို့ဘက်က အဝယ်လဲလိုက်သလို ပြည်တွင်းမှာလဲ မတ်ပဲလက်ကျန်က နည်းနေတဲ့အတွက် အခုလို မတ်ပဲ အမြင့်ဆုံးဈေးရောက်နေပြီလို့ ပြောလို့ရတယ်။ ကုန်စည်ဒိုင်ကိုလဲ ပစ္စည်းအဝင်နည်းလာတယ်"ဟု ဘုရင့်နောင်ကုန်စည် ဒိုင်မှ ပဲကုန်သည်တစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ လက်ကျန်မတ်ပဲတန်ချိန် တစ်သိန်းကျော်သာရှိနေပြီး အိန္ဒိယဘက်မှ ပဲကုန်သည်များက မတ်ပဲဈေးကို ယခုထက် ပိုပေးလာနိုင်သည်ဟု ခန့်မှန်းနေကြကြောင်း၊ လာမည့်နိုဝင်ဘာလတွင် မိုးစပါးရိတ်သိမ်းပြီးသည်နှင့် မတ်ပဲစိုက်သည့်အချိန်ဖြစ်သည့်အတွက် မတ်ပဲမျိုးများလည်း ဈေးနှုန်းမြင့်တက် နေကြောင်း သိရသည်။

ပြည်တွင်း၌ ထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို ပြည်ပသို့ အများဆုံးတင်ပို့နေပြီး အဓိကဝယ်လက်သည် အိန္ဒိယနိုင်ငံဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင်နှစ်စဥ် ပဲမျိုးစုံစိုက်ဧက ၁၁ သန်းကျော်ရှိပြီး ၎င်းတို့ထဲတွင် မတ်ပဲနှင့် ပဲစင်းငုံ စိုက်ပျိုးမှုသည် ၃၅ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။

zawgyi version
ျပည္တြင္းမတ္ပဲေဈး စံခ်ိန္တင္ျမင့္တက္လာၿပီး မတ္ပဲတစ္တန္ ေငြက်ပ္ ၂၈ သိန္းဝန္က်င္ေပါက္ေဈးရွိေန
NP News - ေအာက္တိုဘာ ၂၅

ျပည္ပဝယ္လိုအား ျမင့္တက္လာမႈေၾကာင့္ မတ္ပဲေစ်းသည္ ေအာက္တိုဘာလ ဒုတိယပတ္အတြင္း ဆက္တိုက္ျမင့္တက္လာေၾကာင္း ျပည္တြင္း မတ္ပဲစိုက္ပ်ိဳးထုတ္လုပ္ေရာင္းခ်သူမ်ားထံမွ သိရသည္။

ဘုရင့္ေနာင္ကုန္စည္ဒိုင္ရွိ ပဲမ်ိဳးစုံေရာင္းဝယ္သည့္ေဈးကြက္အတြင္း မတ္ပဲတစ္ တန္လွ်င္ ၂,၇၆၅,၀၀၀ က်ပ္ေပါက္ေဈးရွိၿပီး ယခင္အပတ္ႏွင့္ႏႈိင္းယွဥ္ပါက မတ္ပဲတစ္တန္လွ်င္ ေငြက်ပ္ ၈၅,၀၀၀ ျမင့္တက္လာေၾကာင္း သိရသည္။

ေအာက္တိုဘာလအစပိုင္းက မတ္ပဲ FAQ တစ္တန္လွ်င္ ေငြက်ပ္ ၂၄ သိန္းေက်ာ္ ရွိေနရာမွ လက္ရွိေတြင္ ေငြက်ပ္ ၂၈ သိန္းဝန္းက်င္အထိ ျမင့္တက္လာခဲ့ၿပီး FOB ေဈးႏႈန္းသည္ တစ္တန္လွ်င္ အေမရိကန္ေဒၚလာ ၉၀၀ ေက်ာ္မွ လက္ရွိတြင္ ၁၀၄၅ ေဒၚလာ မွ ၁၀၆၅ ေဒၚလာအထိ ေရာက္ရွိလာေၾကာင္း ဘုရင့္ေနာင္ကုန္စည္ဒိုင္ေဈးကြက္မွ သိရသည္။

"အဓိက ဝယ္လက္က အိႏၵိယ။ သူတို႔ဆီမွာ ရာသီဥတုေၾကာင့္ ပဲစိုက္တာ မျဖစ္ ထြန္းဘူး။ သူတို႔ဘက္က အဝယ္လဲလိုက္သလို ျပည္တြင္းမွာလဲ မတ္ပဲလက္က်န္က နည္းေနတဲ့အတြက္ အခုလို မတ္ပဲ အျမင့္ဆုံးေဈးေရာက္ေနၿပီလို႔ ေျပာလို႔ရတယ္။ ကုန္စည္ဒိုင္ကိုလဲ ပစၥည္းအဝင္နည္းလာတယ္"ဟု ဘုရင့္ေနာင္ကုန္စည္ ဒိုင္မွ ပဲကုန္သည္တစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ ျပည္တြင္း၌ လက္က်န္မတ္ပဲတန္ခ်ိန္ တစ္သိန္းေက်ာ္သာရွိေနၿပီး အိႏၵိယဘက္မွ ပဲကုန္သည္မ်ားက မတ္ပဲေဈးကို ယခုထက္ ပိုေပးလာႏိုင္သည္ဟု ခန္႔မွန္းေနၾကေၾကာင္း၊ လာမည့္ႏိုဝင္ဘာလတြင္ မိုးစပါးရိတ္သိမ္းၿပီးသည္ႏွင့္ မတ္ပဲစိုက္သည့္အခ်ိန္ျဖစ္သည့္အတြက္ မတ္ပဲမ်ိဳးမ်ားလည္း ေဈးႏႈန္းျမင့္တက္ ေနေၾကာင္း သိရသည္။

ျပည္တြင္း၌ ထြက္ရွိသည့္ ပဲမ်ိဳးစုံမ်ားအနက္ မတ္ပဲ၊ ပဲတီစိမ္းႏွင့္ ပဲစင္းငုံတို႔ကို ျပည္ပသို႔ အမ်ားဆုံးတင္ပို႔ေနၿပီး အဓိကဝယ္လက္သည္ အိႏၵိယႏိုင္ငံျဖစ္ ေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ႏွစ္စဥ္ ပဲမ်ိဳးစုံစိုက္ဧက ၁၁ သန္းေက်ာ္ရွိၿပီး ၎တို႔ထဲတြင္ မတ္ပဲႏွင့္ ပဲစင္းငုံ စိုက္ပ်ိဳးမႈသည္ ၃၅ ရာခိုင္ႏႈန္းေက်ာ္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.