လားရှိုးမြို့ရှိ နေအိမ်အတွင်းမှ ငွေကျပ်သိန်း(၁၅၀၀)တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

 1349

သန့်ဇင် (NP News) - အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ နေအိမ်တစ်လုံးအတွင်းမှ ငွေကျပ်သိန်း(၁၅၀၀) တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သော အောက်တိုဘာလ ၂၄ ရက်၊ ည ၈ နာရီခွဲအချိန်တွင် လားရှိုးမြို့၊ ရပ်ကွက်(၁)ရှိ နေအိမ်တွင် အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါရပ်ကွက်ရှိ မနန်းမွေအေး(၃၂)နှစ်၏နေအိမ်အား သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနှင့်အတူ မနန်းဖြူဖြူအေး(ခ)နောင့်လောဝ် (၁၉)နှစ် အားတွေ့ရှိခဲ့ပြီး နေအိမ်အတွင်းမှ ငွေကျပ်သိန်း(၁၅၀၀)တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) အလေးချိန် ၃ကီလိုနှင့်အတူ လက်ကိုင်ဖုန်း(၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၅နာရီ ၄၀မိနစ်အချိန်တွင် မန္တ လေးတိုင်း၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကားပေါ်မှ ငွေကျပ်(၂၅၂) သိန်း တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။

အဆိုပါ ခရီးသည်တင်ကာားအား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မခင်ဖြူလေး(ခ)ဖြူလေး(၂၆)နှစ်၊ မအေးသန်း (၃၉)နှစ်၊ မဝမ်း)၃၅)နှစ်နှင့် မနှင်းဝေ(၃၄)နှစ်တို့ထံမှ ငွေကျပ်(၂၅၂)သိန်း တန်ဖိုးရှိ ဘိန်းစိမ်းအလေးချိန် (၂၈)ကီလို နှင့် ဖုန်း(၄)လုံးတို့ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့(၆)ဦးအား သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များအား ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထာသည်။

zawgyi version
လားရႈိးၿမိဳ႕ရွိ ေနအိမ္အတြင္းမွ ေငြက်ပ္သိန္း(၁၅၀၀)တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ား ဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၂၆

ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕ရွိ ေနအိမ္တစ္လုံးအတြင္းမွ ေငြက်ပ္သိန္း(၁၅၀၀) တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၂၄ ရက္၊ ည ၈ နာရီခြဲအခ်ိန္တြင္ လားရႈိးၿမိဳ႕၊ ရပ္ကြက္(၁)ရွိ ေနအိမ္တြင္ အထက္ပါကဲ့သို႔ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါရပ္ကြက္ရွိ မနန္းေမြေအး(၃၂)ႏွစ္၏ေနအိမ္အား သတင္းအရဝင္ေရာက္ရွာေဖြခဲ့ရာ ၎ႏွင့္အတူ မနန္းျဖဴျဖဴေအး(ခ)ေနာင့္ေလာဝ္ (၁၉)ႏွစ္ အားေတြ႕ရွိခဲ့ၿပီး ေနအိမ္အတြင္းမွ ေငြက်ပ္သိန္း(၁၅၀၀)တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး(Happy Water) အေလးခ်ိန္ ၃ကီလိုႏွင့္အတူ လက္ကိုင္ဖုန္း(၂)လုံးတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

အလားတူ ေအာက္တိုဘာလ ၂၅ ရက္၊ နံနက္ ၅နာရီ ၄၀မိနစ္အခ်ိန္တြင္ မႏၲ ေလးတိုင္း၊ သာစည္ၿမိဳ႕နယ္၊ ကြၽဲတပ္ဆုံေက်း႐ြာအနီးတြင္ ေတာင္ႀကီးၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ေမာင္းႏွင္လာသည့္ ခရီးသည္တင္ကားေပၚမွ ေငြက်ပ္(၂၅၂) သိန္း တန္ဖိုးရွိ ဘိန္းစိမ္းမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ဆက္လက္ထုတ္ျပန္ထားသည္။

အဆိုပါ ခရီးသည္တင္ကာားအား ရပ္တန႔္စစ္ေဆးခဲ့ရာ ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ မခင္ျဖဴေလး(ခ)ျဖဴေလး(၂၆)ႏွစ္၊ မေအးသန္း (၃၉)ႏွစ္၊ မဝမ္း)၃၅)ႏွစ္ႏွင့္ မႏွင္းေဝ(၃၄)ႏွစ္တို႔ထံမွ ေငြက်ပ္(၂၅၂)သိန္း တန္ဖိုးရွိ ဘိန္းစိမ္းအေလးခ်ိန္ (၂၈)ကီလို ႏွင့္ ဖုန္း(၄)လုံးတို႔ ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎တို႔(၆)ဦးအား သက္ဆိုင္ရာနယ္ေျမရဲစခန္းမ်ားတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္ အေရးယူထားၿပီး ကြင္းဆက္မ်ားအား ေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထာသည္။

Related news

© 2021. All rights reserved.