ယုဇနဥယျာဉ်မြို့တော်၌ ဆယ်ကျော်သက်အရွယ်အမျိုးသမီးတစ်ဦး မိုးကြိုးစက်ကွင်းထိမှန်၍ သေဆုံးခဲ့

10593
သန့်ဇင်(NP News) - အောက်တိုဘာ ၂၈
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အနီးတွင် ဆယ်ကျော်သက်အရွယ်အမျိုးသမီးတစ်ဦး မိုးကြိုးစက်ကွင်းထိမှန် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၂၇ရက်)၊ ညနေ ၄နာရီ ၁၅မိနစ်အချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျဉ်မြို့တော်၊ ကျွန်းရွှေဝါလမ်းမကြီး၊ (၁၄)လမ်း C ထိပ်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ပိတောက်ကွေ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ကလေး (၆)ယောက်လောက်က မိုးရေထွက်ချိုးပြီး ဆော့နေတာပေါ့။ အဲဒီအချိန်မှာ ပထမတော့ မိုးကြိုးက (၂)လုံး(၃)လုံးလောက် ပစ်နေတာ။ နောက်ဆုံးအလုံးလဲပစ်ပြီးရော ခုလိုဖြစ်သွားတာပေါ့”ဟု ပိတောက်ကွေ့လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
၎င်းမိုးကြိုးစက်ကွင်းထိမှန်မှုကြောင့် အသက်(၁၁)နှစ်အရွယ် သွန်းဝတီကျော်တွင် ယာဘက်ဦးခေါင်းနောက်စေ့ ညိုမည်းစွဲကာ စက်ကွင်းမိပြီး (၃)မိခန့်အကြာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ချက်ချင်းဆိုသလိုပဲပါပဲ။ ကလေးက စက်ကွင်းမိပြီး (၃)မိနစ်အတွင်းမှာပဲ ဆုံးသွားတာပေါ့။ ကလေးရဲ့ ဘယ်ဘက် နောက်စေ့ဆံပင်ထဲမှာ ညှော်နံ့ထွက်ပြီး ညိုမည်းနေတာလေးပေါ့။ ခုလို မိုးကြိုးစက်ကွင်းမိတာက ကလေးလည်းဖြစ်နေတော့ ခံနိုင်ရည် မရှိဖြစ်သွားတာပါ” ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသမီးငယ်အား နီးစပ်ရာဆေးခန်းမှတစ်ဆင့် နေအိမ်သို့ ပိတောက်ကွေ့လူမှုကူညီရေးအသင်းမှ ပြန်လည်ခေါ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်ဒေသများတွင် လာမည့်အောက်တိုဘာလ ၂၉ ရက်အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

zawgyi version
ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္၌ ဆယ္ေက်ာ္သက္အ႐ြယ္အမ်ိဳးသမီးတစ္ဦး မိုးႀကိဳးစက္ကြင္းထိမွန္၍ ေသဆုံးခဲ့
သန႔္ဇင္(NP News) - ေအာက္တိုဘာ ၂၈
ရန္ကုန္တိုင္း၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္အနီးတြင္ ဆယ္ေက်ာ္သက္အ႐ြယ္အမ်ိဳးသမီးတစ္ဦး မိုးႀကိဳးစက္ကြင္းထိမွန္ ေသဆုံးသြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေအာက္တိုဘာလ ၂၇ရက္)၊ ညေန ၄နာရီ ၁၅မိနစ္အခ်ိန္တြင္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ယုဇနဥယ်ဥ္ၿမိဳ႕ေတာ္၊ ကြၽန္းေ႐ႊဝါလမ္းမႀကီး၊ (၁၄)လမ္း C ထိပ္တြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း ပိေတာက္ေကြ႕လူမႈကူညီေရးအသင္းထံမွ သိရသည္။
“ကေလး (၆)ေယာက္ေလာက္က မိုးေရထြက္ခ်ိဳးၿပီး ေဆာ့ေနတာေပါ့။ အဲဒီအခ်ိန္မွာ ပထမေတာ့ မိုးႀကိဳးက (၂)လုံး(၃)လုံးေလာက္ ပစ္ေနတာ။ ေနာက္ဆုံးအလုံးလဲပစ္ၿပီးေရာ ခုလိုျဖစ္သြားတာေပါ့”ဟု ပိေတာက္ေကြ႕လူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
၎မိုးႀကိဳးစက္ကြင္းထိမွန္မႈေၾကာင့္ အသက္(၁၁)ႏွစ္အ႐ြယ္ သြန္းဝတီေက်ာ္တြင္ ယာဘက္ဦးေခါင္းေနာက္ေစ့ ညိဳမည္းစြဲကာ စက္ကြင္းမိၿပီး (၃)မိခန႔္အၾကာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ခ်က္ခ်င္းဆိုသလိုပဲပါပဲ။ ကေလးက စက္ကြင္းမိၿပီး (၃)မိနစ္အတြင္းမွာပဲ ဆုံးသြားတာေပါ့။ ကေလးရဲ႕ ဘယ္ဘက္ ေနာက္ေစ့ဆံပင္ထဲမွာ ေညႇာ္နံ႔ထြက္ၿပီး ညိဳမည္းေနတာေလးေပါ့။ ခုလို မိုးႀကိဳးစက္ကြင္းမိတာက ကေလးလည္းျဖစ္ေနေတာ့ ခံႏိုင္ရည္ မရွိျဖစ္သြားတာပါ” ဟု ၎ကဆက္လက္ေျပာသည္။
ေသဆုံးသူအမ်ိဳးသမီးငယ္အား နီးစပ္ရာေဆးခန္းမွတစ္ဆင့္ ေနအိမ္သို႔ ပိေတာက္ေကြ႕လူမႈကူညီေရးအသင္းမွ ျပန္လည္ေခၚေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္ေဒသမ်ားတြင္ လာမည့္ေအာက္တိုဘာလ ၂၉ ရက္အထိ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။