လူမြင်ကွင်းထဲ ဆာမူရိုင်းဓားကိုင်ဆောင်ရမ်းကားခဲ့တဲ့ လူတစ်ဦးကို စင်ကာပူအစိုးရ ဖမ်းဆီး

1921

ရောင်နီ (NP News) - အောက်တိုဘာ ၃ဝ
စင်ကာပူမှာ ဆာမူရိုင်းဓါး လက်ဝယ်ကိုင်ဆောင်ကာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ အသက် ၄၉ နှစ်အရွယ် အမျိုးသား တစ်ဦး တနင်္လာနေ့(အောက်တိုဘာ ၃ဝ ရက်) မှာ တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။
လူမြင်ကွင်းမှာ ဆာမူရိုင်းဓား ကိုင်ဆောင်ထားတဲ့အမျိုးသားတစ်ဦးကို အွန်လိုင်းဗီဒီယိုတစ်ခုမှာ မြင်တွေ့ရပြီး နှစ်နာရီအကြာမှာတော့ ယာ့ခ်ဟေးလ်ရှိ လူနေရပ်ကွက်တစ်ခုမှာ စနေနေ့ (အောက်တိုဘာ ၂၈ ရက်) က အဆိုပါ သံသယရှိသူကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ပဏမ စုံစမ်းစစ်ဆေးမှုတွေအရ အဆိုပါဗီဒီယို ကို ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တွေ့ရှိရတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
အဲဒီနောက် ရဲတပ်ဖွဲ့က အဆိုပါအမျိုးသားရဲ့နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး မူးယစ်ဆေးဝါးပစ္စည်းတွေနဲ့အတူ လက်နက်တွေ၊ အဆိပ်သင့်စေတဲ့၊ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ သိမ်းဆည်းရမိ တဲ့လက်နက်တွေမှာ ဆာမူရိုင်းဓားတစ်လက်နဲ့ အခြား ဓား ၃ ချောင်း တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
၎င်းဟာ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရင် ထောင်ဒဏ်ငါးနှစ် ဒဏ်ချမှတ်ခံရနိုင်ပါတယ်။ မူးယစ်ဗဟိုမူးယစ်ဆေးဗျူရိုက သံသယရှိသူနဲ့ ဆက်နွယ်နေတဲ့ မူးယစ်ဆေးဝါးမှုတွေကိုလည်း စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Zawgyi Version;
လူျမင္ကြင္းထဲ ဆာမူ႐ိုင္းဓားကိုင္ေဆာင္ရမ္းကားခဲ့တဲ့ လူတစ္ဦးကို စင္ကာပူအစိုးရ ဖမ္းဆီး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၃ဝ
စင္ကာပူမွာ ဆာမူ႐ိုင္းဓါး လက္ဝယ္ကိုင္ေဆာင္ကာ မူးယစ္ေဆးဝါးသုံးစြဲမႈနဲ႔ အသက္ ၄၉ ႏွစ္အ႐ြယ္ အမ်ိဳးသား တစ္ဦး တနလၤာေန႔(ေအာက္တိုဘာ ၃ဝ ရက္) မွာ တရားစြဲဆိုလိုက္တယ္လို႔ သိရပါတယ္။
လူျမင္ကြင္းမွာ ဆာမူ႐ိုင္းဓား ကိုင္ေဆာင္ထားတဲ့အမ်ိဳးသားတစ္ဦးကို အြန္လိုင္းဗီဒီယိုတစ္ခုမွာ ျမင္ေတြ႕ရၿပီး ႏွစ္နာရီအၾကာမွာေတာ့ ယာ့ခ္ေဟးလ္ရွိ လူေနရပ္ကြက္တစ္ခုမွာ စေနေန႔ (ေအာက္တိုဘာ ၂၈ ရက္) က အဆိုပါ သံသယရွိသူကို ဖမ္းဆီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ ပဏမ စုံစမ္းစစ္ေဆးမႈေတြအရ အဆိုပါဗီဒီယို ကို ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာ ေတြ႕ရွိရတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။
အဲဒီေနာက္ ရဲတပ္ဖြဲ႕က အဆိုပါအမ်ိဳးသားရဲ႕ေနအိမ္ကို ဝင္ေရာက္စီးနင္းခဲ့ၿပီး မူးယစ္ေဆးဝါးပစၥည္းေတြနဲ႔အတူ လက္နက္ေတြ၊ အဆိပ္သင့္ေစတဲ့၊ ေပါက္ကြဲေစတတ္တဲ့ပစၥည္းေတြ ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ သိမ္းဆည္းရမိ တဲ့လက္နက္ေတြမွာ ဆာမူ႐ိုင္းဓားတစ္လက္နဲ႔ အျခား ဓား ၃ ေခ်ာင္း ေတြ႕ရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ဆိုပါတယ္။
၎ဟာ အျပစ္ရွိေၾကာင္းေတြ႕ရွိခဲ့ရင္ ေထာင္ဒဏ္ငါးႏွစ္ ဒဏ္ခ်မွတ္ခံရႏိုင္ပါတယ္။ မူးယစ္ဗဟိုမူးယစ္ေဆးဗ်ဴ႐ိုက သံသယရွိသူနဲ႔ ဆက္ႏြယ္ေနတဲ့ မူးယစ္ေဆးဝါးမႈေတြကိုလည္း စစ္ေဆးေနတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။