ဘားအံမြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့တွင် ငွေကျပ်သိန်း(၃ဝဝ)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

567

သန့်ဇင် (NP News) - အောက်တိုဘာ ၃၁
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တို့တွင် ငွေကျပ်(၃၁၆)သိန်းတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သော အောက်တိုဘာလ ၂၈ ရက်၊ နံနက် ၉ နာရီ ၃ဝ မိနစ် အချိန်တွင် ဘားအံမြို့နယ်၊ ဝဲကရင်ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအနီးတွင် ဦးသိန်းညွှန်အား မသင်္ကာသဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းထံမှ ငွေကျပ်(၆၆)သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၂ဝဝ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၄နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၅)၊ သစ္စာလမ်း၌ ဆိုင်ကယ်ပေါ်တွင် လျှို့ဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြားများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းမပေါ်တွင် စိုင်းလုံ(၂၆)နှစ် မောင်းနှင်၍ မောင်ငြိမ်း(၄၂)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးခဲ့ရာ ဆိုင်ကယ်ခွကြားမှ သယ်ဆောင်လာသော ကျောပိုးအိတ်အတွင်းမှ ငွေကျပ်သိန်း(၂၅ဝ)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ဝဝဝဝ ပြား နှင့် လက်ကိုင် ဖုန်း(၂)လုံးတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဦးသိန်းညွှန်အား အိန္ဒုနယ်မြေရဲစခန်း၌ လည်းကောင်း စိုင်းလုံနှင့် မောင်ငြိမ်းတို့အား အေးသာယာ နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့် အရေးယူ ထားပြီး ကွင်းဆက်များအား ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထာသည်။

Zawgyi Version;
ဘားအံၿမိဳ႕နယ္ႏွင့္ ေတာင္ႀကီးၿမိဳ႕နယ္တို႔တြင္ ေငြက်ပ္သိန္း(၃ဝဝ)ေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၃၁
ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္ႏွင့္ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕နယ္တို႔တြင္ ေငြက်ပ္(၃၁၆)သိန္းတန္ဖိုးရွိ စိတ္ႂကြ ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္း ထုတ္ျပန္ထားသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၂၈ ရက္၊ နံနက္ ၉ နာရီ ၃ဝ မိနစ္ အခ်ိန္တြင္ ဘားအံၿမိဳ႕နယ္၊ ဝဲကရင္ေက်း႐ြာအနီးတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာအနီးတြင္ ဦးသိန္းၫႊန္အား မသကၤာသျဖင့္ ရွာေဖြစစ္ေဆးခဲ့ရာ ၎ထံမွ ေငြက်ပ္(၆၆)သိန္းတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂၂ဝဝ ျပားအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အလားတူ ညေန ၄နာရီခြဲအခ်ိန္တြင္ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေအးသာယာၿမိဳ႕၊ ရပ္ကြက္(၅)၊ သစၥာလမ္း၌ ဆိုင္ကယ္ေပၚတြင္ လွ်ိဳ႕ဝွက္သယ္ေဆာင္လာသည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါလမ္းမေပၚတြင္ စိုင္းလုံ(၂၆)ႏွစ္ ေမာင္းႏွင္၍ ေမာင္ၿငိမ္း(၄၂)ႏွစ္ လိုက္ပါလာသည့္ ဆိုင္ကယ္အား ရပ္တန႔္ စစ္ေဆးခဲ့ရာ ဆိုင္ကယ္ခြၾကားမွ သယ္ေဆာင္လာေသာ ေက်ာပိုးအိတ္အတြင္းမွ ေငြက်ပ္သိန္း(၂၅ဝ)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၅ဝဝဝဝ ျပား ႏွင့္ လက္ကိုင္ ဖုန္း(၂)လုံးတို႔ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ဦးသိန္းၫႊန္အား အိႏၵဳနယ္ေျမရဲစခန္း၌ လည္းေကာင္း စိုင္းလုံႏွင့္ ေမာင္ၿငိမ္းတို႔အား ေအးသာယာ နယ္ေျမရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရအမႈဖြင့္ အေရးယူ ထားၿပီး ကြင္းဆက္မ်ားအား ေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထာသည္။