သုခဒဂုံပြည်သူ့အငှားအိမ်ရာအခန်း မဲနှိုက်ခွင့်ရှိသူများစာရင်းကို မနက်ဖြန်တွင် ကြေညာပေးမည်

3373
NP News - နိုဝင်ဘာ ၁
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့ အငှားအိမ်ရာအခန်းများအတွက် မဲနှိုက်ခွင့်ပြုမည့် လျှောက်ထားသူများစာရင်းကို မနက်ဖြန် နိုဝင်ဘာလ(၂)ရက်တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာအငှားချထားရေး နှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပေးကြေညာချက်အရ သိရသည်။

သုခဒဂုံ အိမ်ရာသည် ရွာသာကြီးစီးပွါးရေး တက္ကသိုလ်အကျော် အမှတ်(၂) အဝေးပြေးလမ်း ဘေးတွင် တည်ဆောက်ထားသော တန်းဖို့သင့် အငှားအိမ်ရာဖြစ်သည်။
မဲနှိုက်ရမည့်စာရင်းတွင် ပါဝင်သူများအနေဖြင့် မိမိတို့ကိုယ်တိုင် မှတ်ပုံတင်မူရင်းနှင့် အိမ် ထောင်စုလူဦးရေစာရင်းများယူဆောင်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် သတ်မှတ်ထားသည့် တိုက်များအလိုက် သတ်မှတ်ရက်များတွင် မဲနှိုက်သွားမည်ဖြစ်ကြောင်းသိရသည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိအခန်းများ၏ ကနဦးကြေညာချက်များအရ တစ်လငှားရမ်းခနှုန်းထားများသည် ပထမထပ်အတွက် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ်အတွက် ၆၀,၀၀၀ ကျပ်၊ တတိယထပ်အတွက် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ်အတွက် ၄၆,၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ အငှားအိမ်ရာအိမ်ခန်းများအတွက် လျှောက်လွှာတင်ထားသူများအနက် အခန်းငှားရမ်းခွင့်အတွက် စိစစ်ပြီးသော မဲနှိုက်ခွင့်ပြုမည့် လျှောက်ထားသူများစာရင်း နှင့် မဲနှိုက်ရမည့်ရက်များကို သက်ဆိုင်ရာခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးများတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂ ရက်မှ ၁၂ ရက်အထိ အသိပေးကြညာပေးမည်ဖြစ်ကြောင်း သိရသည်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုရန် ကြေညာခဲ့ပြီးဖြစ်ရာ ပြန်လည်တင်ပြလာသော လျှောက်လွှာများအနက် အိမ်ရာကြီးကြပ်မှုကော်မတီနှင့် အိမ်ရာနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသူများကို စိစစ်ရွေးချယ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အဆိုပါ စိစစ်ရွေးချယ်ထားသူများကို တိုက်ခန်းငှားရမ်း ခွင့်ပြုနိုင်ရေးအတွက် တိုက်ခန်းငှားရမ်းခွင့် နှင့် အခန်းနေရာများကို မဲစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
သုခဒဂုံျပည္သူ႔အငွားအိမ္ရာအခန္း မဲႏႈိက္ခြင့္ရွိသူမ်ားစာရင္းကို မနက္ျဖန္တြင္ ေၾကညာေပးမည္
NP News - ႏိုဝင္ဘာ ၁
ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ရွိ သုခဒဂုံျပည္သူ႔ အငွားအိမ္ရာအခန္းမ်ားအတြက္ မဲႏႈိက္ခြင့္ျပဳမည့္ ေလွ်ာက္ထားသူမ်ားစာရင္းကို မနက္ျဖန္ ႏိုဝင္ဘာလ(၂)ရက္တြင္ ေၾကညာေပးသြားမည္ျဖစ္ေၾကာင္း သုခဒဂုံျပည္သူ႔အငွားအိမ္ရာ အိမ္ခန္းေနရာအငွားခ်ထားေရး ႏွင့္ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီ၏ အသိေပးေၾကညာခ်က္အရ သိရသည္။
သုခဒဂုံ အိမ္ရာသည္ ႐ြာသာႀကီးစီးပြါးေရး တကၠသိုလ္အေက်ာ္ အမွတ္(၂) အေဝးေျပးလမ္း ေဘးတြင္ တည္ေဆာက္ထားေသာ တန္းဖို႔သင့္ အငွားအိမ္ရာျဖစ္သည္။
မဲႏႈိက္ရမည့္စာရင္းတြင္ ပါဝင္သူမ်ားအေနျဖင့္ မိမိတို႔ကိုယ္တိုင္ မွတ္ပုံတင္မူရင္းႏွင့္ အိမ္ ေထာင္စုလူဦးေရစာရင္းမ်ားယူေဆာင္၍ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ သုခဒဂုံျပည္သူ႔အငွားအိမ္ရာတြင္ သတ္မွတ္ထားသည့္ တိုက္မ်ားအလိုက္ သတ္မွတ္ရက္မ်ားတြင္ မဲႏႈိက္သြားမည္ျဖစ္ေၾကာင္းသိရသည္။
သုခဒဂုံျပည္သူ႔အငွားအိမ္ရာရွိအခန္းမ်ား၏ ကနဦးေၾကညာခ်က္မ်ားအရ တစ္လငွားရမ္းခႏႈန္းထားမ်ားသည္ ပထမထပ္အတြက္ ၆၇,၀၀၀ က်ပ္၊ ဒုတိယထပ္အတြက္ ၆၀,၀၀၀ က်ပ္၊ တတိယထပ္အတြက္ ၅၅,၀၀၀ က်ပ္ႏွင့္ စတုတၳထပ္အတြက္ ၄၆,၀၀၀ က်ပ္တို႔ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အငွားအိမ္ရာအိမ္ခန္းမ်ားအတြက္ ေလွ်ာက္လႊာတင္ထားသူမ်ားအနက္ အခန္းငွားရမ္းခြင့္အတြက္ စိစစ္ၿပီးေသာ မဲႏႈိက္ခြင့္ျပဳမည့္ ေလွ်ာက္ထားသူမ်ားစာရင္း ႏွင့္ မဲႏႈိက္ရမည့္ရက္မ်ားကို သက္ဆိုင္ရာခ႐ိုင္၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး ႐ုံးမ်ားတြင္ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလ ၂ ရက္မွ ၁၂ ရက္အထိ အသိေပးၾကညာေပးမည္ျဖစ္ေၾကာင္း သိရသည္။
သုခဒဂုံ ျပည္သူ႔အငွားအိမ္ရာရွိ အိမ္ခန္းမ်ားအား ေနေရးအခက္အခဲရွိေသာ ျပည္သူမ်ား၊ အၿငိမ္းစားဝန္ထမ္းမ်ားႏွင့္ လက္ရွိတာဝန္ထမ္းေဆာင္ဆဲ ႏိုင္ငံ့ဝန္ထမ္းမ်ားအား သတ္မွတ္ငွားရမ္းခႏႈန္းထားျဖင့္ ငွားရမ္းေနထိုင္ခြင့္ျပဳရန္ ေၾကညာခဲ့ၿပီးျဖစ္ရာ ျပန္လည္တင္ျပလာေသာ ေလွ်ာက္လႊာမ်ားအနက္ အိမ္ရာႀကီးၾကပ္မႈေကာ္မတီႏွင့္ အိမ္ရာေနရာခ်ထားေရးႏွင့္ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီမွ သတ္မွတ္ထားေသာ စည္းကမ္းခ်က္မ်ားႏွင့္ ကိုက္ညီသူမ်ားကို စိစစ္ေ႐ြးခ်ယ္ခဲ့ၿပီးျဖစ္ေၾကာင္းသိရသည္။
အဆိုပါ စိစစ္ေ႐ြးခ်ယ္ထားသူမ်ားကို တိုက္ခန္းငွားရမ္း ခြင့္ျပဳႏိုင္ေရးအတြက္ တိုက္ခန္းငွားရမ္းခြင့္ ႏွင့္ အခန္းေနရာမ်ားကို မဲစနစ္ျဖင့္ ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။