ငွေကြေးလိမ်လည်မှုများ ဖြစ်ပေါ်လာပါက ချက်ချင်းထိရောက်စွာ တားဆီးဖော်ထုတ်အရေးယူဆောင်ရွက်ရန်လိုကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌပြော
901
စော(NP News) - နိုဝင်ဘာ ၁
ငွေကြေးလိမ်လည်မှုများ ဖြစ်ပေါ်လာပါက ချက်ချင်းထိရောက်စွာ တားဆီးဖော်ထုတ်အရေးယူဆောင်ရွက်ရန်လိုကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ယမန်နေ့(အောက်တိုဘာလ ၃၁ ရက်) တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၌ ငွေကြေးလိမ်လည်မှုများကို အချိန်မီတားဆီးနိုင်ရေး နှင့် အရေးယူမှုမြန်ဆန်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ အစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက ငွေကြေးလိမ်လည်မှုများ တားဆီးအရေးယူမှုဆိုင်ရာလုပ်ငန်းအဖွဲ့အနေဖြင့် ငွေကြေးလိမ်လည်မှုများ ဖြစ်ပေါ်လာပါက ချက်ချင်းထိရောက်စွာ တားဆီးဖော်ထုတ်အရေးယူဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
အလားတူ အသိပညာပေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင်လည်း ပြည်သူလူထုတစ်ရပ်လုံးသိရှိစေရန် ငွေကြေးလိမ်လည်မှုများကို ဖြစ်စဉ်တစ်ခုချင်းစီအလိုက် နမူနာထားပြီး ဝန်ဆောင်မှုပေးသူများအဖွဲ့အပါအဝင် အသုံးပြုသူများအဖွဲ့၊ ဥပဒေစည်းမျဉ်းထိန်းကျောင်း သူများအဖွဲ့များက အသိပေးရန်လိုကြောင်း အကြံပြုပြောကြားခဲ့သည်။
၎င်းက ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ငွေကြေးလိမ်လည်များမှုများကို တားဆီးကာကွယ်ရန်အတွက် သတင်းအချက်အလက်ရယူခြင်းနှင့် စစ်ဆေးဖော်ထုတ်အရေးယူခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ (Standard Operation Procedure -SOP)အပေါ် ဌာနဆိုင်ရာများအပါအဝင် ပုဂ္ဂလိကဘဏ်များ နှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် လိုက်နာဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ငွေကြေးလိမ်လည်မှုများကို အချိန်မီ တားဆီးနိုင်ရေးနှင့် အရေးယူမြန်ဆန်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ဖွဲ့စည်းပြီး စနစ်တကျဆောင်ရွက်ရန်လည်း ဗဟိုဘဏ် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
zawgyi version
ေငြေၾကးလိမ္လည္မႈမ်ား ျဖစ္ေပၚလာပါက ခ်က္ခ်င္းထိေရာက္စြာ တားဆီးေဖာ္ထုတ္အေရးယူေဆာင္႐ြက္ရန္လိုေၾကာင္း ဗဟိုဘဏ္ဥကၠ႒ေျပာ
ေစာ(NP News) - ႏိုဝင္ဘာ ၁
ေငြေၾကးလိမ္လည္မႈမ်ား ျဖစ္ေပၚလာပါက ခ်က္ခ်င္းထိေရာက္စြာ တားဆီးေဖာ္ထုတ္အေရးယူေဆာင္႐ြက္ရန္လိုေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဥကၠ႒က ေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဥကၠ႒ ေဒၚသန္းသန္းေဆြက ယမန္ေန႔(ေအာက္တိုဘာလ ၃၁ ရက္) တြင္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၊ ရန္ကုန္ဘဏ္ခြဲ၌ ေငြေၾကးလိမ္လည္မႈမ်ားကို အခ်ိန္မီတားဆီးႏိုင္ေရး ႏွင့္ အေရးယူမႈျမန္ဆန္ေရးဆိုင္ရာလုပ္ငန္းအဖြဲ႕ ဖြဲ႕စည္းေရးဆိုင္ရာ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ဥကၠ႒က ေငြေၾကးလိမ္လည္မႈမ်ား တားဆီးအေရးယူမႈဆိုင္ရာလုပ္ငန္းအဖြဲ႕အေနျဖင့္ ေငြေၾကးလိမ္လည္မႈမ်ား ျဖစ္ေပၚလာပါက ခ်က္ခ်င္းထိေရာက္စြာ တားဆီးေဖာ္ထုတ္အေရးယူေဆာင္႐ြက္ရန္လိုေၾကာင္း တိုက္တြန္းေျပာၾကားခဲ့သည္။
အလားတူ အသိပညာေပးဆိုင္ရာကိစၥရပ္မ်ားေဆာင္႐ြက္ရာတြင္လည္း ျပည္သူလူထုတစ္ရပ္လုံးသိရွိေစရန္ ေငြေၾကးလိမ္လည္မႈမ်ားကို ျဖစ္စဥ္တစ္ခုခ်င္းစီအလိုက္ နမူနာထားၿပီး ဝန္ေဆာင္မႈေပးသူမ်ားအဖြဲ႕အပါအဝင္ အသုံးျပဳသူမ်ားအဖြဲ႕၊ ဥပေဒစည္းမ်ဥ္းထိန္းေက်ာင္း သူမ်ားအဖြဲ႕မ်ားက အသိေပးရန္လိုေၾကာင္း အႀကံျပဳေျပာၾကားခဲ့သည္။
၎က ဆက္သြယ္ေရးကြန္ရက္မွတစ္ဆင့္ ေငြေၾကးလိမ္လည္မ်ားမႈမ်ားကို တားဆီးကာကြယ္ရန္အတြက္ သတင္းအခ်က္အလက္ရယူျခင္းႏွင့္ စစ္ေဆးေဖာ္ထုတ္အေရးယူျခင္းဆိုင္ရာလုပ္ထုံးလုပ္နည္းမ်ား (Standard Operation Procedure -SOP)အေပၚ ဌာနဆိုင္ရာမ်ားအပါအဝင္ ပုဂၢလိကဘဏ္မ်ား ႏွင့္ မိုဘိုင္းေငြေရးေၾကးေရးဝန္ေဆာင္မႈလုပ္ငန္းမ်ားအေနျဖင့္ လိုက္နာေဆာင္႐ြက္ရန္လိုေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ေငြေၾကးလိမ္လည္မႈမ်ားကို အခ်ိန္မီ တားဆီးႏိုင္ေရးႏွင့္ အေရးယူျမန္ဆန္ေရးဆိုင္ရာလုပ္ငန္းအဖြဲ႕ဖြဲ႕စည္းၿပီး စနစ္တက်ေဆာင္႐ြက္ရန္လည္း ဗဟိုဘဏ္ ဥကၠ႒က ေျပာၾကားခဲ့သည္။