အလုံမြို့နယ်ရှိ အထပ်မြင့်တိုက်ခန်းတစ်ခု၌ မီးလောင်မှုဖြစ်ပွား

 1408

သန့်ဇင်(NP News) - နိုဝင်ဘာ ၃

ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိ အထပ်မြင့်တိုက်ခန်းတစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းထံမှ သိရသည်။

မီးလောင်မှုသည့် ယနေ့ (နိုဝင်ဘာလ ၃ ရက်)၊ နံနက် ၁၁နာရီ ၃၃မိနစ်အချိန်တွင် အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အလုံလမ်း နှင့် အောက်ကြည့်မြင်တိုင်လမ်းထိပ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မီးလောင်မှုဖြစ်စဉ်ကတော့ ကျွန်တော်တို့လဲမသိရသေးဘူးဗျ။ လောင်တဲ့အခန်းကတော့ (၆)လွှာကတိုက်ခန်းပေါ့နော်။ မီးကလောင်တာက တစ်ခန်းလုံးနီးပါကို လောင်တာ။ အိမ်ရှေ့ဝရန်တာလောက်ပဲကျန်ခဲ့တာပေါ့” ဟု အနာဂတ်အလင်းတန်းပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကိုပြောသည်။

အဆိုပါ တိုက်ခန်းမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း တိုက်ခန်းအတွင်းပိုင်းပစ္စည်းအချို့မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းတိုက်ခန်းမီးလောင်မှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နှင့် အနာဂတ်အလင်း တန်းပရဟိတအသင်းတို့မှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာနှင့် မီးသတ်တပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
အလုံၿမိဳ႕နယ္ရွိ အထပ္ျမင့္တိုက္ခန္းတစ္ခု၌ မီးေလာင္မႈျဖစ္ပြား
သန႔္ဇင္(NP News) - ႏိုဝင္ဘာ ၃

ရန္ကုန္တိုင္း၊ အလုံၿမိဳ႕နယ္ရွိ အထပ္ျမင့္တိုက္ခန္းတစ္ခု၌ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း အနာဂတ္အလင္းတန္းပရဟိတအသင္းထံမွ သိရသည္။

မီးေလာင္မႈသည့္ ယေန႔ (ႏိုဝင္ဘာလ ၃ ရက္)၊ နံနက္ ၁၁နာရီ ၃၃မိနစ္အခ်ိန္တြင္ အလုံၿမိဳ႕နယ္၊ ဌာနာရပ္ကြက္၊ အလုံလမ္း ႏွင့္ ေအာက္ၾကည့္ျမင္တိုင္လမ္းထိပ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“မီးေလာင္မႈျဖစ္စဥ္ကေတာ့ ကြၽန္ေတာ္တို႔လဲမသိရေသးဘူးဗ်။ ေလာင္တဲ့အခန္းကေတာ့ (၆)လႊာကတိုက္ခန္းေပါ့ေနာ္။ မီးကေလာင္တာက တစ္ခန္းလုံးနီးပါကို ေလာင္တာ။ အိမ္ေရွ႕ဝရန္တာေလာက္ပဲက်န္ခဲ့တာေပါ့” ဟု အနာဂတ္အလင္းတန္းပရဟိတအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ တိုက္ခန္းမီးေလာင္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း တိုက္ခန္းအတြင္းပိုင္းပစၥည္းအခ်ိဳ႕မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ၎တိုက္ခန္းမီးေလာင္မႈအား ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ ႏွင့္ အနာဂတ္အလင္း တန္းပရဟိတအသင္းတို႔မွ ဝိုင္းဝန္းမီးျငႇိမ္းသတ္ခဲ့ရၿပီး ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအား သက္ဆိုင္ရာႏွင့္ မီးသတ္တပ္ဖြဲ႕က စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.