ရွှေလီကြိုးတံတားရှိ လုံခြုံရေးစခန်းကို TNLA အဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ နမ့်ခမ်းမြို့၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်

4425

မြူနစ် (NP News) - နိုဝင်ဘာ ၃
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နှင့် ကချင်ပြည်နယ်၊ မန့်ဝိန်းကြီးမြို့ကို ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ လုံခြုံရေးစခန်းကို TNLA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရွှေလီကြိုးတံတားရှိ လုံခြုံရေးစခန်းကို ယနေ့(နိုဝင်ဘာ ၃ ရက်) နံနက်ပိုင်းတွင် (၁၀၂၇ စစ်ဆင်ရေး)အဖြစ် ဝင်ရောက်တိုက်ခဲ့ကြောင်း TNLA ဘက်က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
ထိုသို့တိုက်ခိုက်စဉ် နံနက် ၇ နာရီအချိန်ခန့်တွင် ရွှေလီကြိုးတံတားရှိ လုံခြုံရေးစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု TNLA ဘက်က ထုတ်ပြန်ထားသည်။
ထို့အတူ ယနေ့တွင်လည်း နမ့်ခမ်းမြို့၌ တပ်မတော်နှင့် TNLA အဖွဲ့ကြားတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေလျက်ရှိကြောင်း သိရသည်။
MNDAA၊ TNLA၊ AA မဟာမိတ်(၃)ဖွဲ့သည် အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါ မဟာမိတ်(၃)ဖွဲ့သည် ရှမ်းပြည်နယ်အတွင်းရှိ ချင်းရွှေဟော်မြို့၊ ဖောင်းဆိုင်မြို့နှင့် ကြူကုတ်မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားကြောင်း သိရသည်။
ထိုသို့ လုံခြုံရေးစခန်းများကို တိုက်ခိုက်လာမှုနှင့်ပတ်သက်၍ တန်ပြန်ချေမှုန်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးတွင် အသိပေးပြောဆိုခဲ့သည်။
“လက်ရှိဖြစ်နေတာက မြောက်ပိုင်း(၃)ဖွဲ့ဘက်က စနစ်တကျ အကွက်ချပြီးမှ ကြိုတင်စီစဉ်ထားတဲ့ စစ်ဆင်ရေး ဖြစ်ဖို့များတယ်။ ရည်မှန်းချက်တွေက သုံးသပ်ရရင်တော့ဖြင့် MNDAA ရဲ့ အရင်သူတို့ယူခဲ့တဲ့ လောက်ကိုင်နဲ့ ချင်းရွှေဟော် အဲဒီတစ်ဝိုက်ကို ပြန်စိုးမိုးဖို့ဆိုတဲ့ ရည်မှန်းချက် ဖြစ်နိုင်တယ်။ ကျန်တဲ့ဒေသက တိုက်ကွက်ဖော်တဲ့သဘောပဲလို့ သုံးသပ်တယ်” ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က NP News ကို ပြောသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နယ်မြေဒေသတို့ကို အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားမည်ဟုလည်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို အသိပေးပြောဆိုခဲ့ဖူးသည်။
လက်ရှိတွင် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသများတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသူ (၆၂၀၀)ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version
ေ႐ႊလီႀကိဳးတံတားရွိ လုံၿခဳံေရးစခန္းကို TNLA အဖြဲ႕ ဝင္ေရာက္တိုက္ခိုက္၊ နမ့္ခမ္းၿမိဳ႕၌ တိုက္ပြဲမ်ား ဆက္လက္ျပင္းထန္ေန
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၃
ရွမ္းျပည္နယ္၊ နမ့္ခမ္းၿမိဳ႕ႏွင့္ ကခ်င္ျပည္နယ္၊ မန႔္ဝိန္းႀကီးၿမိဳ႕ကို ဆက္သြယ္ထားေသာ ေ႐ႊလီႀကိဳးတံတားရွိ လုံၿခဳံေရးစခန္းကို TNLA အဖြဲ႕က ဝင္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
ေ႐ႊလီႀကိဳးတံတားရွိ လုံၿခဳံေရးစခန္းကို ယေန႔(ႏိုဝင္ဘာ ၃ ရက္) နံနက္ပိုင္းတြင္ (၁၀၂၇ စစ္ဆင္ေရး)အျဖစ္ ဝင္ေရာက္တိုက္ခဲ့ေၾကာင္း TNLA ဘက္က ထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။
ထိုသို႔တိုက္ခိုက္စဥ္ နံနက္ ၇ နာရီအခ်ိန္ခန႔္တြင္ ေ႐ႊလီႀကိဳးတံတားရွိ လုံၿခဳံေရးစခန္းကို သိမ္းပိုက္ႏိုင္ခဲ့ၿပီး လက္နက္ခဲယမ္းမ်ားကိုလည္း သိမ္းဆည္းရရွိခဲ့သည္ဟု TNLA ဘက္က ထုတ္ျပန္ထားသည္။
ထို႔အတူ ယေန႔တြင္လည္း နမ့္ခမ္းၿမိဳ႕၌ တပ္မေတာ္ႏွင့္ TNLA အဖြဲ႕ၾကားတြင္ တိုက္ပြဲမ်ား ဆက္လက္ျပင္းထန္ေနလ်က္ရွိေၾကာင္း သိရသည္။
MNDAA၊ TNLA၊ AA မဟာမိတ္(၃)ဖြဲ႕သည္ ေအာက္တိုဘာ ၂၇ ရက္မွ စတင္ကာ (၁၀၂၇ စစ္ဆင္ေရး)အမည္ျဖင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းအတြင္းရွိ လုံၿခဳံေရးစခန္းမ်ားကို အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။
အဆိုပါ မဟာမိတ္(၃)ဖြဲ႕သည္ ရွမ္းျပည္နယ္အတြင္းရွိ ခ်င္းေ႐ႊေဟာ္ၿမိဳ႕၊ ေဖာင္းဆိုင္ၿမိဳ႕ႏွင့္ ၾကဴကုတ္ၿမိဳ႕တို႔ကို သိမ္းပိုက္ထိန္းခ်ဳပ္ထားေၾကာင္း သိရသည္။
ထိုသို႔ လုံၿခဳံေရးစခန္းမ်ားကို တိုက္ခိုက္လာမႈႏွင့္ပတ္သက္၍ တန္ျပန္ေခ်မႈန္းမႈမ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန္ေန႔တြင္ ျပဳလုပ္ေသာ အစိုးရအဖြဲ႕အစည္းအေဝးတြင္ အသိေပးေျပာဆိုခဲ့သည္။
“လက္ရွိျဖစ္ေနတာက ေျမာက္ပိုင္း(၃)ဖြဲ႕ဘက္က စနစ္တက် အကြက္ခ်ၿပီးမွ ႀကိဳတင္စီစဥ္ထားတဲ့ စစ္ဆင္ေရး ျဖစ္ဖို႔မ်ားတယ္။ ရည္မွန္းခ်က္ေတြက သုံးသပ္ရရင္ေတာ့ျဖင့္ MNDAA ရဲ႕ အရင္သူတို႔ယူခဲ့တဲ့ ေလာက္ကိုင္နဲ႔ ခ်င္းေ႐ႊေဟာ္ အဲဒီတစ္ဝိုက္ကို ျပန္စိုးမိုးဖို႔ဆိုတဲ့ ရည္မွန္းခ်က္ ျဖစ္ႏိုင္တယ္။ က်န္တဲ့ေဒသက တိုက္ကြက္ေဖာ္တဲ့သေဘာပဲလို႔ သုံးသပ္တယ္” ဟု ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ေဒါက္တာေအးေမာင္က NP News ကို ေျပာသည္။
ျမန္မာႏိုင္ငံ၏ လြတ္လပ္ေရး၊ အခ်ဳပ္အျခာအာဏာ၊ နယ္ေျမေဒသတို႔ကို အစြမ္းကုန္ႀကိဳးပမ္းကာကြယ္သြားမည္ဟုလည္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက မီဒီယာမ်ားကို အသိေပးေျပာဆိုခဲ့ဖူးသည္။
လက္ရွိတြင္ ရွမ္းျပည္နယ္အေရွ႕ေျမာက္ပိုင္းေဒသမ်ားတြင္ ျဖစ္ပြားေနသည့္တိုက္ပြဲမ်ားေၾကာင့္ ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ေနရသူ (၆၂၀၀)ေက်ာ္ ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။