တောင်ဥက္ကလာပတွင် ALPHARD ကားပေါ်မှ ငွေကျပ်သိန်း(၂ဝဝဝ)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

682
သန့်ဇင် (NP News) - နိုဝင်ဘာ ၆
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် ALPHARD ကားပေါ်မှ ငွေကျပ်သိန်း(၂ဝဝဝ)တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်၊ မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက်၊ မင်္ဂလာလမ်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းတွင် ဦးသန်းဝင်း(ခ)ဖက်တီး(၃ဝ)နှစ် မောင်းကာ အောင်ထွန်းသိန်း(၅၁)နှစ် လိုက်လာသည့် ALPHARD ကားကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးခဲ့ရာ ကားပေါ်မှ ငွေကျပ်သိန်း (၂ဝဝဝ)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၂ဝဝဝဝဝ) ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၂)ဦးအား တောင်ဥက္ကလာပမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အမှုဖွင့်ပြီး ကွင်းဆက်များအား ဖော်ထုတ်နိုင်ရန် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Zawgyi Version;
ေတာင္ဥကၠလာပတြင္ ALPHARD ကားေပၚမွ ေငြက်ပ္သိန္း(၂ဝဝဝ)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၆
ရန္ကုန္တိုင္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ALPHARD ကားေပၚမွ ေငြက်ပ္သိန္း(၂ဝဝဝ)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ သည္။
ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၄ ရက္၊ မြန္းလြဲ ၂ နာရီ ၃ဝ မိနစ္တြင္ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၁၂)ရပ္ကြက္၊ မဂၤလာလမ္းတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါလမ္းတြင္ ဦးသန္းဝင္း(ခ)ဖက္တီး(၃ဝ)ႏွစ္ ေမာင္းကာ ေအာင္ထြန္းသိန္း(၅၁)ႏွစ္ လိုက္လာသည့္ ALPHARD ကားကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္မ်ားက တားဆီးစစ္ေဆးခဲ့ရာ ကားေပၚမွ ေငြက်ပ္သိန္း (၂ဝဝဝ)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၂ဝဝဝဝဝ) ျပားအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔(၂)ဦးအား ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္းက မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါး မ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ၿပီး ကြင္းဆက္မ်ားအား ေဖာ္ထုတ္ႏိုင္ရန္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။