ဆေးတက္ကသိုလ်များ နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၏ ပထမနှစ် တက်ရောက်ခွင့်ရရှိသူ (၆၀၀)ကျော်ရှိ

 898

စော (NP News) - နိုဝင်ဘာ ၇

ဆေးတက္ကသိုလ်များ နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၏ ပထမနှစ် တက်ရောက်ခွင့်ရရှိသူ (၆၀၀)ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာနက ယနေ့(နိုဝင်ဘာလ ၇ ရက်)တွင် အထက်ပါကဲ့သို့အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးတက္ကသိုလ် (၁)ရန်ကုန်တွင် (၁၂၈)ဦး၊ ဆေးတက္ကသိုလ်(မန္တလေး)တွင် (၁၄၆)ဦး၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်တွင် (၉၅)ဦး၊ ဆေးတက္ကသိုလ်(မကွေး)တွင် (၈၄)ဦး၊ ဆေးတက္ကသိုလ်(တောင်ကြီး)တွင် (၂၉)ဦး၊ Naypyitaw State Academy တွင် (၃၁)ဦး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)တွင် (၄၄)ဦး နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)တွင် (၅၉)ဦး စုစုပေါင်း (၆၁၆)ဦး တက်ရောက်ခွင့်ရကြောင်း သိရသည်။

ဆေးတက္ကသိုလ်များ နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၏ ပထမနှစ် တက်ရောက်ခွင့်ရရှိသူများ၏ အမည်စာရင်းများကို ယနေ့(နိုဝင်ဘာလ ၇ ရက်)တွင် ကျန်းမာရေးဝန်ကြီးဌာန၏ Website www.moh.gov.mm နှင့် Facebook Page (Ministry of Health, Myanmar) တို့၌ ကြေညာထားကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ Website www.hrh.gov.mm နှင့် သက်ဆိုင်ရာ တက္ကသိုလ်များတွင်လည်း ကြေညာထားကြောင်း သိရသည်။

တက္ကသိုလ်များ နှင့် ကောလိပ်များ၏ နေ့သင်တန်းများအားလုံးကို လာမည့် (နိုဝင်ဘာလ ၂၃ ရက်)တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို (နိုဝင်ဘာလ ၁၆ ရက်)မှစတင်၍ ပိတ်ရက်မရှိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆေးတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိသူများသည် ဒီဇင်ဘာလ (၂၂)ရက်အထိ ကျောင်းအပ်နှံခြင်းမရှိပါက တက်ရောက်ခွင့်ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် အထက်ပါတက္ကသိုလ်များသို့ ပထမနှစ်သင်တန်း တက်ရောက်ခွင့်ရရှိသူများအနက် မိမိကိုယ်ပိုင်စရိတ်ဖြင့် ဝင်ခွင့်ရရှိသူ (၄၃)ဦး ရှိကြောင်း သိရသည်။

zawgyi version
ေဆးတကၠသိုလ္မ်ား ႏွင့္ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္မ်ား၏ ပထမႏွစ္ တက္ေရာက္ခြင့္ရရွိသူ (၆၀၀)ေက်ာ္ရွိ
ေစာ (NP News) - ႏိုဝင္ဘာ ၇

ေဆးတကၠသိုလ္မ်ား ႏွင့္ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္မ်ား၏ ပထမႏွစ္ တက္ေရာက္ခြင့္ရရွိသူ (၆၀၀)ေက်ာ္ရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

က်န္းမာေရးဝန္ႀကီးဌာနက ယေန႔(ႏိုဝင္ဘာလ ၇ ရက္)တြင္ အထက္ပါကဲ့သို႔အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

က်န္းမာေရးဝန္ႀကီးဌာန၊ ေဆးတကၠသိုလ္ (၁)ရန္ကုန္တြင္ (၁၂၈)ဦး၊ ေဆးတကၠသိုလ္(မႏၲေလး)တြင္ (၁၄၆)ဦး၊ ေဆးတကၠသိုလ္(၂)ရန္ကုန္တြင္ (၉၅)ဦး၊ ေဆးတကၠသိုလ္(မေကြး)တြင္ (၈၄)ဦး၊ ေဆးတကၠသိုလ္(ေတာင္ႀကီး)တြင္ (၂၉)ဦး၊ Naypyitaw State Academy တြင္ (၃၁)ဦး၊ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္(ရန္ကုန္)တြင္ (၄၄)ဦး ႏွင့္ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္(မႏၲေလး)တြင္ (၅၉)ဦး စုစုေပါင္း (၆၁၆)ဦး တက္ေရာက္ခြင့္ရေၾကာင္း သိရသည္။

ေဆးတကၠသိုလ္မ်ား ႏွင့္ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္မ်ား၏ ပထမႏွစ္ တက္ေရာက္ခြင့္ရရွိသူမ်ား၏ အမည္စာရင္းမ်ားကို ယေန႔(ႏိုဝင္ဘာလ ၇ ရက္)တြင္ က်န္းမာေရးဝန္ႀကီးဌာန၏ Website www.moh.gov.mm ႏွင့္ Facebook Page (Ministry of Health, Myanmar) တို႔၌ ေၾကညာထားေၾကာင္း သိရသည္။

ထို႔ျပင္ က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္ဦးစီးဌာန၏ Website www.hrh.gov.mm ႏွင့္ သက္ဆိုင္ရာ တကၠသိုလ္မ်ားတြင္လည္း ေၾကညာထားေၾကာင္း သိရသည္။

တကၠသိုလ္မ်ား ႏွင့္ ေကာလိပ္မ်ား၏ ေန႔သင္တန္းမ်ားအားလုံးကို လာမည့္ (ႏိုဝင္ဘာလ ၂၃ ရက္)တြင္ ဖြင့္လွစ္မည္ျဖစ္ၿပီး ေက်ာင္းအပ္လက္ခံျခင္းကို (ႏိုဝင္ဘာလ ၁၆ ရက္)မွစတင္၍ ပိတ္ရက္မရွိ လက္ခံေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေဆးတကၠသိုလ္ႏွင့္ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္သို႔ တက္ေရာက္ခြင့္ရရွိသူမ်ားသည္ ဒီဇင္ဘာလ (၂၂)ရက္အထိ ေက်ာင္းအပ္ႏွံျခင္းမရွိပါက တက္ေရာက္ခြင့္ပယ္ဖ်က္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

ထို႔ျပင္ အထက္ပါတကၠသိုလ္မ်ားသို႔ ပထမႏွစ္သင္တန္း တက္ေရာက္ခြင့္ရရွိသူမ်ားအနက္ မိမိကိုယ္ပိုင္စရိတ္ျဖင့္ ဝင္ခြင့္ရရွိသူ (၄၃)ဦး ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.