စပါးအသင်းကို အနိုင်ရရှိမှုက ထိုက်တန်သော အနိုင်ရရှိမှုတစ်ခုဖြစ်ကြောင်း ချဲလ်ဆီးနည်းပြ ပြော

960

Pika (NP News) - နိုဝင်ဘာ ၇
နိုဝင်ဘာလ(၆)ရက် ညက စပါးအသင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရသော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချဲလ်ဆီးအသင်းမှာ ပိုကောင်းသောအသင်းတစ်သင်းဖြစ်ခဲ့ကြောင်း ချဲလ်ဆီးနည်းပြပိုချက်တီနိုက ထုတ်ဖော်ပြောခဲ့ သည်၊၊
ထို့အပြင် စပါးအသင်းကို(၄)ဂိုး-(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းမှာ ချဲလ်ဆီးအသင်းကစားသမားများအတွက် ထိုက်တန် သော အနိုင်ရရှိမှုတစ်ခုဖြစ်ကြောင်း ပိုချက်တီနိုက ထပ်မံပြောခဲ့သည်။ အဆိုပါပွဲစဉ်တွင် စပါးအသင်းတောင်ပံ ကစားသမား Dejan Kulusevski က ပွဲချိန် (၆)မိနစ်တွင် အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်းဖြစ် သည်။
သို့သော်လည်း စပါးအသင်းကွင်းလယ်ကစားသမား ကိုးလ်ပယ်လ်မာက ပွဲချိန်(၃၅)မိနစ်တွင် ပင်နယ်တီဂို ကန်သွင်းနိုင်ခဲ့ပြီး တိုက်စစ်မှူးနီကိုလက်စ်ဂျက်ဆင်က ပွဲချိန်(၇၅)မိနစ်၊ (၉၄)မိနစ် နှင့် (၉၇)မိနစ်တို့တွင် ဂိုးများ သွင်းယူကာ ဟက်ထရစ်ရယူနိုင်ခဲ့ပြီးနောက် (၄)ဂိုး-(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ပိုချက်တီနိုက "ကျွန်တော်တို့ နိုင်ပွဲရရှိဖို့ ထိုက်တန်တယ်လို့ထင်ပါတယ်။ စပါးအသင်းကစားသမားတွေ အမှားတွေ အများကြီးလုပ်အောင်လို့ ကျွန်တော်တို့ ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ စပါးအသင်းဟာ ပထမဆုံး(၁၅)မိနစ်မှာ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ကျွန်တော်တို့ကပဲ ဦးဆောင်ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ဒီကစားပွဲက တရားမျှတတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီစွမ်းဆောင်ရည်က ကျွန်တော်တို့အကောင်းဆုံးကစားနိုင်ခဲ့တယ်ဆိုတာကို ပြသနေတာ ဖြစ်ပြီး ကျွန်တော့်မှာ နောက်ထပ်ပြောစရာမရှိတော့ပါဘူး" ဟု ပြောခဲ့သည်။

Zawgyi Version;
စပါးအသင္းကို အႏိုင္ရရွိမႈက ထိုက္တန္ေသာ အႏိုင္ရရွိမႈတစ္ခုျဖစ္ေၾကာင္း ခ်ဲလ္ဆီးနည္းျပ ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၇
ႏိုဝင္ဘာလ(၆)ရက္ ညက စပါးအသင္းႏွင့္ အႀကိတ္အနယ္ယွဥ္ၿပိဳင္ကစားခဲ့ရေသာ ပရီးမီးယားလိဂ္ပြဲစဥ္တြင္ ခ်ဲလ္ဆီးအသင္းမွာ ပိုေကာင္းေသာအသင္းတစ္သင္းျဖစ္ခဲ့ေၾကာင္း ခ်ဲလ္ဆီးနည္းျပပိုခ်က္တီႏိုက ထုတ္ေဖာ္ေျပာခဲ့ သည္၊၊
ထို႔အျပင္ စပါးအသင္းကို(၄)ဂိုး-(၁)ဂိုးျဖင့္ အႏိုင္ရရွိခဲ့ျခင္းမွာ ခ်ဲလ္ဆီးအသင္းကစားသမားမ်ားအတြက္ ထိုက္တန္ ေသာ အႏိုင္ရရွိမႈတစ္ခုျဖစ္ေၾကာင္း ပိုခ်က္တီႏိုက ထပ္မံေျပာခဲ့သည္။ အဆိုပါပြဲစဥ္တြင္ စပါးအသင္းေတာင္ပံ ကစားသမား Dejan Kulusevski က ပြဲခ်ိန္ (၆)မိနစ္တြင္ အသင္းအတြက္ အဖြင့္ဂိုးသြင္းယူေပးႏိုင္ခဲ့ျခင္းျဖစ္ သည္။
သို႔ေသာ္လည္း စပါးအသင္းကြင္းလယ္ကစားသမား ကိုးလ္ပယ္လ္မာက ပြဲခ်ိန္(၃၅)မိနစ္တြင္ ပင္နယ္တီဂို ကန္သြင္းႏိုင္ခဲ့ၿပီး တိုက္စစ္မႉးနီကိုလက္စ္ဂ်က္ဆင္က ပြဲခ်ိန္(၇၅)မိနစ္၊ (၉၄)မိနစ္ ႏွင့္ (၉၇)မိနစ္တို႔တြင္ ဂိုးမ်ား သြင္းယူကာ ဟက္ထရစ္ရယူႏိုင္ခဲ့ၿပီးေနာက္ (၄)ဂိုး-(၁)ဂိုးျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။
ပိုခ်က္တီႏိုက "ကြၽန္ေတာ္တို႔ ႏိုင္ပြဲရရွိဖို႔ ထိုက္တန္တယ္လို႔ထင္ပါတယ္။ စပါးအသင္းကစားသမားေတြ အမွားေတြ အမ်ားႀကီးလုပ္ေအာင္လို႔ ကြၽန္ေတာ္တို႔ ဖိအားေပးကစားႏိုင္ခဲ့ပါတယ္။ စပါးအသင္းဟာ ပထမဆုံး(၁၅)မိနစ္မွာ အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာ ကြၽန္ေတာ္တို႔ကပဲ ဦးေဆာင္ကစားႏိုင္ခဲ့တယ္လို႔ ထင္ပါတယ္။ ဒီပြဲမွာ ကြၽန္ေတာ္တို႔အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။ ဒီကစားပြဲက တရားမွ်တတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဒီစြမ္းေဆာင္ရည္က ကြၽန္ေတာ္တို႔အေကာင္းဆုံးကစားႏိုင္ခဲ့တယ္ဆိုတာကို ျပသေနတာ ျဖစ္ၿပီး ကြၽန္ေတာ့္မွာ ေနာက္ထပ္ေျပာစရာမရွိေတာ့ပါဘူး" ဟု ေျပာခဲ့သည္။