အမေရိကန်အစိုးရက အစ္စရေးကို အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ကျော်တန်ဖိုးရှိ ပစ်မှတ်ကို တိကျစွာထိမှန်နိုင်မည့် ဗုံးများ ကူညီထောက်ပံ့ပေးမည်

 648

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၇

အမေရိကန်အစိုးရသည် အစ္စရေးနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၃၂ဝ တန်ကြေးရှိ ပစ်မှတ်ကို တိကျမှန်ကန်စွာ ထိမှန်နိုင်စွမ်းရှိသောဗုံးများကို ထပ်မံပေးပို့ကူညီသွားမည်ဖြစ်ကြောင်း Wall Street Journal တွင် ဖော်ပြထား သည်။

အမေရိကန်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော Rafael USA ကုမ္ပဏီသည် ပစ်မှတ်ကို တိကျစွာ ထိမှန်နိုင်စွမ်းရှိသော ဗုံးများကို အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် အစ္စရေးနိုင်ငံရှိ လက်နက်ကုမ္ပဏီထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်အခြေစိုက်သတင်းစာဖြစ်သော Wall Street Journal က "အစ္စရေးဟာ စစ်ပွဲမဖြစ်ခင်ကတည်းက အဲဒီဗုံးတွေကို တောင်းခံထားတာဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ လွှတ်တော်ကလည်း ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်" ဟု ပြောသည်။

အစ္စရေးသည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ နှင့်စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဂါဇာဒေသကို တစ်လနီးပါးအတွင်း ဗုံး တန်ချိန်ပေါင်း ၂ဝဝဝဝ ကျော် ကြဲချခဲ့ရာ ပါလက်စတိုင်းလူမျိုး ၁ သောင်းကျော် သေဆုံးထားရကြောင်း သိရသည်။

အမေရိကန်အစိုးရသည် ကမ္ဘာကုလသမဂ္ဂအဖွဲ့ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ဝေဖန်ပြစ်တင်နေသည့် အစ္စရေးနိုင်ငံကို စစ်ရေးအကူအညီများအပြင် အခြားလိုအပ်သောအကူညီများပံ့ပိုးပေးမည်ဟု ကတိပြုထားသည်။ ဂါဇာဒေသကို တိုက်ခိုက်နေသည့် အစ္စရေး၏တိုက်ခိုက်မှုများ ရပ်တန့်ရန် နှင့် အပစ်ခတ်ရပ်စဲရန် နိုင်ငံတကာ အဖွဲ့အစည်းများက တောင်းဆိုနေသော်လည်း အစ္စရေး နှင့် အမေရိကန်အစိုးရတို့ ပယ်ချထားကြောင်း သိရသည်။

ဂါဇာဒေသကို တိုက်ခိုက်မှုများရပ်တန့်မည်ဆိုလျှင် ဟားမက်စ်အဖွဲ့ကို ပြန်လည်စုဖွဲ့ရန်အခွင့်အရေးပေးသလိုမျိုး ဖြစ်လာနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ အမေရိကန်အောက်လွှတ်တော်သည် ပြီးခဲ့သောသီတင်းပတ်ကလည်း အစ္စရေးကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၄ ဘီလျံကျော် ကူညီ ပေးရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
အေမရိကန္အစိုးရက အစၥေရးကို အေမရိကန္ေဒၚလာ သန္း ၃ဝဝ ေက်ာ္တန္ဖိုးရွိ ပစ္မွတ္ကို တိက်စြာထိမွန္ႏိုင္မည့္ဗုံးမ်ား ကူညီေထာက္ပံ့ေပးမည္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၇

အေမရိကန္အစိုးရသည္ အစၥေရးႏိုင္ငံကို အေမရိကန္ေဒၚလာ သန္း ၃၂ဝ တန္ေၾကးရွိ ပစ္မွတ္ကို တိက်မွန္ကန္စြာ ထိမွန္ႏိုင္စြမ္းရွိေသာဗုံးမ်ားကို ထပ္မံေပးပို႔ကူညီသြားမည္ျဖစ္ေၾကာင္း Wall Street Journal တြင္ ေဖာ္ျပထားသည္။

အေမရိကန္စစ္လက္နက္ပစၥည္းထုတ္လုပ္ေရးကုမၸဏီျဖစ္ေသာ Rafael USA ကုမၸဏီသည္ ပစ္မွတ္ကို တိက်စြာ ထိမွန္ႏိုင္စြမ္းရွိေသာ ဗုံးမ်ားကို အစၥေရးကာကြယ္ေရးဝန္ႀကီးဌာန အသုံးျပဳရန္ ရည္႐ြယ္ခ်က္ျဖင့္ အစၥေရးႏိုင္ငံရွိ လက္နက္ကုမၸဏီထံ ေပးပို႔သြားမည္ျဖစ္ေၾကာင္း သိရသည္။

အေမရိကန္အေျခစိုက္သတင္းစာျဖစ္ေသာ Wall Street Journal က "အစၥေရးဟာ စစ္ပြဲမျဖစ္ခင္ကတည္းက အဲဒီဗုံးေတြကို ေတာင္းခံထားတာျဖစ္ပါတယ္။ ဒီႏွစ္အေစာပိုင္းမွာ လႊတ္ေတာ္ကလည္း ခြင့္ျပဳေပးထားၿပီး ျဖစ္ပါတယ္" ဟု ေျပာသည္။

အစၥေရးသည္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ ႏွင့္စစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ ဂါဇာေဒသကို တစ္လနီးပါးအတြင္း ဗုံး တန္ခ်ိန္ေပါင္း ၂ဝဝဝဝ ေက်ာ္ ႀကဲခ်ခဲ့ရာ ပါလက္စတိုင္းလူမ်ိဳး ၁ ေသာင္းေက်ာ္ ေသဆုံးထားရေၾကာင္း သိရသည္။

အေမရိကန္အစိုးရသည္ ကမာၻကုလသမဂၢအဖြဲ႕ အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားက ေဝဖန္ျပစ္တင္ေနသည့္ အစၥေရးႏိုင္ငံကို စစ္ေရးအကူအညီမ်ားအျပင္ အျခားလိုအပ္ေသာအကူညီမ်ားပံ့ပိုးေပးမည္ဟု ကတိျပဳထားသည္။ ဂါဇာေဒသကို တိုက္ခိုက္ေနသည့္ အစၥေရး၏တိုက္ခိုက္မႈမ်ား ရပ္တန႔္ရန္ ႏွင့္ အပစ္ခတ္ရပ္စဲရန္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားက ေတာင္းဆိုေနေသာ္လည္း အစၥေရး ႏွင့္ အေမရိကန္အစိုးရတို႔ ပယ္ခ်ထားေၾကာင္း သိရသည္။

ဂါဇာေဒသကို တိုက္ခိုက္မႈမ်ားရပ္တန႔္မည္ဆိုလွ်င္ ဟားမက္စ္အဖြဲ႕ကို ျပန္လည္စုဖြဲ႕ရန္အခြင့္အေရးေပးသလိုမ်ိဳး ျဖစ္လာႏိုင္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာသည္။ အေမရိကန္ေအာက္လႊတ္ေတာ္သည္ ၿပီးခဲ့ေသာသီတင္းပတ္ကလည္း အစၥေရးကို စစ္ေရးအကူအညီအျဖစ္ အေမရိကန္ေဒၚလာ ၁၄ ဘီလ်ံေက်ာ္ ကူညီ ေပးရန္ ခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။

© 2021. All rights reserved.