မုံရွာမြို့ပေါ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၃၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်ပြည်သူ (၁၆၀)ကျော်ရှိခဲ့

 946

စော (NP News) - နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၃၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်ပြည်သူ (၁၆၀)ကျော်ရှိခဲ့ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာလ ၇ ရက်)၊ နံနက်အစောပိုင်းတွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ ရွှေညောင်ပင်လမ်း၌ အထက်ပါကဲ့သို့ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို တိုင်း၊ ခရိုင်၊ မြိုနယ်များရှိ မီးသတ်စခန်းများမှ မီးသတ်ယာဉ်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် (၁)နာရီခွဲအချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

“ကျွန်တော်ပြောသံကြားတာတော့ စိတ်မနှံတဲ့လူတစ်ယောက်က အမှိုက်ပုံကို မီးရှို့လိုက်လို့ လောင်တယ်ကြားပါတယ်”ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။

မီးလောင်မှုကြောင့် လူနေအိမ် (၃၂)လုံး မီးလောင်ပျက်စီးခဲ့ပြီး အိမ်ထောင်စု (၃၂)စုမှ မီးဘေးသင့်ပြည်သူ (၁၆၁)ဦး ရှိခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးသင့်ပြည်သူများ ယာယီတည်းခိုနိုင်ရေးနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ထန်းတောရပ်ကွက်ရှိ ရွှေကြာဓမ္မဗိမာန်တော်၌ စီစဉ်ပေးထားကြောင်း သိရသည်။

အလားတူ ယမန်နေ့(နိုဝင်ဘာလ ၇ ရက်)၊ နံနက် (၁)နာရီဝန်းကျင်အချိန်တွင် ကချင်ပြည်နယ်၊ ခေါင်လန်းဖူးမြို့နယ်ရှိ ရေခဲပြင်ကျေးရွာဟု ခေါ်သည့် ရှိန်းခေါင်ကျေးရွာတွင် မီးလောင်မှုကြောင့် နေအိမ် (၆၂)လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်ပျက်စီးခဲ့သည်။

zawgyi version
မုံ႐ြာၿမိဳ႕ေပၚ၌ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ေနအိမ္ (၃၂)လုံး မီးေလာင္ဆုံးရႈံးခဲ့ၿပီး မီးေဘးသင့္ျပည္သူ (၁၆၀)ေက်ာ္ရွိခဲ့
ေစာ (NP News) - ႏိုဝင္ဘာ ၈

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ေနအိမ္ (၃၂)လုံး မီးေလာင္ဆုံးရႈံးခဲ့ၿပီး မီးေဘးသင့္ျပည္သူ (၁၆၀)ေက်ာ္ရွိခဲ့ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ႏိုဝင္ဘာလ ၇ ရက္)၊ နံနက္အေစာပိုင္းတြင္ မုံ႐ြာၿမိဳ႕၊ ထန္းေတာရပ္ကြက္၊ ေ႐ႊေညာင္ပင္လမ္း၌ အထက္ပါကဲ့သို႔ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈကို တိုင္း၊ ခ႐ိုင္၊ ၿမိဳနယ္မ်ားရွိ မီးသတ္စခန္းမ်ားမွ မီးသတ္ယာဥ္မ်ားျဖင့္ ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့ရာ နံနက္ (၁)နာရီခြဲအခ်ိန္တြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။

“ကြၽန္ေတာ္ေျပာသံၾကားတာေတာ့ စိတ္မႏွံတဲ့လူတစ္ေယာက္က အမႈိက္ပုံကို မီးရႈိ႕လိုက္လို႔ ေလာင္တယ္ၾကားပါတယ္”ဟု ေဒသခံတစ္ဦးက NP News ကိုေျပာသည္။

မီးေလာင္မႈေၾကာင့္ လူေနအိမ္ (၃၂)လုံး မီးေလာင္ပ်က္စီးခဲ့ၿပီး အိမ္ေထာင္စု (၃၂)စုမွ မီးေဘးသင့္ျပည္သူ (၁၆၁)ဦး ရွိခဲ့ေသာ္လည္း လူထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေဘးသင့္ျပည္သူမ်ား ယာယီတည္းခိုႏိုင္ေရးႏွင့္ အေရးေပၚက်န္းမာေရးေစာင့္ေရွာက္မႈ ေပးႏိုင္ရန္အတြက္ ထန္းေတာရပ္ကြက္ရွိ ေ႐ႊၾကာဓမၼဗိမာန္ေတာ္၌ စီစဥ္ေပးထားေၾကာင္း သိရသည္။

အလားတူ ယမန္ေန႔(ႏိုဝင္ဘာလ ၇ ရက္)၊ နံနက္ (၁)နာရီဝန္းက်င္အခ်ိန္တြင္ ကခ်င္ျပည္နယ္၊ ေခါင္လန္းဖူးၿမိဳ႕နယ္ရွိ ေရခဲျပင္ေက်း႐ြာဟု ေခၚသည့္ ရွိန္းေခါင္ေက်း႐ြာတြင္ မီးေလာင္မႈေၾကာင့္ ေနအိမ္ (၆၂)လုံးႏွင့္ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္း မီးေလာင္ပ်က္စီးခဲ့သည္။

Related news

© 2021. All rights reserved.