ရှုံးနိမ့်ခဲ့သော ယူရိုပါလိဂ်ပွဲစဉ်ရလဒ်က အသင်းနှင့်ထိုက်တန်ကြောင်း လီဗာပူးလ်နည်းပြပြော

 452

Pika (NP News) - နိုဝင်ဘာ ၁ဝ

နိုဝင်ဘာလ(၉)ရက် ညက Toulouse အသင်းကို (၃)ဂိုး-(၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ယူရိုပါလိဂ်ပွဲစဉ်ရလဒ်မှာ လီဗာပူးလ်အသင်း နှင့် ထိုက်တန်ကြောင်း လီဗာပူးလ်နည်းပြယာဗင်ကလော့ က ထုတ်ဖော်ပြောခဲ့သည်။

သို့သော်လည်း လီဗာပူးလ်အသင်းသည် ယူရိုပါလိဂ်ကစားပွဲ လေးပွဲကစားထားပြီး (၃)ပွဲနိုင် (၁)ပွဲရှုံးကာ ရမှတ်(၉) မှတ်ဖြင့် အုပ်စု E တွင် ထိပ်ဆုံးမှာရပ်တည်နေဆဲဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်နည်းပြယာဗင်ကလော့ က "Toulouse အသင်းကို ရှုံးနိမ့်မှုက ကျွန်တော်တို့နဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ Toulouse အသင်းဟာ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေ အကောင်းဆုံးကစားနိုင်စွမ်းတွေနဲ့ ကျွန်တော် တို့ကို အနိုင်ယူခဲ့တာပါ။ ကျွန်တော်တို့မှာ ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးတွေ အများကြီးရခဲ့ပေမယ့် အဲဒါကို ကျွန်တော် တို့ အသုံးမချနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး" ဟု ပြောခဲ့သည်။

လီဗာပူးလ်အသင်းသည် နိုဝင်ဘာလ(၅)ရက်က လူတန်တောင်းအသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲတွင် သရေကျခဲ့ပြီးနောက် သီတင်းပတ်တစ်ပတ်အတွင်း နောက်ထပ်စိတ်ပျက်စရာ ရလဒ်များရှိခဲ့သော်လည်း အသင်းကစားသမားများအပေါ် စိတ်ဆိုးဒေါသထွက်ခြင်းမျိုးမရှိကြောင်း ယာဗင်ကလော့ က ပြောခဲ့သည်။

ယာဗင်ကလော့ က "ကျွန်တော် မစိုးရိမ်ပါဘူး။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ပိုမိုကောင်းမွန်လာပြီး အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ အဓိကပြဿနာကတော့ ကစားပွဲအတွင်းမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တွေကို ပြတ်ပြတ်သားသား လုပ်ဖို့ပါပဲ။ ဒီလိုပေးခဲ့ရတဲ့ ဂိုးမျိုးတွေ ထပ်ပြီးပေးရအောင် ကျွန်တော်တို့ ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။

Zawgyi Version;
ရႈံးနိမ့္ခဲ့ေသာ ယူ႐ိုပါလိဂ္ပြဲစဥ္ရလဒ္က အသင္းႏွင့္ထိုက္တန္ေၾကာင္း လီဗာပူးလ္နည္းျပေျပာ
Pika (NP News) - ႏိုဝင္ဘာ ၁ဝ

ႏိုဝင္ဘာလ(၉)ရက္ ညက Toulouse အသင္းကို (၃)ဂိုး-(၂)ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ေသာ ယူ႐ိုပါလိဂ္ပြဲစဥ္ရလဒ္မွာ လီဗာပူးလ္အသင္း ႏွင့္ ထိုက္တန္ေၾကာင္း လီဗာပူးလ္နည္းျပယာဗင္ကေလာ့ က ထုတ္ေဖာ္ေျပာခဲ့သည္။

သို႔ေသာ္လည္း လီဗာပူးလ္အသင္းသည္ ယူ႐ိုပါလိဂ္ကစားပြဲ ေလးပြဲကစားထားၿပီး (၃)ပြဲႏိုင္ (၁)ပြဲရႈံးကာ ရမွတ္(၉) မွတ္ျဖင့္ အုပ္စု E တြင္ ထိပ္ဆုံးမွာရပ္တည္ေနဆဲျဖစ္ေၾကာင္း သိရသည္။
လီဗာပူးလ္နည္းျပယာဗင္ကေလာ့ က "Toulouse အသင္းကို ရႈံးနိမ့္မႈက ကြၽန္ေတာ္တို႔နဲ႔ ထိုက္တန္တယ္လို႔ ထင္ပါတယ္။ Toulouse အသင္းဟာ ျပတ္သားတဲ့ဆုံးျဖတ္ခ်က္ေတြ အေကာင္းဆုံးကစားႏိုင္စြမ္းေတြနဲ႔ ကြၽန္ေတာ္ တို႔ကို အႏိုင္ယူခဲ့တာပါ။ ကြၽန္ေတာ္တို႔မွာ ဂိုးသြင္းႏိုင္ဖို႔ အခြင့္အေရးေတြ အမ်ားႀကီးရခဲ့ေပမယ့္ အဲဒါကို ကြၽန္ေတာ္ တို႔ အသုံးမခ်ႏိုင္ခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ ဂိုးသြင္းယူႏိုင္ခဲ့ျခင္းမ်ိဳး မရွိခဲ့ပါဘူး" ဟု ေျပာခဲ့သည္။

လီဗာပူးလ္အသင္းသည္ ႏိုဝင္ဘာလ(၅)ရက္က လူတန္ေတာင္းအသင္းႏွင့္ကစားခဲ့ေသာ ပရီးမီးယားလိဂ္ပြဲတြင္ သေရက်ခဲ့ၿပီးေနာက္ သီတင္းပတ္တစ္ပတ္အတြင္း ေနာက္ထပ္စိတ္ပ်က္စရာ ရလဒ္မ်ားရွိခဲ့ေသာ္လည္း အသင္းကစားသမားမ်ားအေပၚ စိတ္ဆိုးေဒါသထြက္ျခင္းမ်ိဳးမရွိေၾကာင္း ယာဗင္ကေလာ့ က ေျပာခဲ့သည္။

ယာဗင္ကေလာ့ က "ကြၽန္ေတာ္ မစိုးရိမ္ပါဘူး။ ေနာက္ဆုံးမွာေတာ့ ကြၽန္ေတာ္တို႔ ပိုမိုေကာင္းမြန္လာၿပီး အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။ အဓိကျပႆနာကေတာ့ ကစားပြဲအတြင္းမွာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ ေတြကို ျပတ္ျပတ္သားသား လုပ္ဖို႔ပါပဲ။ ဒီလိုေပးခဲ့ရတဲ့ ဂိုးမ်ိဳးေတြ ထပ္ၿပီးေပးရေအာင္ ကြၽန္ေတာ္တို႔ ဘယ္ေတာ့မွ လုပ္မွာ မဟုတ္ပါဘူး" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.