ကလေးဝမြို့နယ်၌ အမျိုးသား(၆)ဦးနှင့် ကျောင်းဆရာမ(၄)ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

 1311

NP News - နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်တွင် ဒေသခံအမျိုးသား(၆)ဦးနှင့် ကျောင်းဆရာမ(၄)ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သော (နိုဝင်ဘာလ ၇ ရက်)၊ နံနက် ၁၀ နာရီတွင် ကလေးဝမြို့နယ်၊ မန်လုံကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာအတွင်းသို့ PDF အဖွဲ့ဝင်များက ရောက်ရှိလာပြီး ဒေသခံအမျိုးသား(၆)ဦးနှင့် အခြေခံ ပညာမူလတန်းကျောင်းမှ ကျောင်းဆရာမ(၄)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါဖမ်းဆီးခံရသူများအား ပြန်လည်လွတ်မြောက်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

လက်ရှိ နစကအစိုးရလက်ထက်တွင် ကျောင်းဆရာ၊ ဆရာမ ဦးရေ (၁၀၀)နီးပါး အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံထားရသည်။

အလားတူ အုပ်ချုပ်ရေးမှူး၊ နိုင်ငံ့ဝန်ထမ်းများအပါအဝင် အရပ်သားပြည်သူ (၆၀၀၀)ကျော်သည်လည်း အကြမ်းဖက်အဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံထားရသည်။

zawgyi version
ကေလးဝၿမိဳ႕နယ္၌ အမ်ိဳးသား(၆)ဦးႏွင့္ ေက်ာင္းဆရာမ(၄)ဦးကို PDF အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြား
NP News - ႏိုဝင္ဘာ ၁၁

စစ္ကိုင္းတိုင္း၊ ကေလးဝၿမိဳ႕နယ္တြင္ ေဒသခံအမ်ိဳးသား(၆)ဦးႏွင့္ ေက်ာင္းဆရာမ(၄)ဦးကို PDF အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ထံမွ သိရသည္။

ၿပီးခဲ့ေသာ (ႏိုဝင္ဘာလ ၇ ရက္)၊ နံနက္ ၁၀ နာရီတြင္ ကေလးဝၿမိဳ႕နယ္၊ မန္လုံေက်း႐ြာ၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာအတြင္းသို႔ PDF အဖြဲ႕ဝင္မ်ားက ေရာက္ရွိလာၿပီး ေဒသခံအမ်ိဳးသား(၆)ဦးႏွင့္ အေျခခံ ပညာမူလတန္းေက်ာင္းမွ ေက်ာင္းဆရာမ(၄)ဦးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အဆိုပါဖမ္းဆီးခံရသူမ်ားအား ျပန္လည္လြတ္ေျမာက္ေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

လက္ရွိ နစကအစိုးရလက္ထက္တြင္ ေက်ာင္းဆရာ၊ ဆရာမ ဦးေရ (၁၀၀)နီးပါး အၾကမ္းဖက္အဖြဲ႕၏ ဖမ္းဆီးသတ္ျဖတ္ျခင္းကိုခံထားရသည္။

အလားတူ အုပ္ခ်ဳပ္ေရးမႉး၊ ႏိုင္ငံ့ဝန္ထမ္းမ်ားအပါအဝင္ အရပ္သားျပည္သူ (၆၀၀၀)ေက်ာ္သည္လည္း အၾကမ္းဖက္အဖြဲ႕၏ သတ္ျဖတ္ျခင္းကို ခံထားရသည္။

Related news

© 2021. All rights reserved.