မြောက်ဥက္ကလာပမြို့နယ် ဥပဒေရုံးရှေ့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

1593
မြူနစ် (NP News) - နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ဥပဒေရုံးရှေ့၌ ဗုံးပေါက်ကွဲမှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်သည် ယမန်နေ့(နိုဝင်ဘာလ ၁၀ ရက်)၊ ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ သမာဓိလမ်းပေါ်ရှိ မြို့နယ်ဥပဒေရုံးရှေ့၌ ပထမအကြိမ်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်အား လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးစဉ် ပထမအကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သော နေရာနှင့် (၁၀)ပေခန့်အကွာ မြို့နယ်ဥပဒေရုံးရှေ့၌ပင် ဒုတိယအကြိမ် ထပ်မံပေါက်ကွဲခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကာလာပမြို့နယ် ဥပဒေရုံးရှေ့၌ ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်(၂)ခုသည် (၁၅)မိနစ်သာအချိန်ခြား၍ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းလည်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
သို့သော် ယင်းကဲ့သို့ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် ပစ္စည်းထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်းလည်း ၎င်းက ထပ်မံပြောသည်။
ထို့အတူ ယမန်နေ့ (နိုဝင်ဘာလ ၁ဝ ရက်) ညနေပိုင်းတွင်လည်း ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ၌ ရွှေဆိုင်ပိုင်ဆိုင်ရှင်အမျိုးသမီးတစ်ဦးကို အမျိုးသား(၃)က သေနတ်ဖြင့်ပစ်ခတ်ကာ ကျပ်သိန်းပေါင်းများစွာတန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို ဓါးပြတိုက်လုယက်မှုဖြစ်ပွားခဲ့သေးသည်။
zawgyi version
ေျမာက္ဥကၠလာပၿမိဳ႕နယ္ ဥပေဒ႐ုံးေရွ႕၌ ဗုံးေပါက္ကြဲမႈျဖစ္ပြား
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၁၁
ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ဥပေဒ႐ုံးေရွ႕၌ ဗုံးေပါက္ကြဲမႈ (၂)ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။
ဗုံးေပါက္ကြဲမႈျဖစ္စဥ္သည္ ယမန္ေန႔(ႏိုဝင္ဘာလ ၁၀ ရက္)၊ ည ၉ နာရီ ၁၅ မိနစ္အခ်ိန္တြင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ဆ)ရပ္ကြက္၊ သမာဓိလမ္းေပၚရွိ ၿမိဳ႕နယ္ဥပေဒ႐ုံးေရွ႕၌ ပထမအႀကိမ္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
အဆိုပါေပါက္ကြဲမႈျဖစ္စဥ္အား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးစဥ္ ပထမအႀကိမ္ေပါက္ကြဲမႈျဖစ္ပြားခဲ့ေသာ ေနရာႏွင့္ (၁၀)ေပခန႔္အကြာ ၿမိဳ႕နယ္ဥပေဒ႐ုံးေရွ႕၌ပင္ ဒုတိယအႀကိမ္ ထပ္မံေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
ေျမာက္ဥကၠာလာပၿမိဳ႕နယ္ ဥပေဒ႐ုံးေရွ႕၌ ျဖစ္ပြားခဲ့ေသာ ဗုံးေပါက္ကြဲမႈျဖစ္စဥ္(၂)ခုသည္ (၁၅)မိနစ္သာအခ်ိန္ျခား၍ ေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္းလည္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက ေျပာသည္။
သို႔ေသာ္ ယင္းကဲ့သို႔ဗုံးေပါက္ကြဲမႈျဖစ္စဥ္ေၾကာင့္ လူထိခိုက္ဒဏ္ရာရရွိမႈႏွင့္ ပစၥည္းထိခိုက္ပ်က္စီးမႈ မရွိခဲ့ေၾကာင္းလည္း ၎က ထပ္မံေျပာသည္။
ထို႔အတူ ယမန္ေန႔ (ႏိုဝင္ဘာလ ၁ဝ ရက္) ညေနပိုင္းတြင္လည္း ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ၌ ေ႐ႊဆိုင္ပိုင္ဆိုင္ရွင္အမ်ိဳးသမီးတစ္ဦးကို အမ်ိဳးသား(၃)က ေသနတ္ျဖင့္ပစ္ခတ္ကာ က်ပ္သိန္းေပါင္းမ်ားစြာတန္ဖိုးရွိ ေ႐ႊထည္ပစၥည္းမ်ားကို ဓါးျပတိုက္လုယက္မႈျဖစ္ပြားခဲ့ေသးသည္။