အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ဂူနမ်ပါဒေါင်ကုန်းဟာ ကမ္ဘာ့ရှေးအကျဆုံးပိရမစ် ဖြစ်လာနိုင်

 997

ရောင်နီ (NP News) - ‌နိုဝင်ဘာ ၁၂

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗား၊ ကျွန်းတစ်ခုပေါ်ရှိ တောင်ကုန်းတစ်ခုမှာ ပုန်းကွယ်နေတဲ့ ပိရမစ်တစ်ခုရှိနေပြီး ၎င်းဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ပိရမစ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း The Strait Time သတင်းဌာနမှ နိုဝင်ဘာလ ၁၁ ရက်မှာရေးသားထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အမျိုးသား သုတေသန နဲ့ တီထွင်ဆန်းသစ်မှုအေဂျင်စီမှ ဆက်စပ်စာရေးဆရာ ဒါနေဟေလ်မန်နာတာဝီဂျာဂျာ အပါအဝင် ရှေးဟောင်းသုတေသနပညာရှင်၊ ဘူမိရူပဗေဒပညာရှင်တွေနဲ့ ဘူမိဗေဒပညာရှင်တို့နဲ့ ဖွဲ့စည်းထားတဲ့ ဆက်စပ်အဖွဲ့တစ်ဖွဲ့မှ ဒီအကြောင်းကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ပါတယ်။

ဂူနမ်ပါဒေါင်ဟာ မြန်မာလို "ဉာဏ်အလင်းတောင်”လို့လည်းသိကြပြီး မီးငြိမ်းခါနီးဖြစ်တဲ့ မီးတောင်ထိပ်မှာ တည်ရှိပါတယ်။ ဒေသခံတွေရဲ့ အထွတ်အမြတ်ထားရာ နေရာလည်း ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ဂူနမ်ပါဒေါင်ကို အမျိုးသားယဉ်ကျေးမှုအမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ နှစ်များစွာအတွင်း တောင်ကုန်းရဲ့ သဘောသဘာဝနဲ့ပတ်သက်ပြီး ပညာရှင်တွေအကြား သဘောထား ကွဲလွဲမှုတွေရှိခဲ့ပါတယ်။ အချို့က ၎င်းဟာ လူလုပ်ပိရမစ်လို့ ဆိုကြသလို အချို့ကလည်း ၎င်းဟာ သဘာဝဘူမိဗေဒဖွဲ့စည်းမှုအရ ဖြစ်ပေါ်လာတဲ့ တောင်ကုန်းလို့ ဆိုကြပါတယ်။ ဒေါက်တာ နာတာဝစ်ဂျာဂျာနဲ့အဖွဲ့ဟာ ဂူနမ်ပါဒေါင်ရဲ့နေရာအများစုကို လူသားလက်နဲ့ ဖန်တီးထားတယ်ဆိုတာတွေ့ရှိခဲ့ပြီး အဆောက်အအုံကို နှစ်ထောင်ပေါင်းများစွာခြားကာ အဆင့်တွေနဲ့ တည်ဆောက်ထားတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ပါတယ်။

အဆောက်အဦးဟာ ဘီစီ ၁၄၀၀၀ နဲ့ ၂၅၀၀၀ အကြား တည်ဆောက်ထားတာဖြစ်ပြီး ဒါကြောင့် ဂူနမ်ပါဒေါင်ဟာ အနည်းဆုံး နှစ်ပေါင်း ၁၆၀၀၀ သက်တမ်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ပိရမစ်ဟာ ဘီစီ ၁၁၀၀ မှ ဘီစီ ၂၀၀၀ အတွင်းမှာ ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

ဂူနမ်ပါဒေါင် ကွင်းဆင်းစစ်တမ်းကို ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာ အဆုံးသတ်ခဲ့တာဖြစ်ကာ လေ့လာမှုမှာ တောင်ကုန်းရဲ့ ဗဟိုမှမြေနမူနာတွေကိုပါ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

zawgyi version
အင္ဒိုနီးရွားႏိုင္ငံမွာရွိတဲ့ ဂူနမ္ပါေဒါင္ကုန္းဟာ ကမာၻ႔ေရွးအက်ဆုံးပိရမစ္ ျဖစ္လာႏိုင္
ေရာင္နီ (NP News) - ‌ႏိုဝင္ဘာ ၁၂
အင္ဒိုနီးရွားႏိုင္ငံ အေနာက္ဂ်ာဗား၊ ကြၽန္းတစ္ခုေပၚရွိ ေတာင္ကုန္းတစ္ခုမွာ ပုန္းကြယ္ေနတဲ့ ပိရမစ္တစ္ခုရွိေနၿပီး ၎ဟာ ကမာၻ႔သက္တမ္းအရင့္ဆုံး ပိရမစ္ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းထားေၾကာင္း The Strait Time သတင္းဌာနမွ ႏိုဝင္ဘာလ ၁၁ ရက္မွာေရးသားထားပါတယ္။

အင္ဒိုနီးရွားႏိုင္ငံ အမ်ိဳးသား သုေတသန နဲ႔ တီထြင္ဆန္းသစ္မႈေအဂ်င္စီမွ ဆက္စပ္စာေရးဆရာ ဒါေနေဟလ္မန္နာတာဝီဂ်ာဂ်ာ အပါအဝင္ ေရွးေဟာင္းသုေတသနပညာရွင္၊ ဘူမိ႐ူပေဗဒပညာရွင္ေတြနဲ႔ ဘူမိေဗဒပညာရွင္တို႔နဲ႔ ဖြဲ႕စည္းထားတဲ့ ဆက္စပ္အဖြဲ႕တစ္ဖြဲ႕မွ ဒီအေၾကာင္းကို ထုတ္ေဖာ္ျပသခဲ့ျခင္း ျဖစ္ပါတယ္။

ဂူနမ္ပါေဒါင္ဟာ ျမန္မာလို "ဉာဏ္အလင္းေတာင္”လို႔လည္းသိၾကၿပီး မီးၿငိမ္းခါနီးျဖစ္တဲ့ မီးေတာင္ထိပ္မွာ တည္ရွိပါတယ္။ ေဒသခံေတြရဲ႕ အထြတ္အျမတ္ထားရာ ေနရာလည္း ျဖစ္ပါတယ္။ ၁၉၉၈ ခုႏွစ္မွာ ဂူနမ္ပါေဒါင္ကို အမ်ိဳးသားယဥ္ေက်းမႈအေမြအႏွစ္ေနရာအျဖစ္ သတ္မွတ္ခဲ့ပါတယ္။ ႏွစ္မ်ားစြာအတြင္း ေတာင္ကုန္းရဲ႕ သေဘာသဘာဝနဲ႔ပတ္သက္ၿပီး ပညာရွင္ေတြအၾကား သေဘာထား ကြဲလြဲမႈေတြရွိခဲ့ပါတယ္။ အခ်ိဳ႕က ၎ဟာ လူလုပ္ပိရမစ္လို႔ ဆိုၾကသလို အခ်ိဳ႕ကလည္း ၎ဟာ သဘာဝဘူမိေဗဒဖြဲ႕စည္းမႈအရ ျဖစ္ေပၚလာတဲ့ ေတာင္ကုန္းလို႔ ဆိုၾကပါတယ္။ ေဒါက္တာ နာတာဝစ္ဂ်ာဂ်ာနဲ႔အဖြဲ႕ဟာ ဂူနမ္ပါေဒါင္ရဲ႕ေနရာအမ်ားစုကို လူသားလက္နဲ႔ ဖန္တီးထားတယ္ဆိုတာေတြ႕ရွိခဲ့ၿပီး အေဆာက္အအုံကို ႏွစ္ေထာင္ေပါင္းမ်ားစြာျခားကာ အဆင့္ေတြနဲ႔ တည္ေဆာက္ထားတယ္ဆိုတဲ့ အေထာက္အထားေတြ ေတြ႕ရွိခဲ့ပါတယ္။

အေဆာက္အဦးဟာ ဘီစီ ၁၄၀၀၀ နဲ႔ ၂၅၀၀၀ အၾကား တည္ေဆာက္ထားတာျဖစ္ၿပီး ဒါေၾကာင့္ ဂူနမ္ပါေဒါင္ဟာ အနည္းဆုံး ႏွစ္ေပါင္း ၁၆၀၀၀ သက္တမ္းရွိမယ္လို႔ ခန႔္မွန္းထားပါတယ္။ ပိရမစ္ဟာ ဘီစီ ၁၁၀၀ မွ ဘီစီ ၂၀၀၀ အတြင္းမွာ ေဆာက္လုပ္ၿပီးစီးခဲ့တာျဖစ္တယ္လို႔ ေလ့လာမႈအရ သိရပါတယ္။

ဂူနမ္ပါေဒါင္ ကြင္းဆင္းစစ္တမ္းကို ၂၀၁၁ ခုႏွစ္ ေအာက္တိုဘာလမွာ စတင္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္ ေအာက္တိုဘာလမွာ အဆုံးသတ္ခဲ့တာျဖစ္ကာ ေလ့လာမႈမွာ ေတာင္ကုန္းရဲ႕ ဗဟိုမွေျမနမူနာေတြကိုပါ စစ္ေဆးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.