ပုပ်ရဟန်းမင်းကြီး ရာထူး ကို ဆက်ခံနိုင်ဖွယ်ရှိသော ကာဒီနယ် ၁၅ ဦး စာရင်းတွင် မြန်မာနိုင်ငံမှ ချားစ် မောင်ဘို လည်း ပါဝင်

1652

သုတကျော် (NP News) – ဧပြီ ၂၂
ပုပ်ရဟန်းမင်းကြီး ရာထူး ကို ဆက်ခံနိုင်ဖွယ်ရှိသော ကာဒီနယ် ၁၅ ဦး စာရင်းတွင် မြန်မာနိုင်ငံမှ ချားစ် မောင်ဘို လည်း ပါဝင်နေကြောင်း နိုင်ငံတကာ မီဒီယာ အချို့ တွင် ဖော်ပြရေးသားထားသော အချက်အလက်များ အရ သိရသည်။
ပုပ်ရဟန်းမင်း ကွယ်လွန်ခြင်း သို့မဟုတ် ရာထူးမှ နှုတ်ထွက်ပါက ဗာတီကန်တွင် တရားဝင် ဝမ်းနည်းခြင်း ကာလ ကို စတင်ကာ Conclave ဟု ခေါ်သော လျှို့ဝှက် မဲစနစ် ဖြင့် ရွေးချယ်ကာ မဲအများဆုံး ရရှိသူသည် ပုပ်ရဟန်း မင်းကြီး ရာထူး ကို ဆက်ခံရမည် ဖြစ်သည်။
လက်ရှိ တွင် ပုပ်ရဟန်းမင်းကြီး ဖြစ်ရန် အတွက် ကာဒီနယ် ငါးပါး က ထိပ်တန်းတွင် ရေပန်းစားနေပြီး ယင်းစာရင်း တွင် မြန်မာနိုင်ငံမှ ကာဒီနယ် ချားလ်ဘို မပါဝင်သေးသော်လည်း ၁၅ ပါး စာရင်းတွင်မူ ပါဝင်နေခြင်း ဖြစ်သည်။
အေအက်ဖ်ပီ သတင်းတွင် ဖော်ပြချက်အရ အာရှ မှ ကာဒီနယ် ၂ ပါး အနက် ချားလ်ဘိုလည်း ပါဝင်နေခြင်း ဖြစ်ပြီး Federation of Asian Bishops' Conferences ၏ ဥက္ကဌ ဖြစ်သော ၎င်းသည် မြန်မာနိုင်ငံ အတွက် ပထမဆုံး နှင့် တစ်ဦးတည်းသော ကာဒီနယ် ဖြစ်ကြောင်း ဖော်ပြထားသည်။
၎င်းသည် ပဋိပက္ခများရှိနေသော မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးကို တောင်းဆိုခဲ့ကြောင်း စသည်ဖြင့်လည်း ဖော်ပြထားသည်။

Zawgyi Version:
ပုပ္ရဟန္းမင္းႀကီး ရာထူး ကို ဆက္ခံႏိုင္ဖြယ္ရွိေသာ ကာဒီနယ္ ၁၅ ဦး စာရင္းတြင္ ျမန္မာႏိုင္ငံမွ ခ်ားစ္ ေမာင္ဘို လည္း ပါဝင္
သုတေက်ာ္ (NP News) – ဧၿပီ ၂၂
ပုပ္ရဟန္းမင္းႀကီး ရာထူး ကို ဆက္ခံႏိုင္ဖြယ္ရွိေသာ ကာဒီနယ္ ၁၅ ဦး စာရင္းတြင္ ျမန္မာႏိုင္ငံမွ ခ်ားစ္ ေမာင္ဘို လည္း ပါဝင္ေနေၾကာင္း ႏိုင္ငံတကာ မီဒီယာ အခ်ိဳ႕ တြင္ ေဖာ္ျပေရးသားထားေသာ အခ်က္အလက္မ်ား အရ သိရသည္။
ပုပ္ရဟန္းမင္း ကြယ္လြန္ျခင္း သို႔မဟုတ္ ရာထူးမွ ႏႈတ္ထြက္ပါက ဗာတီကန္တြင္ တရားဝင္ ဝမ္းနည္းျခင္း ကာလ ကို စတင္ကာ Conclave ဟု ေခၚေသာ လွ်ိဳ႕ဝွက္ မဲစနစ္ ျဖင့္ ေ႐ြးခ်ယ္ကာ မဲအမ်ားဆုံး ရရွိသူသည္ ပုပ္ရဟန္း မင္းႀကီး ရာထူး ကို ဆက္ခံရမည္ ျဖစ္သည္။
လက္ရွိ တြင္ ပုပ္ရဟန္းမင္းႀကီး ျဖစ္ရန္ အတြက္ ကာဒီနယ္ ငါးပါး က ထိပ္တန္းတြင္ ေရပန္းစားေနၿပီး ယင္းစာရင္း တြင္ ျမန္မာႏိုင္ငံမွ ကာဒီနယ္ ခ်ားလ္ဘို မပါဝင္ေသးေသာ္လည္း ၁၅ ပါး စာရင္းတြင္မူ ပါဝင္ေနျခင္း ျဖစ္သည္။
ေအအက္ဖ္ပီ သတင္းတြင္ ေဖာ္ျပခ်က္အရ အာရွ မွ ကာဒီနယ္ ၂ ပါး အနက္ ခ်ားလ္ဘိုလည္း ပါဝင္ေနျခင္း ျဖစ္ၿပီး Federation of Asian Bishops' Conferences ၏ ဥကၠဌ ျဖစ္ေသာ ၎သည္ ျမန္မာႏိုင္ငံ အတြက္ ပထမဆုံး ႏွင့္ တစ္ဦးတည္းေသာ ကာဒီနယ္ ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
၎သည္ ပဋိပကၡမ်ားရွိေနေသာ ျမန္မာႏိုင္ငံတြင္ ေတြ႕ဆုံေဆြးေႏြးေရးႏွင့္ ျပန္လည္ရင္ၾကားေစ့ေရးကို ေတာင္းဆိုခဲ့ေၾကာင္း စသည္ျဖင့္လည္း ေဖာ္ျပထားသည္။