ကေတုမတီမြို့ဟောင်း၌ တောင်ငူခေတ်လက်ရာ ကြေးဆင်းတုနှစ်ဆူတွေ့ရှိ

839

စော ( NP News ) ဧပြီ- ၁၀
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် မင်းကြီး ညိုတည်ထောင်ခဲ့သည့် ကေတုမတီမြို့ဟောင်း၌ တောင်ငူ ခေတ်လက်ရာ ကြေးဆင်းတု ဘုရားရုပ်ပွား တော်နှစ်ဆူကိုတွေ့ရှိခဲ့ကြောင်း သမိုင်းသုတေသီ ဒေါက်တာမြသောင်းက NP News ကို ပြောသည်။
အဆိုပါ ကြေးဆင်းတုနှစ်ဆူကို မတ်လ (၂၉) ရက်က ကေတုမတီမြို့ဟောင်း၏ မြောက်ဘက်မြို့ရိုး ရှိ သရပါ တံခါးအနောက်ဘက်ပြအိုးအနီးတွင် ဦးခေါင်းတော်ပြတ်လျက်အနေအထားဖြင့် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကြည့်ရတာတော့ ပျက်စီးလို့စွန့်ပစ်ထားတဲ့ ပုံစံမျိုးပဲ။ အဲဒီနေရာမှာ ဘုရားတော့မရှိဘူး။ ခေါင်းတွေမပါလာ ဘူးလေ။ (၆) လက်မလောက်၊ ခေါင်းသာပါရင် (၇)လက်မလောက်ရှိမှာပေါ့။ ရေညှိ တွေလည်းတက်နေတယ်”ဟု ဒေါက်တာမြသောင်း ကပြောသည်။
အဆိုပါ ကြေးဆင်းတုများသည် တောင်ငူခေတ် လက်ရာဖြစ်ပြီး ခြေထောက်တစ်ဖက်နှင့်တစ်ဖက်ထပ်ထား သော ရိုးရိုးရုပ်ပွားတော်နှစ်ဆူသာဖြစ်ကြောင်း သိရသည်။
“ပြအိုးက အုတ်မြို့ရိုးကို ဖယ်လိုက်တယ်။ ဖယ်တယ်ဆိုတာ အင်္ဂလိပ်ခေတ်က သူတို့လမ်းတွေယူခင်း တာ၊ ခင်းတဲ့အခါကျတော့ အုတ်မရှိတဲ့အခါကျတော့ အထဲမှာ ဖို့ထားတဲ့မြေသားတွေက ပြိုကျပြီးတော့ တောင်ကုန်းကြီး တွေဖြစ်နေတာပေါ့။ ဆိုတော့ အုတ်ရိုးတွေပြန်ဖော်တဲ့အခါကျတော့ အဲဒါတွေကို တူးကြည့်ရတယ်လေ။ အဲဒီထဲကနေ တွေ့တာ”ဟု ၎င်းက ဆက်လက်ပြောသည်။ လက်ရှိတွင် ကြေးဆင်းတုနှစ်ဆူကို ဆေးကြောသန့်စင်ကာ မှတ်တမ်း ယူထားပြီး နောက်ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီးဌာနကိုအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြီးခဲ့သည့်တစ်လခန့်က အဆိုပါ မြို့ရိုး ဘက်တွင် တွေ့ရှိခဲ့သော ပန်းပုတွင်အသုံးပြုသည့် ပစ္စည်း ဆောက်၊ ဆူး (၁၂) ချောင်းကိုလည်း ရှေး ဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနကို အပ်ထားကြောင်း သိရသည်။
အဆိုပါ တောင်ငူကေတုမတီမြို့ဟောင်း တူးဖော်သုတေသနလုပ်ငန်းကို ဇန်နဝါရီလတွင် စတင်ဆောင်ရွက် ခဲ့ဖြစ်ပြီး တူးဖော်သုတေသနလုပ်ငန်းမှ ထွက်ပေါ်လာသော မြို့ရိုးများကိုလည်း ရှေးမူမပျက် မူလတန်ဖိုးအတိုင်း ထိန်း သိမ်းသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီး ဌာနမှညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက NP News သို့ ပြောကြားခဲ့ဖူးသည်။

Zawgyi Version:
ေကတုမတီၿမိဳ႕ေဟာင္း၌ ေတာင္ငူေခတ္လက္ရာ ေၾကးဆင္းတုႏွစ္ဆူေတြ႕ရွိ
ေစာ ( NP News ) ဧၿပီ- ၁၀
ပဲခူးတိုင္းေဒသႀကီး ေတာင္ငူၿမိဳ႕တြင္ မင္းႀကီး ညိဳတည္ေထာင္ခဲ့သည့္ ေကတုမတီၿမိဳ႕ေဟာင္း၌ ေတာင္ငူ ေခတ္လက္ရာ ေၾကးဆင္းတု ဘုရား႐ုပ္ပြား ေတာ္ႏွစ္ဆူကိုေတြ႕ရွိခဲ့ေၾကာင္း သမိုင္းသုေတသီ ေဒါက္တာျမေသာင္းက NP News ကို ေျပာသည္။
အဆိုပါ ေၾကးဆင္းတုႏွစ္ဆူကို မတ္လ (၂၉) ရက္က ေကတုမတီၿမိဳ႕ေဟာင္း၏ ေျမာက္ဘက္ၿမိဳ႕႐ိုး ရွိ သရပါ တံခါးအေနာက္ဘက္ျပအိုးအနီးတြင္ ဦးေခါင္းေတာ္ျပတ္လ်က္အေနအထားျဖင့္ ေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ၾကည့္ရတာေတာ့ ပ်က္စီးလို႔စြန႔္ပစ္ထားတဲ့ ပုံစံမ်ိဳးပဲ။ အဲဒီေနရာမွာ ဘုရားေတာ့မရွိဘူး။ ေခါင္းေတြမပါလာ ဘူးေလ။ (၆) လက္မေလာက္၊ ေခါင္းသာပါရင္ (၇)လက္မေလာက္ရွိမွာေပါ့။ ေရညႇိ ေတြလည္းတက္ေနတယ္”ဟု ေဒါက္တာျမေသာင္း ကေျပာသည္။
အဆိုပါ ေၾကးဆင္းတုမ်ားသည္ ေတာင္ငူေခတ္ လက္ရာျဖစ္ၿပီး ေျခေထာက္တစ္ဖက္ႏွင့္တစ္ဖက္ထပ္ထား ေသာ ႐ိုး႐ိုး႐ုပ္ပြားေတာ္ႏွစ္ဆူသာျဖစ္ေၾကာင္း သိရသည္။
“ျပအိုးက အုတ္ၿမိဳ႕႐ိုးကို ဖယ္လိုက္တယ္။ ဖယ္တယ္ဆိုတာ အဂၤလိပ္ေခတ္က သူတို႔လမ္းေတြယူခင္း တာ၊ ခင္းတဲ့အခါက်ေတာ့ အုတ္မရွိတဲ့အခါက်ေတာ့ အထဲမွာ ဖို႔ထားတဲ့ေျမသားေတြက ၿပိဳက်ၿပီးေတာ့ ေတာင္ကုန္းႀကီး ေတြျဖစ္ေနတာေပါ့။ ဆိုေတာ့ အုတ္႐ိုးေတြျပန္ေဖာ္တဲ့အခါက်ေတာ့ အဲဒါေတြကို တူးၾကည့္ရတယ္ေလ။ အဲဒီထဲကေန ေတြ႕တာ”ဟု ၎က ဆက္လက္ေျပာသည္။ လက္ရွိတြင္ ေၾကးဆင္းတုႏွစ္ဆူကို ေဆးေၾကာသန႔္စင္ကာ မွတ္တမ္း ယူထားၿပီး ေနာက္ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပ တိုက္ဦးစီးဌာနကိုအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ၿပီးခဲ့သည့္တစ္လခန႔္က အဆိုပါ ၿမိဳ႕႐ိုး ဘက္တြင္ ေတြ႕ရွိခဲ့ေသာ ပန္းပုတြင္အသုံးျပဳသည့္ ပစၥည္း ေဆာက္၊ ဆူး (၁၂) ေခ်ာင္းကိုလည္း ေရွး ေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနကို အပ္ထားေၾကာင္း သိရသည္။
အဆိုပါ ေတာင္ငူေကတုမတီၿမိဳ႕ေဟာင္း တူးေဖာ္သုေတသနလုပ္ငန္းကို ဇန္နဝါရီလတြင္ စတင္ေဆာင္႐ြက္ ခဲ့ျဖစ္ၿပီး တူးေဖာ္သုေတသနလုပ္ငန္းမွ ထြက္ေပၚလာေသာ ၿမိဳ႕႐ိုးမ်ားကိုလည္း ေရွးမူမပ်က္ မူလတန္ဖိုးအတိုင္း ထိန္း သိမ္းသြားမည္ျဖစ္ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီး ဌာနမွၫႊန္ၾကားေရးမႉး ဦးေက်ာ္မ်ိဳးဝင္းက NP News သို႔ ေျပာၾကားခဲ့ဖူးသည္။