မြောက်ကိုရီးယားက စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို သီတင်းပတ်တစ်ပတ်အတွင်း လွှတ်တင်နိုင်ဖွယ်ရှိနေကြောင်း တောင်ကိုရီးယားစစ်ဘက်ပြော

 794

Pika (NP News) - နိုဝင်ဘာ ၁၉

မြောက်ကိုရီးယားသည် ၎င်း၏ စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို သီတင်းပတ်(၁)ပတ်အတွင်း (သို့မဟုတ်) အဆိုပါ အချိန်ထက်စောကာ လွှတ်တင်နိုင်ဖွယ်ရှိနေကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး Shin Won-sik က ထုတ်ဖော်ပြောခဲ့သည်။

တောင်ကိုရီးယားသည် လာမည့် နိုဝင်ဘာလ(၃ဝ)ရက်တွင် ၎င်း၏ထောက်လှမ်းရေးဂြိုလ်တုကို Falcon 9 ဒုံးပျံ ယာဉ်နှင့်အတူ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Vandenberg Space Force အခြေစိုက်စခန်းမှ လွှတ်တင်ခြင်းမပြုမီ မြောက်ကိုရီးယားက ၎င်း၏ စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို လွှတ်တင်နိုင်ဖွယ်ရှိနေကြောင်း Shin Won-sik က ပြောခဲ့သည်။

၎င်းက "တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မြောက်ကိုရီးယားရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပါတယ်။ မြောက်ကိုရီးယားဟာ သူတို့ရဲ့စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို လွှတ်တင်ဖို့ ပြင်ဆင်နေပြီး အဲဒါက သီတင်းပတ် (၁)ပတ်အတွင်း ဒါမှမဟုတ် အဲဒါထက်စောပြီး ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်" ဟု ပြောခဲ့သည်။

ထို့အပြင် မြောက်ကိုရီးယားသည် ရုရှား၏ အကူအညီဖြင့် အင်ဂျင်ပြဿနာများကို ဖြေရှင်းလုနီးပါးဖြစ်နေပြီဟု ယုံကြည်ကြောင်း Shin Won-sik က ပြောခဲ့သည်။ မြောက်ကိုရီးယားသည် ၎င်း၏ စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို ပတ်လမ်းကြောင်းထဲသို့ လွှတ်တင်ရန် ပြီးခဲ့သည့်မေလ နှင့် ဩဂုတ်လတို့တွင် နှစ်ကြိမ် ကြိုးပမ်းခဲ့ဖူးကြောင်း သိရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိတ်ဆို့အရေးယူမှု ဆုံးဖြတ်ချက်များအရ မြောက်ကိုရီးယားနိုင်ငံကို ပဲ့ထိန်း ဒုံးကျည်နည်းပညာ အသုံးပြုခြင်းမှ တားမြစ်ထားကြောင်းလည်း သိရသည်။ Shin Won-sik က "စစ်ဘက်သုံး စပိုင်ဂြိုလ်တုတွေဟာ မြောက်ကိုရီးယားရဲ့ထောက်လှမ်းရေးစွမ်းရည်ကို သိသိသာသာမြှင့်တင်ပေးနိုင်တဲ့အတွက် အမေရိကန်နိုင်ငံကလည်း အနီးကပ်စောင့်ကြည့်နေပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
ေျမာက္ကိုရီးယားက စစ္ဘက္သုံးစပိုင္ၿဂိဳလ္တုကို သီတင္းပတ္တစ္ပတ္အတြင္း လႊတ္တင္ႏိုင္ဖြယ္ရွိေနေၾကာင္း ေတာင္ကိုရီးယားစစ္ဘက္ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၁၉

ေျမာက္ကိုရီးယားသည္ ၎၏ စစ္ဘက္သုံးစပိုင္ၿဂိဳလ္တုကို သီတင္းပတ္(၁)ပတ္အတြင္း (သို႔မဟုတ္) အဆိုပါ အခ်ိန္ထက္ေစာကာ လႊတ္တင္ႏိုင္ဖြယ္ရွိေနေၾကာင္း ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီး Shin Won-sik က ထုတ္ေဖာ္ေျပာခဲ့သည္။

ေတာင္ကိုရီးယားသည္ လာမည့္ ႏိုဝင္ဘာလ(၃ဝ)ရက္တြင္ ၎၏ေထာက္လွမ္းေရးၿဂိဳလ္တုကို Falcon 9 ဒုံးပ်ံ ယာဥ္ႏွင့္အတူ ကယ္လီဖိုးနီးယားျပည္နယ္ရွိ Vandenberg Space Force အေျခစိုက္စခန္းမွ လႊတ္တင္ျခင္းမျပဳမီ ေျမာက္ကိုရီးယားက ၎၏ စစ္ဘက္သုံးစပိုင္ၿဂိဳလ္တုကို လႊတ္တင္ႏိုင္ဖြယ္ရွိေနေၾကာင္း Shin Won-sik က ေျပာခဲ့သည္။

၎က "ေတာင္ကိုရီးယားနဲ႔ အေမရိကန္တို႔ဟာ ေျမာက္ကိုရီးယားရဲ႕လႈပ္ရွားမႈေတြကို ေစာင့္ၾကည့္ေနပါတယ္။ ေျမာက္ကိုရီးယားဟာ သူတို႔ရဲ႕စစ္ဘက္သုံးစပိုင္ၿဂိဳလ္တုကို လႊတ္တင္ဖို႔ ျပင္ဆင္ေနၿပီး အဲဒါက သီတင္းပတ္ (၁)ပတ္အတြင္း ဒါမွမဟုတ္ အဲဒါထက္ေစာၿပီး ျဖစ္လာႏိုင္ဖြယ္ရွိေနပါတယ္" ဟု ေျပာခဲ့သည္။

ထို႔အျပင္ ေျမာက္ကိုရီးယားသည္ ႐ုရွား၏ အကူအညီျဖင့္ အင္ဂ်င္ျပႆနာမ်ားကို ေျဖရွင္းလုနီးပါးျဖစ္ေနၿပီဟု ယုံၾကည္ေၾကာင္း Shin Won-sik က ေျပာခဲ့သည္။ ေျမာက္ကိုရီးယားသည္ ၎၏ စစ္ဘက္သုံးစပိုင္ၿဂိဳလ္တုကို ပတ္လမ္းေၾကာင္းထဲသို႔ လႊတ္တင္ရန္ ၿပီးခဲ့သည့္ေမလ ႏွင့္ ဩဂုတ္လတို႔တြင္ ႏွစ္ႀကိမ္ ႀကိဳးပမ္းခဲ့ဖူးေၾကာင္း သိရသည္။

ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ ပိတ္ဆို႔အေရးယူမႈ ဆုံးျဖတ္ခ်က္မ်ားအရ ေျမာက္ကိုရီးယားႏိုင္ငံကို ပဲ့ထိန္း ဒုံးက်ည္နည္းပညာ အသုံးျပဳျခင္းမွ တားျမစ္ထားေၾကာင္းလည္း သိရသည္။ Shin Won-sik က "စစ္ဘက္သုံး စပိုင္ၿဂိဳလ္တုေတြဟာ ေျမာက္ကိုရီးယားရဲ႕ေထာက္လွမ္းေရးစြမ္းရည္ကို သိသိသာသာျမႇင့္တင္ေပးႏိုင္တဲ့အတြက္ အေမရိကန္ႏိုင္ငံကလည္း အနီးကပ္ေစာင့္ၾကည့္ေနပါတယ္" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.