လင်မယား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ၎င်းတို့နေထိုင်ရာ တဲနှင့်အတူ မီးရှို့သတ်ဖြတ်မှု သရက်ချောင်းမြို့နယ်၌ဖြစ်ပွား

 3452

NP News - နိုဝင်ဘာ ၂၀

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် လင်မယား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ၎င်းတို့နေထိုင်ရာတဲနှင့်အတူ မီးရှို့သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော နိုဝင်ဘာလ ၁၆ ရက်၊ ည ၈နာရီခွဲအချိန်က သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာအနီးရှိ ဥယျာဉ်ခြံစောင့်တဲတစ်ခုတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆင်ကူးကျေးရွာနေ ဦးသိန်းထွန်း(၆၂)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဖြူဖြူသန်း(၅၇)နှစ်တို့သည် အဆိုပါကျေးရွာအနီးရှိ ဥယျာဉ်ခြံစောင့်တဲ၌ ရှိနေစဉ် PDF အဖွဲ့ဝင် (၂၀)ဦးခန့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်သတ်ကာ ခြံစောင့်တဲအား မီးရှို့ဖျက်ဆီးသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်သတ်ခံရမှု နှင့် တဲအတွင်းမီးလောင်ခံရမှုများကြောင့် ဦးသိန်းထွန်းနှင့် ဒေါ်ဖြူဖြူသန်းတို့လင်မယား(၂)ဦးတွင် ကျည်ထိမှန်ဒဏ်ရာနှင့် မီးလောင်ကျွမ်းဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

zawgyi version
လင္မယား(၂)ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္ၿပီးေနာက္ ၎တို႔ေနထိုင္ရာ တဲႏွင့္အတူ မီးရႈိ႕သတ္ျဖတ္မႈ သရက္ေခ်ာင္းၿမိဳ႕နယ္၌ျဖစ္ပြား
NP News - ႏိုဝင္ဘာ ၂၀

တနသၤာရီတိုင္း၊ သရက္ေခ်ာင္းၿမိဳ႕နယ္တြင္ လင္မယား(၂)ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္ၿပီးေနာက္ ၎တို႔ေနထိုင္ရာတဲႏွင့္အတူ မီးရႈိ႕သတ္ျဖတ္မႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ ႏိုဝင္ဘာလ ၁၆ ရက္၊ ည ၈နာရီခြဲအခ်ိန္က သရက္ေခ်ာင္းၿမိဳ႕နယ္၊ ဆင္ကူးေက်း႐ြာအနီးရွိ ဥယ်ာဥ္ၿခံေစာင့္တဲတစ္ခုတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ဆင္ကူးေက်း႐ြာေန ဦးသိန္းထြန္း(၆၂)ႏွစ္ႏွင့္ ၎၏ဇနီးျဖစ္သူ ေဒၚျဖဴျဖဴသန္း(၅၇)ႏွစ္တို႔သည္ အဆိုပါေက်း႐ြာအနီးရွိ ဥယ်ာဥ္ၿခံေစာင့္တဲ၌ ရွိေနစဥ္ PDF အဖြဲ႕ဝင္ (၂၀)ဦးခန႔္ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ပစ္သတ္ကာ ၿခံေစာင့္တဲအား မီးရႈိ႕ဖ်က္ဆီးသြားခဲ့ၾကေၾကာင္း သိရသည္။

ထိုသို႔ ပစ္သတ္ခံရမႈ ႏွင့္ တဲအတြင္းမီးေလာင္ခံရမႈမ်ားေၾကာင့္ ဦးသိန္းထြန္းႏွင့္ ေဒၚျဖဴျဖဴသန္းတို႔လင္မယား(၂)ဦးတြင္ က်ည္ထိမွန္ဒဏ္ရာႏွင့္ မီးေလာင္ကြၽမ္းဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိေရးႏွင့္ ဥပေဒအရထိေရာက္စြာအေရးယူႏိုင္ေရးတို႔အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.