အစ္စရေးနဲ့ ယာယီအပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ နီးစပ်နေကြောင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ပြော

 813

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၁

ဟားမက်စ်လက်နက်ကိုင်အဖွဲ့အကြီးအကဲက အစ္စရေးပိုင်နက်အတွင်းကို ရော့ကတ်ဒုံးကျည်များနဲ့ ပစ်ခတ် တိုက်ခိုက်ခြင်းများ၊ ဂါဇာဒေသမှာ တိုက်ပွဲများဆက်လက်ဖြစ်ပွားခြင်းများ ဆက်လက်ရှိပေမယ့် အစ္စရေးနိုင်ငံနဲ့ စစ်ပြေငြိမ်းရေး သဘောတူညီမှုစာချုပ်ချုပ်ဆိုနိုင်ရေး နီးစပ်နေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ကြားဖြစ်ပွားနေတဲ့စစ်ပွဲအဆုံးသတ်ရေးအတွက် ကာတာနိုင်ငံက ကြားဝင် စေ့စပ်နေပြီး အစ္စရေးနဲ့ ဟားမက်စ်အုပ်စုတွေက အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး တုံ့ပြန်ထားကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံတို့ဟာ အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး သဘောတူညီမှုအသေးစိတ် အခြေအနေများကို ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိသေးပါဘူး။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း စစ်ပွဲ အပစ်ခတ်ရပ်စဲရေးအတွက် နီးစပ်နေတယ်လို့ ယုံကြည်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောခဲ့ပါတယ်။

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က အပစ်ခတ်ရပ်စဲရေးစာချုပ်ဟာ ဂါဇာဒေသမှာ ဖမ်းဆီးသူအချို့ ပြန်လွှတ်ပေးရမှာဖြစ်ပြီး အပြန်အလှန်အနေနဲ့ဂါဇာဒေသကို တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပေးပို့နိုင်ဖို့ လုပ်ဆောင်မှာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာကြက်ခြေနီအဖွဲ့ဖြစ်တဲ့ (ICRC) ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကာတာနိုင်ငံက တာဝန်ရှိသူများနဲ့တွေ့ဆုံ ဆွေးနွေးခဲ့ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး အစ္စရေးစစ်သားတွေ အပါအဝင် လူပေါင်း ၂၄ဝ ကို ပြန်ပေးဆွဲခဲ့ကြောင်း သိရပါတယ်။

အစ္စရေးဟာ ဟားမက်စ်ရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်မှုအဖြစ် ဂါဇာဒေသကို တိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေ အပါအဝင် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၁၃ဝဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။ ကာတာနိုင်ငံဟာ ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြား ယာယီအပစ်ခတ်ရပ်စဲရာမှာ ဟားမက်စ်အဖွဲ့က ဖမ်းဆီးထားသူ ၅ဝ ပြန်လွှတ်ပေးဖို့ နဲ့ အစ္စရေးက တိုက်ခိုက်မှုတွေကို သုံးရက်ကြာ ရပ်တန့်ရေးအချက်တွေ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

တိုက်ခိုက်မှုတွေရပ်တန့်ချိန်မှာ ဂါဇာဒေသရှိပြည်သူများကို လူသာချင်းဆိုင်ရာစာနာမှုအကူအညီများပေးသွားမှာဖြစ်ပါတယ်။

Zawgyi Version;
အစၥေရးနဲ႔ ယာယီအပစ္ခတ္ရပ္စဲေရး စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ဖို႔ နီးစပ္ေနေၾကာင္း ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၁

ဟားမက္စ္လက္နက္ကိုင္အဖြဲ႕အႀကီးအကဲက အစၥေရးပိုင္နက္အတြင္းကို ေရာ့ကတ္ဒုံးက်ည္မ်ားနဲ႔ ပစ္ခတ္ တိုက္ခိုက္ျခင္းမ်ား၊ ဂါဇာေဒသမွာ တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားျခင္းမ်ား ဆက္လက္ရွိေပမယ့္ အစၥေရးႏိုင္ငံနဲ႔ စစ္ေျပၿငိမ္းေရး သေဘာတူညီမႈစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ေရး နီးစပ္ေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ ၾကားျဖစ္ပြားေနတဲ့စစ္ပြဲအဆုံးသတ္ေရးအတြက္ ကာတာႏိုင္ငံက ၾကားဝင္ ေစ့စပ္ေနၿပီး အစၥေရးနဲ႔ ဟားမက္စ္အုပ္စုေတြက အပစ္ခတ္ရပ္စဲေရးနဲ႔ပတ္သက္ၿပီး တုံ႔ျပန္ထားေၾကာင္း သိရပါတယ္။

လက္ရွိအခ်ိန္မွာ ဟားမက္စ္နဲ႔ အစၥေရးႏိုင္ငံတို႔ဟာ အပစ္ခတ္ရပ္စဲေရးနဲ႔ပတ္သက္ၿပီး သေဘာတူညီမႈအေသးစိတ္ အေျခအေနမ်ားကို ထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳးမရွိေသးပါဘူး။ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ကလည္း စစ္ပြဲ အပစ္ခတ္ရပ္စဲေရးအတြက္ နီးစပ္ေနတယ္လို႔ ယုံၾကည္ေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေျပာခဲ့ပါတယ္။

အေမရိကန္အမ်ိဳးသားလုံၿခဳံေရးအႀကံေပးအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ဂြၽန္ကာဘိုင္က အပစ္ခတ္ရပ္စဲေရးစာခ်ဳပ္ဟာ ဂါဇာေဒသမွာ ဖမ္းဆီးသူအခ်ိဳ႕ ျပန္လႊတ္ေပးရမွာျဖစ္ၿပီး အျပန္အလွန္အေနနဲ႔ဂါဇာေဒသကို တိုက္ခိုက္မႈေတြကို ရပ္တန႔္ၿပီး လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ား ေပးပို႔ႏိုင္ဖို႔ လုပ္ေဆာင္မွာျဖစ္ေၾကာင္း သိရပါတယ္။

ႏိုင္ငံတကာၾကက္ေျခနီအဖြဲ႕ျဖစ္တဲ့ (ICRC) ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ကာတာႏိုင္ငံက တာဝန္ရွိသူမ်ားနဲ႔ေတြ႕ဆုံ ေဆြးေႏြးခဲ့ၿပီး လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးအတြက္ ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။ ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕ဟာ အစၥေရးႏိုင္ငံကို ေအာက္တိုဘာ ၇ ရက္က စတင္တိုက္ခိုက္ခဲ့ၿပီး အစၥေရးစစ္သားေတြ အပါအဝင္ လူေပါင္း ၂၄ဝ ကို ျပန္ေပးဆြဲခဲ့ေၾကာင္း သိရပါတယ္။

အစၥေရးဟာ ဟားမက္စ္ရဲ႕တိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္မႈအျဖစ္ ဂါဇာေဒသကို တိုက္ခိုက္ခဲ့ရာ ကေလးငယ္ေတြ အပါအဝင္ ပါလက္စတိုင္းလူမ်ိဳး အနည္းဆုံး ၁၃ဝဝဝ ေက်ာ္ ေသဆုံးထားေၾကာင္း သိရပါတယ္။ ကာတာႏိုင္ငံဟာ ဟားမက္စ္နဲ႔ အစၥေရးႏိုင္ငံၾကား ယာယီအပစ္ခတ္ရပ္စဲရာမွာ ဟားမက္စ္အဖြဲ႕က ဖမ္းဆီးထားသူ ၅ဝ ျပန္လႊတ္ေပးဖို႔ နဲ႔ အစၥေရးက တိုက္ခိုက္မႈေတြကို သုံးရက္ၾကာ ရပ္တန႔္ေရးအခ်က္ေတြ ပါဝင္မွာျဖစ္ေၾကာင္း သိရပါတယ္။

တိုက္ခိုက္မႈေတြရပ္တန႔္ခ်ိန္မွာ ဂါဇာေဒသရွိျပည္သူမ်ားကို လူသာခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ားေပးသြားမွာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.