ရန်ကုန်ရှိ ရွှေဆိုင်အချို့ လုံခြုံရေးအတွက် Guardian Link စနစ် တိုးချဲ့တပ်ဆင်မည်

 1902

Pearl (NP News) - ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်လုပ်ငန်းအချို့အနေဖြင့် လုံခြုံရေးအတွက် Guardian Link စနစ် တိုးချဲ့ တပ်ဆင်နိုင်ရန်ပြင်ဆင်နေကြောင်း ရွှေလုပ်ငန်းရှင်အသင်း၏ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
ရန်ကုန်ရှိ ရွှေဆိုင်လုပ်ငန်းရှင်အများစုသည် ပြီးခဲ့သည့် တစ်နှစ်ခန့်မှစတင်၍ ရွှေဆိုင် နှင့် ဘဏ်များလုံခြုံရေး အတွက် Guardian Link စနစ် အသုံးပြုကာ ပြစ်မှုကျူးလွန်သူများဖမ်းဆီးနိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ Guardian Link စနစ်တွင် တပ်ဆင်ထားသည့်စက်ကိရိယာအား သက်ဆိုင်ရာနယ်မြေရဲစခန်း များနှင့်ပါ ချိတ်ဆက်ထားပြီး လုယက်ဓားပြတိုက်မှုများဖြစ်ပေါ်ပါက ချက်ချင်းအကြောင်းကြားနိုင်မည်ဖြစ်ရာ အလျင်မြန်ဆုံး ဖမ်းဆီးအရေးယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်မှာက လုပ်နေတာကြာပြီ။ ဆိုင်မှာတစ်ခုခုဖြစ်ရင် အချက်ပြခလုတ်ကိုတီးလိုက်ရင် ရဲစခန်းမှာသွားမြည် တာပေါ့လေ။ ဒီဘက်မှာ လုပ်နေတာ တစ်နှစ်လောက်ဖြစ်ပြီ။ တချို့ကျ‌တော့လည်း ဆိုင်မှာလူနာတင်တဲ့ကားတွေ မှာ တပ်တဲ့ Alarm တွေပါ တပ်ထားတယ်။ ဆိုင်မှာတစ်ခုခုဖြစ်ရင် Alarm ကိုလည်း နှိပ်လိုက်တယ်။ ရဲစခန်းကိုသွား တဲ့ လိုင်းကိုလည်း နှိပ်တယ်။ အကုန်လုံးတော့ မတပ်ရသေးဘူး။ ထပ်တင်ထားတုန်း ရှိသေးတယ်။ အရင်တော်တော် များများကတော့ တပ်ပြီးပြီ” ဟု ရွှေလုပ်ငန်းရှင်အသင်း၏ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါ Guardian Link စနစ် အသုံးပြုနိုင်ရေးအတွက် ကုန်ကျစရိတ်အနေဖြင့် ယခင်က (၅)သိန်းခန့်ကျသင့်ခဲ့ပြီး ထွေအုပ်ရုံးကို ဆက်သွယ်စာရင်းပေးခြင်းဖြင့် ဆက်သွယ်ရေးတပ်မှ လာရောက်တပ်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရွှေဆိုင်လုပ်ငန်းရှင်များအနေဖြင့် Guardian Link စနစ် အသုံးပြုသင့်ကြောင်းလည်း ၎င်းက အကြံပြု ပြောကြားထားသည်။
‘ကုန်ကျစရိတ်က ပထမလုပ်တာတော့ (၅)သိန်းသွင်းရတယ်။ အထိုင်စက်တစ်လုံးလာချပေး တယ်။ ကျန်တာ တော့ လစဉ်ကြေးမရှိဘူး။ လစဉ်ကြေးက ရန်ကုန်မှာတော့ မပေးရဘူး။ (၅)သိန်းသွင်း ပြီးရင်အပြီး။ ပစ္စည်းတွေကျတော့ ဆက်သွယ်ရေးတပ်က လာချပေးတာ။ တပ်တာလည်း အခက်အခဲမရှိပါဘူး။ ထွေအုပ်ကိုပြောလိုက်တာပဲ။ ထွေအုပ် ကနေလာပြီးတော့ တပ်ပေးတာ။ စက်တပ်ထားတဲ့အတွက် အဟန့်အတားတစ်ခုတော့ဖြစ်ပါတယ်။ ဆိုင်အားလုံး တပ်သင့်ပါတယ်’ ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတွင် Guardian Link စနစ်ဖြင့် ပြစ်မှုကျူးလွန်သူ တရားခံများကို အချိန်မီ ဖမ်းဆီးနိုင်ရေးဆောင် ရွက်မည့်အစီအမံများ ရှင်းလင်းဆွေးနွေးပွဲကို ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့ပြီး မန္တလေးမြို့ ရှိ ရွှေဆိုင်နှင့်ဘဏ်များလုံခြုံရေးအတွက် Guardian Link စနစ် အသုံးပြု ကာ ပြစ်မှုကျူးလွန်သူများ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္ရွိ ေ႐ႊဆိုင္အခ်ိဳ႕ လုံၿခဳံေရးအတြက္ Guardian Link စနစ္ တိုးခ်ဲ႕တပ္ဆင္မည္
Pearl (NP News) - ဇြန္ ၁

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ေ႐ႊဆိုင္လုပ္ငန္းအခ်ိဳ႕အေနျဖင့္ လုံၿခဳံေရးအတြက္ Guardian Link စနစ္ တိုးခ်ဲ႕ တပ္ဆင္ႏိုင္ရန္ျပင္ဆင္ေနေၾကာင္း ေ႐ႊလုပ္ငန္းရွင္အသင္း၏ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ရန္ကုန္ရွိ ေ႐ႊဆိုင္လုပ္ငန္းရွင္အမ်ားစုသည္ ၿပီးခဲ့သည့္ တစ္ႏွစ္ခန႔္မွစတင္၍ ေ႐ႊဆိုင္ ႏွင့္ ဘဏ္မ်ားလုံၿခဳံေရး အတြက္ Guardian Link စနစ္ အသုံးျပဳကာ ျပစ္မႈက်ဴးလြန္သူမ်ားဖမ္းဆီးႏိုင္ေရး ေဆာင္႐ြက္ထားၿပီးျဖစ္ေၾကာင္း သိရသည္။ အဆိုပါ Guardian Link စနစ္တြင္ တပ္ဆင္ထားသည့္စက္ကိရိယာအား သက္ဆိုင္ရာနယ္ေျမရဲစခန္း မ်ားႏွင့္ပါ ခ်ိတ္ဆက္ထားၿပီး လုယက္ဓားျပတိုက္မႈမ်ားျဖစ္ေပၚပါက ခ်က္ခ်င္းအေၾကာင္းၾကားႏိုင္မည္ျဖစ္ရာ အလ်င္ျမန္ဆုံး ဖမ္းဆီးအေရးယူႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
“ရန္ကုန္မွာက လုပ္ေနတာၾကာၿပီ။ ဆိုင္မွာတစ္ခုခုျဖစ္ရင္ အခ်က္ျပခလုတ္ကိုတီးလိုက္ရင္ ရဲစခန္းမွာသြားျမည္ တာေပါ့ေလ။ ဒီဘက္မွာ လုပ္ေနတာ တစ္ႏွစ္ေလာက္ျဖစ္ၿပီ။ တခ်ိဳ႕က်‌ေတာ့လည္း ဆိုင္မွာလူနာတင္တဲ့ကားေတြ မွာ တပ္တဲ့ Alarm ေတြပါ တပ္ထားတယ္။ ဆိုင္မွာတစ္ခုခုျဖစ္ရင္ Alarm ကိုလည္း ႏွိပ္လိုက္တယ္။ ရဲစခန္းကိုသြား တဲ့ လိုင္းကိုလည္း ႏွိပ္တယ္။ အကုန္လုံးေတာ့ မတပ္ရေသးဘူး။ ထပ္တင္ထားတုန္း ရွိေသးတယ္။ အရင္ေတာ္ေတာ္ မ်ားမ်ားကေတာ့ တပ္ၿပီးၿပီ” ဟု ေ႐ႊလုပ္ငန္းရွင္အသင္း၏ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါ Guardian Link စနစ္ အသုံးျပဳႏိုင္ေရးအတြက္ ကုန္က်စရိတ္အေနျဖင့္ ယခင္က (၅)သိန္းခန႔္က်သင့္ခဲ့ၿပီး ေထြအုပ္႐ုံးကို ဆက္သြယ္စာရင္းေပးျခင္းျဖင့္ ဆက္သြယ္ေရးတပ္မွ လာေရာက္တပ္ဆင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ေ႐ႊဆိုင္လုပ္ငန္းရွင္မ်ားအေနျဖင့္ Guardian Link စနစ္ အသုံးျပဳသင့္ေၾကာင္းလည္း ၎က အႀကံျပဳ ေျပာၾကားထားသည္။
‘ကုန္က်စရိတ္က ပထမလုပ္တာေတာ့ (၅)သိန္းသြင္းရတယ္။ အထိုင္စက္တစ္လုံးလာခ်ေပး တယ္။ က်န္တာ ေတာ့ လစဥ္ေၾကးမရွိဘူး။ လစဥ္ေၾကးက ရန္ကုန္မွာေတာ့ မေပးရဘူး။ (၅)သိန္းသြင္း ၿပီးရင္အၿပီး။ ပစၥည္းေတြက်ေတာ့ ဆက္သြယ္ေရးတပ္က လာခ်ေပးတာ။ တပ္တာလည္း အခက္အခဲမရွိပါဘူး။ ေထြအုပ္ကိုေျပာလိုက္တာပဲ။ ေထြအုပ္ ကေနလာၿပီးေတာ့ တပ္ေပးတာ။ စက္တပ္ထားတဲ့အတြက္ အဟန႔္အတားတစ္ခုေတာ့ျဖစ္ပါတယ္။ ဆိုင္အားလုံး တပ္သင့္ပါတယ္’ ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။
မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးတြင္ Guardian Link စနစ္ျဖင့္ ျပစ္မႈက်ဴးလြန္သူ တရားခံမ်ားကို အခ်ိန္မီ ဖမ္းဆီးႏိုင္ေရးေဆာင္ ႐ြက္မည့္အစီအမံမ်ား ရွင္းလင္းေဆြးေႏြးပြဲကို ၿပီးခဲ့သည့္ရက္ပိုင္းက ျပဳလုပ္ခဲ့ၿပီး မႏၲေလးၿမိဳ႕ ရွိ ေ႐ႊဆိုင္ႏွင့္ဘဏ္မ်ားလုံၿခဳံေရးအတြက္ Guardian Link စနစ္ အသုံးျပဳ ကာ ျပစ္မႈက်ဴးလြန္သူမ်ား ဖမ္းဆီးႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.