အာဂျင်တီးနားနိုင်ငံအနေဖြင့် BRICS အဖွဲ့တွင် ပါဝင်မည်မဟုတ်ကြောင်း ရွေးကောက်ခံသမ္မတအသစ်ပြော

 697

Pika (NP News) - နိုဝင်ဘာ ၂၁

အာဂျင်တီးနားနိုင်ငံသည် လာမည့်နှစ် ဇန်နဝါရီလ(၁)ရက်တွင် BRICS အဖွဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လာရန် စီစဉ်ထားခြင်း မျိုးမရှိကြောင်း ရွေးကောက်ခံသမ္မတ Javier Milei ၏ အကြီးတန်းစီးပွားရေးအကြံပေး ဒိုင်ယာနာမွန်ဒီနိုက ပြောကြားခဲ့သည်။

အာဂျင်တီးနားအစိုးရသည် BRICS အဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ပြီးခဲ့သည့်ဩဂုတ်လတွင် အတည်ပြုခဲ့ခြင်း ဖြစ်ပြီး အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေးဗျ နှင့် ယူအေအီးတို့သည် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလတွင် BRICS အဖွဲ့တွင် ပါဝင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် BRICS အဖွဲ့မှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကတို့ ပါဝင်ကြောင်းလည်း သိရသည်။ ဒိုင်ယာနာမွန်ဒီနို က "BRICS အဖွဲ့နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ ဘာကြောင့် အရမ်းများနေတယ်ဆို တာကို ကျွန်တော်မသိပါဘူး။ BRICS အဖွဲ့မှာ ပါဝင်ခြင်းက အာဂျင်တီးနားကို အကျိုးအမြတ်ရစေမှာလား ဆိုတာ ကလည်း ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး" ဟု ပြောခဲ့သည်။

နိုဝင်ဘာလ(၁၉)ရက်တွင် ကျင်းပသော အာဂျင်တီးနားသမ္မတရွေးကောက်ပွဲတွင် စီးပွားရေးဝန်ကြီး Sergio Massa ကို အနိုင်ယူခဲ့သော Javier Milei သည် BRICS အဖွဲ့တွင် ပါဝင်ခြင်းမပြုရန် ယခင်တည်းက ဆန့်ကျင်ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အာဂျင်တီးနားနိုင်ငံအနေဖြင့် အမေရိကန်၊ အစ္စရေး တို့နှင့် စီးပွားရေးအရ ချိတ်ဆက်လုပ်ဆောင်ရန် စီစဉ်နေသော်လည်း တရုတ်၊ ဘရာဇီးတို့နှင့် စီးပွားရေးဆက်ဆံမှုများကို ထောက်ခံရန် သဘောမတူကြောင်း Javier Milei က ပြောဆိုခဲ့သည်။

၎င်းက "ကျွန်တော်ကွန်မြူနစ်တွေနဲ့ သဘောတူညီမှုတွေလုပ်ဖို့ တွန်းအားပေးမှာ မဟုတ်ပါဘူး၊၊ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ လွတ်လပ်စွာကုန်သွယ်မှု၊ လွတ်လပ်မှု နှင့် ဒီမိုကရေစီရဲ့အခြေခံသတ်မှတ်ချက်ဘောင်တွေကို မလေးစားကြလို့ပါပဲ။ အချို့နိုင်ငံတွေဟာ အဲဒီသတ်မှတ်ချက်တွေအတိုင်း လိုက်နာခြင်းမျိုးမရှိပါဘူး" ဟု ပြောခဲ့သည်။

BRICS အဖွဲ့တွင် ပါဝင်ခြင်းသည် အာဂျင်တီးနားနိုင်ငံအတွက် အခြေအနေအသစ်များကို ဖွင့်လှစ်ပေးနိုင်မည့် အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်ကြောင်း နှုတ်ထွက်သွားသော သမ္မတ Alberto Fernandez က ပြီးခဲ့သည့် ဩဂုတ်လတွင် ထုတ်ဖော်ပြောခဲ့သည်။

အာဂျင်တီးနားနိုင်ငံသည် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနှင့်ရင်ဆိုင်နေရပြီး ပြီးခဲ့သည့်နှစ် (၁)နှစ်အတွင်း ငွေကြေးဖောင်းပွမှုမှာ (၆ဝ)ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
အာဂ်င္တီးနားႏိုင္ငံအေနျဖင့္ BRICS အဖြဲ႕တြင္ ပါဝင္မည္မဟုတ္ေၾကာင္း ေ႐ြးေကာက္ခံသမၼတအသစ္ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂၁

အာဂ်င္တီးနားႏိုင္ငံသည္ လာမည့္ႏွစ္ ဇန္နဝါရီလ(၁)ရက္တြင္ BRICS အဖြဲ႕ အဖြဲ႕ဝင္ႏိုင္ငံျဖစ္လာရန္ စီစဥ္ထားျခင္း မ်ိဳးမရွိေၾကာင္း ေ႐ြးေကာက္ခံသမၼတ Javier Milei ၏ အႀကီးတန္းစီးပြားေရးအႀကံေပး ဒိုင္ယာနာမြန္ဒီႏိုက ေျပာၾကားခဲ့သည္။

အာဂ်င္တီးနားအစိုးရသည္ BRICS အဖြဲ႕တြင္ ပါဝင္ရန္ ဖိတ္ၾကားခ်က္ကို ၿပီးခဲ့သည့္ဩဂုတ္လတြင္ အတည္ျပဳခဲ့ျခင္း ျဖစ္ၿပီး အာဂ်င္တီးနား၊ အီဂ်စ္၊ အီသီယိုးပီးယား၊ အီရန္၊ ေဆာ္ဒီအာေရးဗ် ႏွင့္ ယူေအအီးတို႔သည္ ၂ဝ၂၄ ခုႏွစ္ ဇန္နဝါရီလတြင္ BRICS အဖြဲ႕တြင္ ပါဝင္ရန္ စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိအခ်ိန္တြင္ BRICS အဖြဲ႕မွာ ဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္ ႏွင့္ ေတာင္အာဖရိကတို႔ ပါဝင္ေၾကာင္းလည္း သိရသည္။ ဒိုင္ယာနာမြန္ဒီႏို က "BRICS အဖြဲ႕နဲ႔ပတ္သက္ၿပီး စိတ္ဝင္စားမႈေတြ ဘာေၾကာင့္ အရမ္းမ်ားေနတယ္ဆို တာကို ကြၽန္ေတာ္မသိပါဘူး။ BRICS အဖြဲ႕မွာ ပါဝင္ျခင္းက အာဂ်င္တီးနားကို အက်ိဳးအျမတ္ရေစမွာလား ဆိုတာ ကလည္း ရွင္းရွင္းလင္းလင္းမသိရွိရေသးပါဘူး" ဟု ေျပာခဲ့သည္။

ႏိုဝင္ဘာလ(၁၉)ရက္တြင္ က်င္းပေသာ အာဂ်င္တီးနားသမၼတေ႐ြးေကာက္ပြဲတြင္ စီးပြားေရးဝန္ႀကီး Sergio Massa ကို အႏိုင္ယူခဲ့ေသာ Javier Milei သည္ BRICS အဖြဲ႕တြင္ ပါဝင္ျခင္းမျပဳရန္ ယခင္တည္းက ဆန႔္က်င္ေျပာဆိုခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ အာဂ်င္တီးနားႏိုင္ငံအေနျဖင့္ အေမရိကန္၊ အစၥေရး တို႔ႏွင့္ စီးပြားေရးအရ ခ်ိတ္ဆက္လုပ္ေဆာင္ရန္ စီစဥ္ေနေသာ္လည္း တ႐ုတ္၊ ဘရာဇီးတို႔ႏွင့္ စီးပြားေရးဆက္ဆံမႈမ်ားကို ေထာက္ခံရန္ သေဘာမတူေၾကာင္း Javier Milei က ေျပာဆိုခဲ့သည္။

၎က "ကြၽန္ေတာ္ကြန္ျမဴနစ္ေတြနဲ႔ သေဘာတူညီမႈေတြလုပ္ဖို႔ တြန္းအားေပးမွာ မဟုတ္ပါဘူး၊၊ ဘာေၾကာင့္လဲ ဆိုေတာ့ သူတို႔ဟာ လြတ္လပ္စြာကုန္သြယ္မႈ၊ လြတ္လပ္မႈ ႏွင့္ ဒီမိုကေရစီရဲ႕အေျခခံသတ္မွတ္ခ်က္ေဘာင္ေတြကို မေလးစားၾကလို႔ပါပဲ။ အခ်ိဳ႕ႏိုင္ငံေတြဟာ အဲဒီသတ္မွတ္ခ်က္ေတြအတိုင္း လိုက္နာျခင္းမ်ိဳးမရွိပါဘူး" ဟု ေျပာခဲ့သည္။

BRICS အဖြဲ႕တြင္ ပါဝင္ျခင္းသည္ အာဂ်င္တီးနားႏိုင္ငံအတြက္ အေျခအေနအသစ္မ်ားကို ဖြင့္လွစ္ေပးႏိုင္မည့္ အခြင့္အလမ္းတစ္ခုအျဖစ္ ရႈျမင္ေၾကာင္း ႏႈတ္ထြက္သြားေသာ သမၼတ Alberto Fernandez က ၿပီးခဲ့သည့္ ဩဂုတ္လတြင္ ထုတ္ေဖာ္ေျပာခဲ့သည္။

အာဂ်င္တီးနားႏိုင္ငံသည္ ဆယ္စုႏွစ္မ်ားအတြင္း အဆိုး႐ြားဆုံး စီးပြားေရးအက်ပ္အတည္းႏွင့္ရင္ဆိုင္ေနရၿပီး ၿပီးခဲ့သည့္ႏွစ္ (၁)ႏွစ္အတြင္း ေငြေၾကးေဖာင္းပြမႈမွာ (၆ဝ)ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.