ပုဂံဒေသ၌ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု ယခင်နှစ်ထက် ပိုမိုများပြား

 1023

ယွန်း (NP News) - နိုဝင်ဘာ ၂၃

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၌ ပြည်တွင်း၊ ပြည်ပခရီးသွားဧည်သည့် လာရောက်လည်ပတ်မှု ယခင်နှစ်ထက် ပိုမိုများပြားကြောင်း ပုဂံရှေးဟောင်း သုတေသန ညွှန်ကြားရေးမှူးက ပြောသည်။

ယခုနှစ်(၂၀၂၃ ခုနှစ်)၌ ပုဂံဒေသအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားလာရောက်လည်ပတ်မှုသည် ယခင်နှစ်(၂၀၂၂ ခုနှစ်)ထက် သိသာစွာများပြားခဲ့ကြောင်း ၎င်းက သုံးသပ်ပြောကြားထားသည်။

“တန်ဆောင်တိုင်ကာလကျောင်းပိတ်ရက်တွေမှာ ပုဂံဒေသကို လာရောက်တဲ့သူများမှာ။ မနှစ်က ဒီလိုအချိန်မှာ ဧည့်သည်က ဒီလောက်မဝင်ဘူး၊ လည်ပတ်မှုနည်းတယ် ဧည့်သည်လည်းသိပ်မရှိဘူး။ ဒီနှစ်ကတော့ တဖြည်းဖြည်းများများလာတယ်။ လစဥ်ဝင်ရောက်တဲ့ခရီးသွားတွေဆိုရင်လည်း အရင်နှစ်ကထက်ပိုများလာတယ်”ဟု ညွှန်ကြားရေးမှူး ဦးမြင့်သန်းက NP News ကို ပြောသည်။

ပုဂံဒေသအတွင်း ပြည်ပခရီးသွား လာရောက်လည်ပတ်ရာတွင် ပုဂံဒေသ၏အလှကို ဝေဟင်မှကြည့်ရှုနိုင်သည့် မိုးပျံပူဖောင်းစီးနင်းမှုများကိုလည်း စိတ်ဝင်စားမှုရှိနေကြောင်း သိရသည်။

သို့သော် လက်ရှိကာလတွင် မိုးပျံပူဖောင်းကုမ္ပဏီများအနေဖြင့် ယခင်ကာလများထက် ပျံသန်းမှုလျော့နည်းလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

“မိုးပျံပူဖောင်းကိုလည်း စိတ်ဝင်စားမှုများကြပါတယ်။ ဒါပေမယ့်အရင်လောက်တော့ မပျံရဘူး။ ဧည့်သည်ပေါ်မူတည်ပြီး ပျံရတာဆိုတော့ အရင်လောက်တော့ အလုံးရေများများတော့ မပျံရဘူး။ စီးတဲ့သူတွေလည်းရှိနေပါတယ်”ဟု ဦးမြင့်သန်းက ပြောသည်။

လက်ရှိတွင် မိုးပျံပူဖောင်းကုမ္ပဏီသုံးခုမှ ဝန်ဆောင်မှုပေးလျက်ရှိပြီး ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများ အပြင် ဟိုတယ်များနှင့်ချိတ်ဆက်၍ ပြည်တွင်း၊ ပြည်ပခရီးသွားများကို မိုးပျံပူဖောင်းစီးနင်းနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ပုဂံဒေသ၌ ပြီးခဲ့သည့်သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်း တစ်ရက်လျှင် ဘုရားဖူး ငါးသောင်းကျော်မှ တစ်သိန်းခွဲကျော်အထိ လာရောက်လည်ပတ်ခဲ့ပြီး ယခုတန်ဆောင်တိုင်ကာလတွင်လည်း ခရီးသွားဧည့်သည်များပြားနိုင်ကြောင်း သုံးသပ်ပြောကြားထားသည်။

zawgyi version
ပုဂံေဒသ၌ ျပည္တြင္း၊ ျပည္ပခရီးသြားဧည့္သည္ လာေရာက္လည္ပတ္မႈ ယခင္ႏွစ္ထက္ ပိုမိုမ်ားျပား
ယြန္း (NP News) - ႏိုဝင္ဘာ ၂၃

ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမ၌ ျပည္တြင္း၊ ျပည္ပခရီးသြားဧည္သည့္ လာေရာက္လည္ပတ္မႈ ယခင္ႏွစ္ထက္ ပိုမိုမ်ားျပားေၾကာင္း ပုဂံေရွးေဟာင္း သုေတသန ၫႊန္ၾကားေရးမႉးက ေျပာသည္။

ယခုႏွစ္(၂၀၂၃ ခုႏွစ္)၌ ပုဂံေဒသအတြင္း ျပည္တြင္း၊ ျပည္ပခရီးသြားလာေရာက္လည္ပတ္မႈသည္ ယခင္ႏွစ္(၂၀၂၂ ခုႏွစ္)ထက္ သိသာစြာမ်ားျပားခဲ့ေၾကာင္း ၎က သုံးသပ္ေျပာၾကားထားသည္။

“တန္ေဆာင္တိုင္ကာလေက်ာင္းပိတ္ရက္ေတြမွာ ပုဂံေဒသကို လာေရာက္တဲ့သူမ်ားမွာ။ မႏွစ္က ဒီလိုအခ်ိန္မွာ ဧည့္သည္က ဒီေလာက္မဝင္ဘူး၊ လည္ပတ္မႈနည္းတယ္ ဧည့္သည္လည္းသိပ္မရွိဘူး။ ဒီႏွစ္ကေတာ့ တျဖည္းျဖည္းမ်ားမ်ားလာတယ္။ လစဥ္ဝင္ေရာက္တဲ့ခရီးသြားေတြဆိုရင္လည္း အရင္ႏွစ္ကထက္ပိုမ်ားလာတယ္”ဟု ၫႊန္ၾကားေရးမႉး ဦးျမင့္သန္းက NP News ကို ေျပာသည္။

ပုဂံေဒသအတြင္း ျပည္ပခရီးသြား လာေရာက္လည္ပတ္ရာတြင္ ပုဂံေဒသ၏အလွကို ေဝဟင္မွၾကည့္ရႈႏိုင္သည့္ မိုးပ်ံပူေဖာင္းစီးနင္းမႈမ်ားကိုလည္း စိတ္ဝင္စားမႈရွိေနေၾကာင္း သိရသည္။

သို႔ေသာ္ လက္ရွိကာလတြင္ မိုးပ်ံပူေဖာင္းကုမၸဏီမ်ားအေနျဖင့္ ယခင္ကာလမ်ားထက္ ပ်ံသန္းမႈေလ်ာ့နည္းလ်က္ရွိေၾကာင္း ၎ကဆက္လက္ေျပာသည္။

“မိုးပ်ံပူေဖာင္းကိုလည္း စိတ္ဝင္စားမႈမ်ားၾကပါတယ္။ ဒါေပမယ့္အရင္ေလာက္ေတာ့ မပ်ံရဘူး။ ဧည့္သည္ေပၚမူတည္ၿပီး ပ်ံရတာဆိုေတာ့ အရင္ေလာက္ေတာ့ အလုံးေရမ်ားမ်ားေတာ့ မပ်ံရဘူး။ စီးတဲ့သူေတြလည္းရွိေနပါတယ္”ဟု ဦးျမင့္သန္းက ေျပာသည္။

လက္ရွိတြင္ မိုးပ်ံပူေဖာင္းကုမၸဏီသုံးခုမွ ဝန္ေဆာင္မႈေပးလ်က္ရွိၿပီး ခရီးသြားဝန္ေဆာင္မႈကုမၸဏီမ်ား အျပင္ ဟိုတယ္မ်ားႏွင့္ခ်ိတ္ဆက္၍ ျပည္တြင္း၊ ျပည္ပခရီးသြားမ်ားကို မိုးပ်ံပူေဖာင္းစီးနင္းႏိုင္ရန္ ဝန္ေဆာင္မႈေပးလ်က္ရွိေၾကာင္း သိရသည္။

ပုဂံေဒသ၌ ၿပီးခဲ့သည့္သီတင္းကြၽတ္ ႐ုံးပိတ္ရက္ကာလအတြင္း တစ္ရက္လွ်င္ ဘုရားဖူး ငါးေသာင္းေက်ာ္မွ တစ္သိန္းခြဲေက်ာ္အထိ လာေရာက္လည္ပတ္ခဲ့ၿပီး ယခုတန္ေဆာင္တိုင္ကာလတြင္လည္း ခရီးသြားဧည့္သည္မ်ားျပားႏိုင္ေၾကာင္း သုံးသပ္ေျပာၾကားထားသည္။

Related news

© 2021. All rights reserved.