မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းများတင်သွင်းရန် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံဆွေးနွေး

 627

Pearl (NP News) - နိုဝင်ဘာ ၂၄

မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးဝါး နှင့် ဆေးပစ္စည်းများတင်သွင်းရန် ရုရှား နှင့် ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်၏ အချက် အလက်များအရသိရသည်။

ကုန်သည်စက်မှုအသင်းချုပ်၏ တာဝန်ရှိသူများနှင့် ရုရှားနိုင်ငံ၏ ကုန်သွယ်မှုကိုယ်စားလှယ်ဖြစ်သူ Mr. KAZADAEV Vladimir ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့ဝင်(၈)ဦးတို့သည် ယမန်နေ့ (နိုဝင်ဘာလ ၂၃ ရက်)တွင် အသင်းချုပ် အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

မြန်မာ-ရုရှား နှစ်နိုင်ငံ ကုန်သွယ်မှု နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်၊ နာမည်ရ ရုရှားစီးပွားရေးကုမ္ပဏီများနှင့် မြန်မာလုပ်ငန်းရှင်များ ချိတ်ဆက်နိုင်ရန် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။

တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံကြား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အထူးသဖြင့် ရောဂါဗေဒဆိုင်ရာလုပ်ငန်းများ၊ ခွဲစိတ်ကုသမှုအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းခြင်း ၊ စားသောက်ကုန်လုပ်ငန်းများနှင့် အခြားလုပ်ငန်းနယ်ပယ် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကုန်စည်ပြပွဲများမှတဆင့် ဈေးကွက်ရှာဖွေရန် နှစ်ဖက်လုပ်ငန်းရှင်များမှ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံ၏ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားအတြက္ ေဆးဝါးႏွင့္ ေဆးပစၥည္းမ်ားတင္သြင္းရန္ ႐ုရွားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရး ႏွစ္ႏိုင္ငံေဆြးေႏြး
Pearl (NP News) - ႏိုဝင္ဘာ ၂၄

ျမန္မာႏိုင္ငံ၏ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားအတြက္ ေဆးဝါး ႏွင့္ ေဆးပစၥည္းမ်ားတင္သြင္းရန္ ႐ုရွား ႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရး ႏွစ္ႏိုင္ငံေဆြးေႏြးခဲ့ေၾကာင္း ကုန္သည္စက္မႈအသင္းခ်ဳပ္၏ အခ်က္ အလက္မ်ားအရသိရသည္။

ကုန္သည္စက္မႈအသင္းခ်ဳပ္၏ တာဝန္ရွိသူမ်ားႏွင့္ ႐ုရွားႏိုင္ငံ၏ ကုန္သြယ္မႈကိုယ္စားလွယ္ျဖစ္သူ Mr. KAZADAEV Vladimir ဦးေဆာင္ေသာ စီးပြားေရးကိုယ္စားလွယ္အဖြဲ႕ဝင္(၈)ဦးတို႔သည္ ယမန္ေန႔ (ႏိုဝင္ဘာလ ၂၃ ရက္)တြင္ အသင္းခ်ဳပ္ အစည္းအေဝးခန္းမ၌ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ျမန္မာ-႐ုရွား ႏွစ္ႏိုင္ငံ ကုန္သြယ္မႈ ႏွင့္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္ရန္၊ နာမည္ရ ႐ုရွားစီးပြားေရးကုမၸဏီမ်ားႏွင့္ ျမန္မာလုပ္ငန္းရွင္မ်ား ခ်ိတ္ဆက္ႏိုင္ရန္ ေတြ႕ဆုံျခင္းျဖစ္ေၾကာင္း သိရသည္။

ေတြ႕ဆုံစဥ္ ျမန္မာ-႐ုရွား ႏွစ္ႏိုင္ငံၾကား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္း အထူးသျဖင့္ ေရာဂါေဗဒဆိုင္ရာလုပ္ငန္းမ်ား၊ ခြဲစိတ္ကုသမႈအတြက္ ေဆးဝါးႏွင့္ ေဆးပစၥည္းမ်ား တင္သြင္းျခင္း ၊ စားေသာက္ကုန္လုပ္ငန္းမ်ားႏွင့္ အျခားလုပ္ငန္းနယ္ပယ္ က႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ရန္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ကုန္စည္ျပပြဲမ်ားမွတဆင့္ ေဈးကြက္ရွာေဖြရန္ ႏွစ္ဖက္လုပ္ငန္းရွင္မ်ားမွ အျပန္အလွန္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.